Tuesday, July 12, 2016

ပြောင်းရဲဖို့ လိုသည်


ဆရာကြီးဦးတင်ဦး (ကျူရှင်) သည် ကျနော်တို့ အလယ်တန်း အထက်တန်း ကျောင်းသားဘ၀က
ကျနော်တို့၏ဆရာဖြစ်ခဲ့ဘူးပါသည်။ ဆရာ၏စာအုပ်များကိုဖတ်ရှုရပါသည်။ ဆရာ့ထံသွားရောက်
လည်ပတ်ကန်တော့သည့် အခါတိုင်း ဆရာ၏ စာအုပ်များကို  ကျနော့်အား အမှတ်တရ လက်ဆောင်
အဖြစ်ပေးပါသည်။ ဆရာရေးသားသောဆောင်းပါးများ မှာ ဆရာ၏ ဘ၀ကိုထင်ဟပ်နေသော ဆောင်းပါး
များ ဖြစ်သည်ကိုတွေ့ရပါသည်။  ဆရာသည် ဘ၀ကိုပြောင်းရဲသလို အမှန်တကယ်ပြောင်းခဲ့သူဖြစ်ပါသည်။
ဆရာ၏ ကျူရျင်ကို ငွေကြေးမတတ်နိုင်သည်က တစ်ကြောင်း ၊ အိမ်မှုကိစ္စ များလုပ်နေရ၍ မအားသည်က
တစ်ဖုံ ဖြစ်နေမှုကို သိနေသော ဆရာသည် သူ၏ကျူရှင်တွင် အခမဲ့ လာတက်ရန် ကမ်းလမ်းခဲ့ပါသည်။
ဆရာ၏ အင်္ဂလိပ်စာ ကျူရှင်ကို ဆယ်တန်းကျောင်းသားဘ၀တက်ခဲ့ဘူးပါသည်။ ကျနော့်ဘ၀ ဆရာက အခမဲ့ခေါ်သင်ပေး၍သာ ကျူရှင်ဆိုသော အတွေ့အကြုံ ကိုပြောဘူးနိုင်ရုံ ရှိခဲ့ပါသည်။
ဆရာသည် ဆိုးသည် ပေသည် ဒါပေသည့် ဆရာ စေတနာစိုးစဉ်းမျှ မမွှဲခဲ့တာကို ကျနော် ငယ်စဉ်ကပင်
သိပါသည်။ စေတနာရှေ့ထား အားပါပါ မာန်ပါပါ သင်ကြားမူယာအား ပြန်မြင်ယောင်မိပါသည်။ကျနော်
ဂါရ၀ပြုအပ်ပါပေသော ဆရာပင်ဖြစ်ပါတော့၏။

No comments:

Post a Comment