Tuesday, July 12, 2016

လူဆိုးကို အားမကိုး လူမိုက်ကိုသာ အားကိုးလိုက်ချင်

ယနေ့ ဒီမိုကရေခရီးလမ်းကို လျှေက်လမ်းရာတွင် အဟန့်အတား အနှောက်ယှက်များ များစွာကြုံတွေ့နေ
ရသည်မှာ မျက်ဝါးထင်ထင်ရှုမြင် သုံးသပ်နိုင်ပါသည်။ စည်းကမ်း နည်းလမ်း ဥပဒေများ အားနေ ချိနဲ့နေဆဲ
ပင်ဖြစ်သည်။ မွေးကင်းစ  ဒီမိုကရေစီအတွက် အားဆေး အဟာရ တိုက်ကျွေးရန် အထူးပင် လိုအပ်လှပေ သည်။ နိုင်ငံတော်လျှေက်လှမ်းနေသော ဒီမိုကရေစီ အဓိပ္ပါယ်ကို နားလည်သူ နည်းပါးသလို ယုံကြည်သော သံဓိဌာန်စိတ် ဇွဲလုံးလဖြင့်ဆောင်ရွက်ရန်မှာ ယနေ့နိုင်ငံ့ ၀န်ထမ်းတို့၏ အခန်းကဏ္ဍ သည် အထူးပင်အရေး
ကြီးလှပေသည်။  အသိပညာကင်းမဲ့မှု၊ လူမှုရေးစိတ်ဓါတ်ပျက်ယွင်းမှု၊ စည်းကမ်း နည်းလမ်း နားမလည်မှု၊
တာဝန်သိ တာဝန်ရှိ စိတ်ဓါတ်ခေါင်းပါးမှု၊ လိုဘ မပြည့်သော တုန့်ပြန်မှု အ၀၀တို့သည် ဒီမိုကရေစီကို
အန်တု နေသည့်အလား ဖြစ်နေလေတော့၏။
မူဆယ်

No comments:

Post a Comment