ဆေးလိပ်နဲ့ ကျနော်
![]() |
ဆေးလိပ်အ န္တရာယ် |
ဘာလို့ ဆေးလိပ်သောက်နေပါလည်း မေးရင် ပျင်းလိုပါ။ စတိုင်ပါ။ စမ်းကြည့်တာ။ အကျင့်ပါလို့ပါ။
မိတ်ဖြစ် ဆွေဖြစ် သောက်တာပါ။ ခံတွင်းချဉ်လို့ပါ။ ဘာညာ သာရကာ ထားလိုက်ပါတော့ဗျာ။
သောက်ပါများလာရင်တော့ ညအိပ်တဲ့အခါ ရင်တွေကြပ် ချွှဲတွေကြပ် သလိပ်ကပ် ဝေဒနာကို ကျနော်
မကြာခဏလိုလို ခံစားဘူးပါတယ်ဗျာ။ ဆေးလိပ်ကိုဖျက်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ဘူးပါတယ်။
အထိုက်အလျှောက်လည်း အောင်မြင်ခဲ့ဘူးပါတယ်။ ပထမတစ်ခေါက် ဆေးလိပ်ဖြတ်တော့ တစ်နှစ်ကြာပြတ်သွား ပါတယ်။ ဒုတိယ အကြိမ် ၆လ ကြာပြတ် ပါတယ်။ တတိယအကြိမ် တစ်ပါတ်မျှသာဖြတ် နိုင်ခဲ့ပါတယ်။ ပြန်သောက်မိ ခဲ့ပါတယ်။ လေစစ်( air cleander) သန့်ရှင်းရေးလုပ်သလိုပဲ။
ဆေးလိပ်ဖြတ်စဉ် ကာလမှာ မိမိဘေးမှ ဆေးလိပ် လာသောက်ရင် second smoker အဖြစ်ခံစား ရတာကို
မလိုလားပါဘူး။ ကိုယ်တိုင်သောက်ရတဲ့ အရသာနဲ့ ဆန့်ကျင်ဖက်ပါပဲ။ အဲဒီ ခံစားလိုက်ရတဲ့ အချိန် မှသာ
ပတ်ဝန်းကျင်ကို သတိထား မိပါတော့တယ်။ ဆေးလိပ်သောက်နေသူရဲ့ အနံ့ အသက်ဆိုးရွား မှု ကို သိသိ
သာသာကြီးသတိထား မိလာပါတယ်။ ဆေးလိပ်ကင်းစင်ဇုံတွေ ထားသင့်တာကို ကျနော်လုံးဝ လက်ခံလာ
ပါတယ်။ second smoker ဘ၀မျိုး ခံစားရတာ ကို ကိုယ်လည်းမခံစားနိုင်သလို သူတစ်ပါကိုလည်း မခံစားစေ
လိုပါဘူး။ ကျနော် ဆေးလိပ်ပြန်မသောက်မိအောင် ၀ိပသနာလေးမှတ်လို့ ဖြတ်နေဆဲ ကာလပါပဲ။
ဆေးလိပ်ဖြတ်ကာလမှာ ညတိုင်းမကြာခဏ လန့်နိုးတာမျိုး၊ တစ်ခုခုလိုနေသလိုမျိုး၊ အစာကိုမကြာခဏ
စားချင်တာမျိုး၊ ဖြစ်တတ်ပါတယ်။ ဒါတွေကတော့ ကျနော့် အတွက်မဆန်းတော့ပါဘူး။ ဆေးလိပ်ဖြတ်ခြင်း
အတွေ့ အကြုံ ရင့်ကျက်နေလို့ပါပဲ။ ကျနော့် တွက် ဂိမ်းစစ်ပွဲ ဆင်နွဲ နေသလို အပျင်းပြေ လေး စိတ်ကို
ပညာပေး လိုပဲ သဘောထားပါတယ်။ ဆေးလိပ်သောက်ခြင်းမှ ကင်းဝေးပါစေ။ ကျနော် ဆြာဘရိပါ။
No comments:
Post a Comment