Saturday, July 16, 2016

အာဏာရှင် ဆိုတာ ဖစ်တီး တူ ဖစ်တီး ပဲ(50 to 50)

နိုင်ငံရေး သမား ဆိုတာ စေတနာ ၀န်ထမ်းပါပဲ။ နိုင်ငံရေးသမားကောင်း တစ်ယောက်ဟာလည်း  အာဏာ
ငွေကြေး ကြောင့် နိုင်ငံရေး ကနေ အာဏာရေးသမား ဖြစ်သွားတတ်ပါတယ်။ အာဏာ ငွေကြေး ယစ်မူးသွား
ပြီ ဆိုရင်တော့ ရွေးချယ်ရေး လမ်းလွဲ သွားတတ်ပါတယ်။ ဒါကလည်း နိုင်ငံရေး အမြင်သမား တစ်ယောက်
အနေနဲ့ မြင်တဲ့ အမြင်သဘောပါပဲ။ တပ်မတော်ဟာ သန္ဓေတည် ပေါက်ဖွား ပေးလိုက်တာကတော့ နိုင်ငံရေး
သမားကောင်း စိတ်ဓါတ်ပါ ပဲ။ အာဏာနဲ့ ငွေကြေး ကြောင့်သာလျှင် အာဏာရှင်တစ်စုဆိုတာ ဖြစ်ပေါ်လာ
ခဲ့တာပါပဲ။ ဒါကြောင့် အာဏာသိမ်းမှုတွေကို လက်ခံသင့်တဲ့ အတိုင်းအတာ တစ်ရပ်ဆိုတာရှိလာရ မြဲပါပဲ။
အာဏာသိမ်းခြင်း ဆိုရာဝယ် အာဏာကို ဆုတ်ကိုင်လိုသောကြောင့် အာဏာသိမ်းတာလည်း ရှိတာပါပဲ။
အာဏာသိမ်းမှုတွေမှာ အကြောင်းအကျိုး ညီညွတ်ချိန်မှာသာ အာဏာသိမ်းတတ်ပါတယ်။ အာဏာရှင်
တွေဟာ လူထုတစ်ရပ် အပိုင်းနှစ်ပိုင်း အမြင် နှစ်ရပ် ဖစ်တီးတူ ဖစ်တီးဆို သိမ်းလို့ ရပါပြီ။ အာဏာရှင် တည်ဆောက်လို့ရပါပြီ။ ဖစ်တီးဆိုတာ ဆန့်ကျင်ဖက်အုပ်စုနှစ်ခု ကွဲပြဲခြင်းကိုဆိုလိုပါတယ်။ နိုင်ငံရေး သမား
ကောင်းတစ်ယောက်ဆိုလျင် ညီညွတ်ရေး လမ်းစဉ်ကို ဦးတည်ရမှာပဲ ဖြစ်ပါတယ်။ ညီညွတ်ရေးလမ်းစဉ်
တကယ်တမ်းသွားချင်။ မသွားချင်ဆိုတာကတော့ လက်နက်ကိုင်ခေါင်းဆောင်တွေ နိုင်ငံရေး ဇာတ်ခုံ ပေါ်မှာ တစ်ပွဲ တစ်လမ်း ကြည့်ရှုကြည့်ရပါမယ်။ စိတ်ရင်းကောင်းလား စိတ်ထားကောင်းလားဆိုတာ သိရမယ့်အခြေ
အနေပါပဲ။ အာဏာရှင်ဟာ ညီညွတ်ရေးကို မသွားတတ်ပဲ သွေးခွဲရေးလမ်းက အမြတ်ထုတ်တတ်ကြပါတယ်။
မီးစတစ်ဖက် ရေမုတ်တစ်ဖက် ကိုင်နေမယ်ဆိုတာကို သတိပြုသင့်ပါတယ်။ အရပ်အာဏာရှင်၊ စစ်အာဏာရှင်၊ သောင်းကျန်းသူအာဏာရှင် များအဆုံးသတ် လမ်းမှန်ပေါ် ရောက်မှသာ ဒီမိုကရေစီ  နိုင်ငံ တော်ဖြစ်လာဖို့ အလားအလာကောင်းများ ဖြစ်ပေါ်လာ နိုင်ကြောင်း  အပြုသဘောဆောင် တင်ပြအပ်လိုက်ရပါတယ်။   ။
မြန်မာနိုင်ငံမြေပုံ

No comments:

Post a Comment