Tuesday, July 12, 2016

လွတ်လပ်စွာ ထုတ်ဖော်ခွင့်နှင့် သတင်း အချက်အလက် ရယူသိရှိပိုင်ခွင့်ကို အာမခံချက် ပေးနိုင်ရန် အခြေခံဥပဒေ ပြင်ဆင်သင့်ဟု ယူနက်စကို အကြံပြု

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းအချက်အလက်ရယူသိရှိပိုင်ခွင့်ကို အာမခံချက်များပေးနိုင်စေရန် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုပြင်ဆင်သင့်ကြောင်း UNESCO မှထုတ်ပြန်သည့် မြန်မာနိုင်ငံ မီဒီယာ ဖွံ့ဖြိုးတိုးတက်မှုအကဲဖြတ်မှတ်တမ်းက အကြံပြုလိုက်သည်။ မြန်မာနိုင်ငံမီဒီယာဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်ပြီး ၂ဝ၁၄ ခုနှစ် မေလမှ ၂ဝ၁၆ ခုနှစ် ဧပြီလအထိ အကဲဖြတ်လေ့လာခဲ့ပြီး ဇွန် ၁ ရက်တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ယင်းအကြံပြုချက်နှင့် ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က ''ဒါကတော့ သတင်းမီဒီယာလွတ်လပ်ခွင့်အပိုင်းကိုပြောတာပါ။ ဒီလိုဥပဒေပြင်ဆင်ဖို့၊ အထူးသဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ပြဋ္ဌာန်းချက်တွေကို ပြင်ဆင်ဖို့ဆိုရင် ဝန်ကြီးဌာနတစ်ခုအနေနဲ့ဆောင်ရွက်လို့မပြည့်စုံပါဘူး။ ဒါကို ပြုပြင်သင့်တယ်ဆိုတာကို မီဒီယာသမားတွေ၊ ဥပဒေပြုသမားတွေညှိ နှိုင်းတိုင်ပင်ပြီးတော့ သင့်လျော်တဲ့ ဥပဒေမျိုး မီဒီယာလွတ်လပ်ခွင့်ကို ပေးတဲ့ဟာမျိုးဖြစ်အောင်လို့ ကြိုးစား သွားရမှာဖြစ်ပါတယ်''ဟုပြောသည်။ မီဒီယာဖွံ့ဖြိုးတိုးတက်ရန်အတွက် လွတ်လပ်စွာထုတ်ဖော်ပြော ဆိုခွင့်ကို ကန့်သတ်ထားသည့် ဥပဒေများအား ပယ်ဖျက်သင့်ကြောင်း ယင်းစစ်တမ်းတွင် အကြံပြုထားသည်။



အမျိုးသားစီမံခန့်ခွဲမှုဒီဂရီကော လိပ်မှအကြီးတန်းသုတေသနအရာရှိဒေါက်တာဇင်မာကျော်က''မြန်မာ နိုင်ငံမှာ သိသာထင်ရှားပြီး အပြုသဘောဆောင်တဲ့ပြောင်းလဲမှုတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ ဥပဒေဆိုင်ရာကန့်သတ် ချက်များက လက်ရှိလူမှုရေး၊ နိုင်ငံရေးဆိုင်ရာစံနှုန်းများနဲ့ ကိုက်ညီမှုမရှိသေးဘူးဆိုတာ တွေ့ရပါတယ်။ မြန်မာ့တရားစီရင်ရေးစနစ်ကနေ လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်ကိုကန့်သတ်ထားတဲ့ ဥပဒေ ပြဋ္ဌာန်းချက်များ ကို ဖယ်ရှားသင့်တယ်''ဟုပြောကြားခဲ့သည်။ လွတ်လပ်စွာထုတ်ဖော်ပြော ဆိုခွင့်နှင့်ဆက်စပ်နေသည့် ပြည်သူ နှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာပဋိညာဉ် (ICCPR) နှင့် ပုံစံမျိုးစုံဖြင့် လူမျိုးရေး ခွဲခြားမှုပပျောက်ရေးဆိုင်ရာ နိုင်ငံ တကာသဘောတူညီချက်တို့ကိုလည်း လက်မှတ်ရေးထိုးသင့်ကြောင်း ယင်းစစ်တမ်းတွင် အကြံပြုထားသည်။ နိုင်ငံပိုင်ရုပ်သံလွှင့်မီဒီယာများကို အများပြည်သူဝန်ဆောင်မှု (သို့ မဟုတ်) ပုဂ္ဂလိကရုပ်သံလွှင့်လုပ်ငန်းများအဖြစ် ပြောင်းလဲလုပ်ဆောင် သင့်ကြောင်းလည်း ထည့်သွင်းအ ကြံပြုထားသည်။


ှုညအနမညအေငသညေူ  International  Media Support အဖွဲ့ Programme Manager Glen L. SWanson က ''လွတ်လပ်တဲ့ အမှီခိုကင်းတဲ့မီဒီယာဖြစ်ဖို့ဆိုရင် နိုင်ငံတော် အစိုးရအနေနဲ့ ဆောင် ရွက်ပေးဖို့လိုတယ်။တစ်ချိန်တည်းမှာပဲ မီဒီယာတွေလွတ်လပ်ပြီး ဖွံ့ဖြိုးတိုးတက်နိုင်ဖို့ဆိုရင်တော့ လိုအပ်တဲ့အခြေအနေ၊ ဥပဒေမူ ဘောင်တွေရှိဖို့လိုပါတယ်။ ဒါမှသာလျှင် လုပ်သာကိုင်သာရှိတဲ့ဝန်းကျင်မှာ မီဒီယာတွေ ဟာဖွံ့ဖြိုးတိုးတက် နိုင်မှာဖြစ်ပါတယ်။ အဲ့ဒီအခါမှသာလျှင် မီဒီယာကဏ္ဍမှာပါဝင်တဲ့သူ တွေဟာ ခိုင်မာမှန်ကန်တဲ့ဆုံးဖြတ် ချက်တွေကို ချမှတ်နိုင်မှာဖြစ်ပါတယ်။ အုပ်ချုပ်မှုအစိုးရရဲ့လိုအပ် ချက်တွေကိုထောက်ပြနိုင်၊ ပံ့ပိုးပေး နိုင်မှာဖြစ်တယ်''ဟု ပြောသည်။ သတင်းသမားများ၏ အရည်အ သွေးမြှင့်တင်ရေးအတွက် အခြေခံသတင်းစာပညာသင်တန်းများကိုဦး စားပေးဖွင့်လှစ်ရန်နှင့် တိုင်းရင်းသားဘာသာစကားများဖြင့်လည်း သင် တန်းများဖွင့်လှစ်သင့်ကြောင်း လည်း ယင်းစစ်တမ်းတွင် အကြံပြုထားသည်။


သတင်းစာဆရာ ဦးမြင့်ကျော် က''အခြေခံဥပဒေပုဒ်မ ၃၅၄ မှာ ပြဋ္ဌာန်းထားတယ်။ သို့သော်လည်း တချို့ဥပဒေတွေ၊ အခုဆိုရင် ၆၆ (ဃ) လိုမျိုးတွေပေါ့။ ဥပဒေကိုယ်တိုင်က လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို တားတာဖြစ်ချင်မှလည်းဖြစ်မယ်။ ဒါ ပေမဲ့ တရားစီရင်ရေးစနစ်၊ အရေးယူပုံ၊ အဓိပ္ပာယ်ဖွင့်ဆိုပုံ၊ ကျင့်သုံးပုံအပိုင်း တွေမှာလည်း တရားစီရင်ရေးမလွတ် လပ်တာတို့ ၊ အာဏာပိုင်အဖွဲ့အစည်း၊ ရဲတို့၊ တပ်မတော်နဲ့ပတ် သက်တဲ့ကိစ္စတို့မှာ လက်တွေ့မှာလွတ်လပ်စွာထုတ် ဖော်ပြောဆိုခွင့်က တားမြစ်ခံရမှုတွေ၊ ခြိမ်းခြောက်ခံရမှုတွေရှိတယ်။ အစိုးရ အဖွဲ့အစည်းတွေအပြင်ကို တစ်ခါတစ်ရံမှာ ဒေသဆိုင်ရာအဖွဲ့အစည်းတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ဘာသာရေးတို့ အစွန်းရောက်အဖွဲ့တွေကလည်း လွတ်လပ်စွာထုတ်ဖော်ပြော ဆိုခွင့်ကို ခြိမ်းခြောက်နေတာတွေ ရှိတယ်ပေါ့။ လုပ်သင့်တာကတော့ ဥပဒေပိုင်းဆိုင်ရာမှာလည်း လုပ် သင့် တာရှိတယ်။ တချို့ဟာက လက်တွေ့ ကျင့်သုံးဖို့ဆိုင်ရာအပိုင်းတွေလည်း လိုတယ်''ဟု ပြောသည်။

No comments:

Post a Comment