မေ့ပျောက်နေတဲ့ စာပို့လုလင်
![]() |
စာပို့လုလင် |
တွင်စေချင်တာ ကျနော့် ဆန္ဒပါပဲ။ စာပို့ လုပ်ငန်းဟာ online media ခေတ်မှာ မရှိတော့ဘူးလား။ စာပို့လုပ်ငန်း
ဟာ ရှိနေဦးမှာ ပဲဆိုတာ ကျနော် ယုံကြည်ပါသေးတယ်။ အဓိက အစိုးရနဲ့ လူထုဆက်သွယ်ရေးမှာ ရှင်သန်
နေဆဲပါ။ ဒါကို တွင်တွင်ကျယ်ကျယ် မလုပ်နိုင်တာက အစိုးရ ဖြစ်ခဲ့ပါတယ်။ ဒီနေ့ ထိ ကျနော်တို့ တစ်တွေ
သုံးစွဲ နေရဆဲပါပဲ။ အစိုးရဌာန ဆိုင်ရာကို စာပို့ခြင်းဟာ ယနေ့ ထိလုပ်နေရဆဲပါ။ Data အချက်အလက်
မှတ်တမ်းကို စာရွက်မှာ တင်နေရဆဲပါပဲ။ ကျနော်တို့ နိုင်ငံမှာ online media store ကို ကောင်းကောင်း မသုံး
နိုင်သေးပါဘူး။ ဒေတာ စတိုးတွေကို တာဝန်ယူမှု တာဝန်ခံမှု မရှိသလို free သုံးနိုင်မှုတွေဟာ အလွန်ကို
လိုအပ်ပါသေးတယ်။ online social media , mail တွေကနေ စာရွက်ပေါ် ထုတ်ယူမဲ့ Printer လိုDevices တွေကို
ရုံးတိုင်း မသုံး နိုင်သေးသလို လူတိုင်း မသုံးစွဲ နိုင်သေးလို့ပါပဲ။ ဒီနေ့ ဒီချိန်လောက်ဆို အစိုးရနဲ့ ပတ်သက်တဲ့
ရုံးတွေမှာ တွင်တွင်ကျယ်ကျယ် တတ်ကျွမ်း သုံးစွဲသင့်တဲ့ အချိန်ရောက်ရှိလို့လာပါပြီ။ online မှာ စာပေးစာယူ
စနစ်ကို လည်း ကျွမ်းကျင်စွာ သုံးစွဲ သင့်ပါပြီ။ ဒီလိုသုံးစွဲဖို့ လည်း အားပေးနေကြပါပြီ။ ရုံးတွင်း networkကို
လွယ်ကူတွင်ကျယ်ဖို့ ဆိုရင် မြန်မာဖောင့် official ဖောင့် ရွေးချယ်ဖို့ အချိန်ရယ် တန်ပါပြီ။
ဒါပေသည့် စာအုပ်၊စာရွက်၊ စာတမ်း၊ မှတ်တမ်းတွေ ရှိနေဦးမည်။ ရှိလည်း ရှိသင့်သည် ဖြစ်သည်သော
ကြောင့် Postman ဆိုသော စာပို့ လုလင်များ အား တစ်ခါတစ်ရံ " ကလင်ကလင် "ဆိုသော အသံ နဲ့အတူ ကြားမြင် တွေ့ ချင်မိပါသေးလေသတည်း။
( ဆြာဘရိ )
No comments:
Post a Comment