ဟိုဂွင် ဒီဂွင် ဆိုတာတွေ ဧည့်စာရင်းတိုင်ကြားခ ဂွင်တွေ၊ ထောက်ခံစာဂွင် ရဲရဲတင်းတင်း မတောင်းရဲသော
သကာလ ဒီအစိုးရ လက်ထက် မှာ ကိုယ်ထူကိုယ်ထ ရန်ပုံငွေဆိုတာ ပေါ်ပေါက်လာပါပြီ ။ ဒါသတိထား
ရမဲ့ အချက်ပါပဲ။ အစိုးရကို လက်တွဲဖြုတ်မဲ့ လုပ်ကွက်လို့ တင်စားရမလိုဖြစ်နေပါပြီ။ ပြည်ထဲရေးက သိသင့်
သလောက်သိထားပါတယ်။ ကြီးကြပ်မှု ကင်းမဲ့စွာနဲ့ လွှတ်ပေးထားမယ်ဆိုတာ သိနေပါတယ်။ ယခင်အစိုးရ
၅နှစ်မှာ ရှိပြီးသားလမ်းတွေ ဆုတ်ပြတ်သွားတယ်။ အခွန်တွေတိုးကောက်တယ်။ ကိုယ်ထူ ကိုယ်ထ ထိုးထွက်
လာတယ်။ မျိုးချစ်ဆိုတဲ့ အဖွဲ့တွေ တိုးထွက်လာတယ်။ အာရုံပြောင်း တိုက်ကွက်တွေ မြင့်တက်လာခဲ့တယ်။
လာဒ်စားမှု လိုင်စင်တွေချပေးခဲ့တယ်။ မြေယာပြသာာနာတွေ ရှင်းမရအောင် အောက်အဖွဲ့တွေမွေးမြူခဲ့ကြ
ပါတယ်။ မွေးချင်သလိုမွေး အားတိုင်းယားတိုင်းမွေး ခဲ့ တဲ့ ပြည်သူ့စစ် စစ်သားလူထွက်တွေ ထိန်းချုပ်ရ ခက်လာတယ်။ ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေရဲ့ အသုံးပြုမှုတွေ ဖြစ်လာ အများအပြားပါပဲ။ ဒီနေ့ ကိုရင်လူ
ထွက်ငပိချက်တွေ သင်ယူတတ်မြောက်ခဲ့တဲ့ အသက်မွေးဝမ်းကြောင်း အဓိကမေဂျာဟာ လူသတ် ပညာဆိုတော့ အသက်ကို သတ်ဖို့ ဘ၀ကိုယ်သတ်ဖို့ နာမည်ကိုသတ်ဖို့ တွေဖြစ်လာတော့ ကိုယ့်ပဲ
နှစ်နာလာတယ်။ စစ်တပ်က မြေသိမ်းယာသိမ်း သာပြောတယ် စစ်သားလူထွက်အတွက် မြေပဲကြီးစေ့
မျှတောင် မပိုင်ဆိုင်ပါဘူး။ စစ်မှုထမ်းဟောင်းမြေနေရာတွေကိုလည်း ဗိုလ်ချုပ်ကြီးဟောင်းတွေရောင်းစား
သွားတယ်။ အများနျှင့်သက်ဆိုင်သော မြေတွေကိုတော့ မယက၊ ခယက အဆက်ဆက်ရောင်းစားခဲ့တယ်။
လမ်းမြေတောင်မှ အလွတ်မပေးပါဘူး။ ခေတ်ဆိုးစနစ်ဆိုးကြောင့် အမေကျော် ဒွေးတော်လွန်း လို့ ကိုလိုနီ
ထက်ဆိုးဖြစ်လာတယ်။ ဒါကြောင့် အခြားနိုင်ငံလာအုပ်ချုပ်ရင်တောင် ဒီလောက်မဆိုးဘူး လို့ ယူဆလာတယ်
အချို့က အာဏာရှင်ကိုလက်ခံတယ်။ စည်းကမ်းမဲ့ အာဏာရှင် အမျှော်အမြင်မရှိ အာဏာရှင်ကို လက်မခံချင်
တော့ဘူး။ စည်းပျက်ကမ်းပျက် ဥပဒေကို သူ့လက်ကိုင်ဒုတ်က သရော်သလိုလို လုပ်တယ်။
မြေပြသာာနာတွေ များများဖြစ်လေ မြေစာရင်းအဖွဲ့ တွေချမ်းသာလေလေဖြစ်ခဲ့တယ်။ မြေစာရင်း ကိုင်တွေ
မှာ မြေပုံ အမျိုးမျိုး လုပ်ထားပါတယ်။ မြေပုံ တစ်ခုနဲ့တစ်ခု မတူပါဘူး။ မြေပုံအတုတွေနဲ့ ဟောက်စား လုပ်
ကြပါတယ်။ အဘ တို့ကိုတင်ပြတဲ့ မြေပုံမှာ မြေလွှတ်မြေရိုင်း အမှန်က ကွက်စိတ်ရောင်းတွေပါပဲ။
မြေပုံ ကျွမ်းပါတယ်ဆိုတဲ့ အဘတွေ လည်ပတ် ထွက်သွားအောင်ရှင်းပြခဲ့တယ်။ ရေကူးကျွမ်းကျင်သူ ရေနဲ့
သေသလို မြေပုံကျွမ်းကျင်တဲ့ အဘတွေ မြေပုံနဲ့ နာမည်ပျက်ခဲ့ရတယ်။ မြေစာရင်း အလုပ်မလုပ်တာရယ်။
ကြောက်တတ်တာရယ်။ ပြီးသလွယ်လုပ်တာတွေလည်း ပါခဲ့ပါတယ်။ မြေပြသာာနာက ဘယ်ကစလဲ။
မြေစာရင်းရုံးကစပါတယ်။ အခုထိ အကျင့်တွေမပြင်သေးပါဘူး။ မြေစာရင်း ဌာနကို တိတိကျကျ မစစ်ဆေး
နိုင်သရွေ့ ပြသာာနာသောင်းခြောက်ထောင် ဆက်ဖြစ်နေမှာပါ။ အစွယ်ထွက်နေသော ဘီလူး လိုဖြစ်နေပြီ။
စာရင်းမရှိ အင်းမရှိ။ ရှိနေသော စာရင်းအတု ---------
အကျင့်ပျက် ခြစားထားမှု ကို ပြင်မရ။ လဲပစ်ရန်သာ ရှိပေတော့မည် ဖြစ်ကြောင်း အပြုသဘောဆောင်
တင်ပြအပ်ပေသည်။
No comments:
Post a Comment