Tuesday, July 26, 2016

မြန်မာမှာ တိန့်ရှောင်ဖိန် လိုတယ်

 မြန်မာမှာ တိန့်ရှောင်ဖိန် လိုတယ်


၂၀၀၀ ခုနှစ်ရောက်သည့်အချိန် အာရှကို နိုင်ငံ ၂ ခုက ဦးဆောင်လိမ့်မည်၊ ၎င်းတို့မှာ ဖိလစ်ပိုင်နှင့် မြန်မာတို့ ဖြစ်သည်ဟု သြဇာကြီးမားသည့် Far Eastern Economic Review စာစောင်က ၁၉၇၅ ခုနှစ်တွင် ခန့်မှန်း ရေးသားခဲ့ပါသည်။ နောက်ပိုင်း ဘာဖြစ်လာခဲ့သည်ကို လူတိုင်းသိကြပါသည်။ စာနယ်ဇင်းသမားတို့၏ ကြိုတင်ခန့်မှန်းနိုင်စွမ်းက အမှားကြီးလှသည်။ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း တိုးတက်မှုအချို့ ရရှိခဲ့သော်လည်း ဖိလစ်ပိုင်နိုင်ငံတွင် စိတ်ပျက်စရာများ ဆက်ရှိနေဆဲ ဖြစ်သည်။ မြန်မာနိုင်ငံအတွက်မူ ၎င်းထက်ပို၍ မှားယွင်းသည့် ကြိုတင်ခန့်မှန်းမှု မရှိနိုင်တော့ပါ။
၁၉၆၂ ခုနှစ်တွင် ၀န်ကြီးချုပ် ဦးနုထံမှ စစ်တပ်က အာဏာသိမ်းယူလိုက်ပြီး နောက်ပိုင်း ပထမဆုံးအနေဖြင့် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော လွှတ်တော် စတင်ကျင်းပသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ အစည်း အဝေးက ကာလကြာရှည်စွာ နာကျင်ခံစားခဲ့ရပြီး ယင်းသည် မြန်မာပြည်သူ ၅၃ သန်း အတွက်သာမက အာရှ ဒေသအတွက်ပါ အရေးပါပါသည်။
၁၉၈၈ ခုနှစ် ဒီမိုကရေစီ လှုပ်ရှားမှုကို ကြမ်းတမ်းစွာ ဖိနှိပ်ဖြိုခွဲခံခဲ့ရခြင်း အပါအ၀င် ကျဆုံးမှု အမြောက်အမြား ကြုံတွေ့ခဲ့ရပြီးနောက် ယခုအခါ မြန်မာနိုင်ငံသည် အရေးယူပိတ်ဆို့မှုများနှင့် အပယ်ခံနိုင်ငံတခု အနေအထားမှနေ ကျန်သည့် ကမ္ဘာ့ နိုင်ငံများနှင့် ပြန်လည်ဆက်သွယ်မည့် လမ်းကြောင်းအစမှာသာ ရှိနေသေးပါသည်။ ၂၀၁၀ ခုနှစ်တွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးခဲ့ခြင်း၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် လွှတ်တော်အတွင်းသို့ တစိတ်တပိုင်း ပါဝင်လာခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ၂၀၁၅ ခုနှစ် နိုဝင်ဘာလ အထွေထွေ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့ခြင်းများကြောင့် မျှော်လင့်ချက်များ တဖြည်းဖြည်းချင်း မြင့်တက်လာနေသည်။
ယခုလနှင့် လာမည့်လက အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံကို ရာစုနှစ်ဝက်ခန့် အုပ်စိုးခဲ့သော စစ်တပ်အတွက် နောက်ဆုံး စမ်းသပ်ချက် ဖြစ်သောကြောင့်ပင်။ တိုင်းပြည်က ဆင်းရဲတွင်းထဲ ကျဆင်းသွားသော်လည်း ၎င်းတို့ကို ချမ်းသာ ကြွယ်ဝစေခဲ့သည့် ထိန်းချုပ်မှုကို ဖြေလျှော့ပေးရန် အမှန်တကယ် ဆန္ဒရှိနေပါသလား။ လက်တွေ့တွင် အာဏာ ဆုံးရှုံးလိုက်ရခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ အဆုံးအဖြတ်ပေး ထိန်းချုပ်မှုအောက်တွင် ရှိနေမည့် အသစ် ရွေးချယ်တင်မြှောက်ထားသော လွှတ်တော်ကြောင့် သူတို့ စစ်အာဏာရှင်စနစ်ဆီသို့ နောက်ကြောင်းပြန်သွားစေမည်လား။
လေ့လာစောင့်ကြည့်သူ အများစုကမူ စစ်တပ်က မူလအနေအထားသို့ ပြန်ရောက်သွားရန် မဖြစ်နိုင်ဟု ယူဆကြသည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးပြီး ဖြေလျှော့ပေးမှုများ စတင်ခဲ့သည့် ဦးသိန်းစိန်၏ ၅ နှစ်ကြာ သမ္မတသက်တမ်း နောက်ပိုင်းနှင့် လွန်ခဲ့သော ၃ လက ငြိမ်းချမ်းစွာ ပြီးဆုံးခဲ့သည့် အထွေထွေရွေးကောက်ပွဲ နောက်ပိုင်း ဖြစ်နိုင်ချေရှိသည်များ၏ အဓိက အခက်အခဲကို အလေးထားဆွေးနွေးနေရဆဲ ဖြစ်သည်မှာ စိတ်လှုပ်ရှားဖွယ်ရာ ဖြစ်သည်။
မည်သည့်အတွက်ကြောင့် စစ်ဘက်နှင့် အရပ်ဘက်ကြား သံသယများ ကျန်နေသနည်း။ ပထမဆုံးအနေဖြင့် စစ်တပ်၏ ခေါင်းဆောင်ပိုင်းမှ ပုဂ္ဂိုလ် အများအပြားက အရေးပါသည့် စီးပွားရေး လုပ်ငန်းကဏ္ဍများနှင့် ကုမ္ပဏီများကို ဆက်လက်ထိန်းချုပ် ထားကြဆဲဖြစ်သည်။ ပင်လယ်ပြင်နှင့် ပတ္တမြား၊ ကျောက်စိမ်းနှင့် တွင်းထွက်သယံဇာတများမှသည် ကမ္ဘာပေါ်မှ အကောင်းဆုံးသစ်မာ အချို့ ပေါက် ရောက်သည့် သစ်တောများဖြင့် ပြည့်နေသည့် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ သယံဇာတအကြွယ်ဝဆုံး နိုင်ငံများထဲတွင် တခု အပါအ၀င်ဖြစ်သော်လည်း ယခုအခါ ထိုသယံဇာတများက စစ်ဘက်မှ ထိပ်တန်းပုဂ္ဂိုလ်များ၏ မိသားစုများကိုသာ ကြွယ်ဝချမ်းသာစေခဲ့သည်။ ထို့ကြောင့် ဘက်ပြောင်းလာသူများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းနှင့် အခြားသော သက်ညှာမှုများ မရှိခဲ့လျှင် ပြင်းထန်သော တုန့်ပြန်မှုများ ဖြစ်နိုင်သည့် အလားအလာများ ကျန်ရှိနေသေးသည်။
ဒုတိယအနေဖြင့် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင်ရရှိခဲ့သော်လည်း စစ်ဘက်က အာဏာ အစစ် အမှန်ကို ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်သည်။ ဥပမာအားဖြင့် စစ်ဘက်က လွှတ်တော်တွင် နေရာ ၂၅ ရာခိုင်နှုန်း အလို အလျောက်ရရှိထားသည်။ လုံခြုံရေး၊ ပြည်ထဲရေးတို့နှင့် ဆိုင်သည့် ၀န်ကြီးနေရာများကိုလည်း စစ်တပ်ကရယူထားပြီး မြို့နယ် အဆင့်အထိ အုပ်ချုပ်ရေး လမ်းကြောင်းများကို ထိန်းချုပ်ထားသည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီက စစ်တပ်နှင့် ဆက်သွယ်မှုရှိသူများကို ဖယ်ရှားထုတ်ရန် ဆန္ဒရှိခဲ့လျှင်ပင် ပြီးခဲ့သည့် ရာစုနှစ်ဝက်ခန့် ကာလအတွင်းတွင် နိုင်ငံတကာနှင့် အဆက်အသွယ်ဖြတ်တောက်ခဲ့သည့် မြန်မာနိုင်ငံအတွင်း ကျွမ်းကျင်သော စီမံခန့်ခွဲသူများ အကြီးအကျယ် ရှားပါးနေမှုကြောင့် ထိုသို့ လုပ်နိုင်ဖွယ် မရှိပါ။ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် နောက်လာမည့် ဆယ်စုနှစ်များအထိ တတ်သိနားလည်သူ ရှားပါးသည့် ပြဿနာကို ဆက်လက်ခံစားရလိမ့်မည် ဖြစ်သည်။
အကယ်၍ ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်ကို ကျွမ်းကျင်စွာ ဦးဆောင်နိုင်ကြောင်း ရှင်းလင်းစွာ ပြသနိုင်ခဲ့လျှင် တပ်ဘက်မှ ပိုမို ကြီးမားသည့် ယုံကြည်မှုများ ရှိလာပါလိမ့်မည်။ ၁၉၇၆ ခုနှစ်တွင် တရုတ်နိုင်ငံကို အောက်ဆုံးအထိ ရောက်သွားအောင် ဦးဆောင်မိခဲ့ကြောင်း မော်စီတုံး သတိပြုလိုက်မိသည့် အချိန်တွင် သူ့အနေဖြင့် ယိုယွင်းပျက်စီးနေသော တိုင်းပြည်၏ စီးပွားရေးကို ပြန်လည်စီမံခန့်ခွဲရန် နန်ချောင်တွင် နေအိမ်အကျယ်ချုပ် ကျခံနေရသော တိန့်ရှောင်ဖိန်ကို မခေါ်ချင်ဘဲ ပြန်လည်ခေါ်ယူရန်မှ လွဲ၍ ရွေးချယ်စရာ မရှိခဲ့ပါ။ နိုင်ငံရေးအရ ပြင်ဆင်တည့်မတ်မှုများ အကြီးအကျယ် လိုအပ်ခဲ့သည့် တရုတ်နိုင်ငံ၏ အမှောင်နေ့ရက်များမှ ပြန်လည်လွတ်မြောက်လာခြင်းတွင် တိန့်ရှောင်ဖိန်၏ အသိပညာနှင့် နိုင်ငံရေးကျွမ်းကျင်မှုကို အသိအမှတ်မပြုဘဲ ထား၍ မရနိုင်ပါ။ မြန်မာနိုင်ငံအတွက် တိန့်ရှောင်ဖိန်က ဘယ်မှာနည်း။ ဒေါ်အောင်ဆန်းစုကြည်က သြဇာအရှိန်အ၀ါ ကြီးမားသလို အများ၏ ချစ်ခင်လေးစားမှုကို ခံရသူဖြစ်သည်။ သို့သော်လည်း ၁၉၇၆ ခုနှစ်က တရုတ်နိုင်ငံ ဆိုးဆိုးဝါးဝါး ပျက်စီးယိုယွင်းခဲ့သလို ဖြစ်နေသည့် တိုင်းပြည်တခုကို ပြောင်းလဲနိုင်မည့် ကျွမ်းကျင်မှုက ဘယ်မှာရှိသနည်း။
ဖေဖော်ဝါရီလ ၁ ရက်နေ့မှ အစိုးရအဖွဲ့ စတင်တာဝန်ယူမည့် ဧပြီလ ၁ ရက်နေ့ကြား အပြောင်းအလဲကို ငြိမ်းချမ်းစွာ စီမံနိုင်ရေးက မြန်မာပြည်သူများ အတွက်သာမက မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်ရန် တာစူနေသည့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများ အတွက်လည်း အရေးကြီးလာသည်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာပြီးနောက် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံ မှုများ အလွန်တိုးတက်လာခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၂၀ ဘီလီယံ အထိခုန်တက်သွားခဲ့ပါသည်။ သို့သော်လည်း နောက်ပိုင်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ စိတ်ပါဝင်စားမှု ပြန်လည်လျော့ကျသွားခဲ့ပြီး ပြီးခဲ့သည့် ၄ နှစ်အတွင်းတွင် တနှစ်လျှင် ပျမ်းမျှ ဒေါ်လာ ၄ ဘီလီယံ ၀န်းကျင်သာ ရှိတော့သည်။ အကယ်၍ အရပ်သား အစိုးရသို့ အသွင်ကူးပြောင်းရေး ဧပြီလ ၁ ရက်နေ့တွင် ချောမွေ့စွာ ပေါ်ပေါက်ခဲ့ပါက ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်မြင့်တက်လာမည်ဟု မျှော်လင့်နိုင်ပါသည်။ အခြေခံအဆောက်အဦး လိုအပ်ချက်ကြီးမားစွာ ရှိနေသည့် အချိန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ အများအပြားနှင့် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းများကလည်း လှုပ်ရှားရန် အသင့်ဖြစ်နေကြသည်။
တရုတ်နိုင်ငံ၏ One Belt One Road မူဝါဒက မြန်မာနိုင်ငံနှင့် ပတ်သက်၍ ထူးထူးခြားခြား ငြိမ်သက်နေရသည့် အကြောင်းကို ရှင်းပြကောင်း ရှင်းပြနိုင်ပါလိမ့်မည်။ သို့သော်လည်း တရုတ်နိုင်ငံသည် ယခုအချိန်အထိ မြန်မာနိုင်ငံတွင် အကြီးဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး ကူမင်းမှ အိန္ဒိယသမုဒ္ဒရာအထိ လမ်းကြောင်းပေါ်တည်ရှိနေမှုက မြန်မာသည် ရှီကျင်ဖျင့်၏ ပိုးလမ်းမသစ် တစိတ်တပိုင်းဖြစ်ကြောင်း ထင်ထင်ရှားရှား ဖော်ပြနေပါသည်။ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အများစုက စစ်တပ်၏ သြဇာ အရှိန်အ၀ါနှင့် ဆက်စပ်နေခြင်းကြောင့် တိတ်ဆိတ် ငြိမ်သက်နေခြင်းက သံတမန်နည်းလမ်းတခုလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ တရုတ်အပါအဝင် နိုင်ငံတကာ၏ ၀င်ရောက် စွက်ဖက်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ စိုးရိမ်ပူပန်မှုများကို ရှောင်လွှဲလို၍လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။
မြန်မာနိုင်ငံ၏ အလားအလာနှင့် ပတ်သက်၍ Far Eastern Economic Review ၏ အမှားမျိုးကိုတော့ မည်သူမျှ ထပ်လုပ် ကြလိမ့်မည် မထင်ပါ။ ဧပြီလ ၁ ရက်နေ့ အသွင်ကူးပြောင်းမှုက ချောမွေ့စွာ ရှိခဲ့လျှင်ပင် တိုင်းပြည်အနေဖြင့် လုပ်ဆောင်ရန် များစွာရှိနေသေးသည်။ သို့သော်လည်း ကျနော်တို့ အနေဖြင့် မြန်မာပြည်သူများနှင့် ပတ်သက်၍ လွန်ခဲ့သော ဆယ်စုနှစ် ၅ ခုထက်စာလျှင် ပိုမို၍ အကောင်းမြင်နေနိုင်ကြပြီ ဖြစ်သည်။ မြန်မာနိုင်ငံအတွက် တိန့်ရှောင်ဖိန်ကို မြင်တွေ့နိုင်ပါစေဟုသာ ကျနော် ဆုတောင်းနေပါသည်။
(David Dodwell သည် Hong Kong-Apec Trading Policy Group ၏ အမှုဆောင် ဒါရိုက်တာဖြစ်ပါသည်။ South China Morning Post သတင်းစာပါ Myanmar needs a Deng Xiaoping ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

Saturday, July 23, 2016

Facebook ကိုလုံခြုံစိတ်ချစွာ အသုံးပြုနည်း စာအုပ် pdf

Facebook ကိုလုံခြုံစိတ်ချစွာ အသုံးပြုနည်း စာအုပ် pdf
ဒီနေရာမှာဒေါင်းပါ DOWNLOAD HERE
Moon Reader Apk DOWNLOAD HERE
FoxitReader EXE /DOWNLOAD HERE

မေ့ပျောက်နေတဲ့ စာပို့လုလင်


မေ့ပျောက်နေတဲ့ စာပို့လုလင်


စာပို့လုလင်
စာပို့လုလင် ဆိုတဲ့ အသုံးအနှုန်း လေးက ခေါ်လို့ လဲကောင်း၊ မြန်မာလဲမှုဆန်တယ်။ ဒီလိုပဲ ဆက်လက်ခေါ်
တွင်စေချင်တာ ကျနော့် ဆန္ဒပါပဲ။ စာပို့ လုပ်ငန်းဟာ online media ခေတ်မှာ မရှိတော့ဘူးလား။ စာပို့လုပ်ငန်း
ဟာ ရှိနေဦးမှာ ပဲဆိုတာ ကျနော် ယုံကြည်ပါသေးတယ်။ အဓိက အစိုးရနဲ့ လူထုဆက်သွယ်ရေးမှာ ရှင်သန်
နေဆဲပါ။ ဒါကို တွင်တွင်ကျယ်ကျယ် မလုပ်နိုင်တာက အစိုးရ ဖြစ်ခဲ့ပါတယ်။ ဒီနေ့ ထိ ကျနော်တို့ တစ်တွေ
သုံးစွဲ နေရဆဲပါပဲ။ အစိုးရဌာန ဆိုင်ရာကို စာပို့ခြင်းဟာ ယနေ့ ထိလုပ်နေရဆဲပါ။ Data အချက်အလက်
မှတ်တမ်းကို စာရွက်မှာ တင်နေရဆဲပါပဲ။ ကျနော်တို့ နိုင်ငံမှာ online media store ကို ကောင်းကောင်း မသုံး
နိုင်သေးပါဘူး။ ဒေတာ စတိုးတွေကို တာဝန်ယူမှု တာဝန်ခံမှု မရှိသလို free သုံးနိုင်မှုတွေဟာ အလွန်ကို
လိုအပ်ပါသေးတယ်။ online social media , mail တွေကနေ စာရွက်ပေါ် ထုတ်ယူမဲ့ Printer လိုDevices တွေကို
ရုံးတိုင်း မသုံး နိုင်သေးသလို လူတိုင်း မသုံးစွဲ နိုင်သေးလို့ပါပဲ။ ဒီနေ့ ဒီချိန်လောက်ဆို အစိုးရနဲ့ ပတ်သက်တဲ့
ရုံးတွေမှာ တွင်တွင်ကျယ်ကျယ် တတ်ကျွမ်း သုံးစွဲသင့်တဲ့ အချိန်ရောက်ရှိလို့လာပါပြီ။  online မှာ စာပေးစာယူ
စနစ်ကို လည်း ကျွမ်းကျင်စွာ သုံးစွဲ သင့်ပါပြီ။ ဒီလိုသုံးစွဲဖို့ လည်း အားပေးနေကြပါပြီ။ ရုံးတွင်း networkကို
လွယ်ကူတွင်ကျယ်ဖို့ ဆိုရင် မြန်မာဖောင့် official ဖောင့် ရွေးချယ်ဖို့ အချိန်ရယ် တန်ပါပြီ။
ဒါပေသည့်  စာအုပ်၊စာရွက်၊ စာတမ်း၊ မှတ်တမ်းတွေ ရှိနေဦးမည်။ ရှိလည်း ရှိသင့်သည် ဖြစ်သည်သော
ကြောင့် Postman  ဆိုသော စာပို့ လုလင်များ အား တစ်ခါတစ်ရံ " ကလင်ကလင် "ဆိုသော အသံ နဲ့အတူ ကြားမြင် တွေ့ ချင်မိပါသေးလေသတည်း။                                                   
                                                                                     (     ဆြာဘရိ   )

ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းစဉ် ဆက်လက်ရှင်သန်ရေး

 ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းစဉ် ဆက်လက်ရှင်သန်ရေး 


လုပ်ငန်းတစ်ခုကို တိုးတက်အောင်မြင်ရန် ဆိုသည်မှာလွယ်ကူသောအရာမဟုတ်ပါ။ မိမိတို့ထုတ်လုပ်ရောင်းချသော ကုန်ပစ္စည်း၊ ကား၊ အိမ်ယာစီမံကိန်းတို့ ရောင်းချနိုင်ရန် ဖောက်သည်ရှာရပါသည်။ ထို့နောက်မိမိ၏ဖောက်သည်ကို မိမိကုမ္ပဏီ၏ Regular customers ဖြစ်ရန်အမြဲလို ဆက်သွယ်ထားရမည်။

ဖောက်သည်နှင့်သဘောထားမကွဲလွဲရန် ကုမ္ပဏီ အတွက်လွန်စွာအရေးကြီးပါသည်။ ဖောက်သည်နှင့် သဘောထားကွဲလွဲပါက ကုမ္ပဏီ အတွက်ဆုံးရှုံးနစ်နာမှုများဖြစ်
ပေါ်စေမည်မှာ မလွဲမရှောင်သာပေ။ သည်အတွက် ကုမ္ပဏီ Management ပိုင်းဆိုင်ရာကမိမိ ကုမ္ပဏီ နာမည်ကောင်းရှိရန်၊ ထုတ်ကုန်များ Quality ကောင်းစေရန်၊ အလုပ်သမားများစာရိတ္တကောင်းမွန်စေရန်၊ ဖောက်သည် အပေါ်ဆက်ဆံရေးကောင်းမွန်စေရန် အားမာန်စိုက်ကြိုးစားကြရလေသည်။

ကုမ္ပဏီ ဖောက်သည်နှင့်တိုက်ရိုက်ဆက်ဆံရသော Sales and Marketing ဌာနမှဝန်ထမ်းများမှာ အခြား ဌာနများမှ ဝန်ထမ်းများထက် ပိုဂရုစိုက်ကြိုးစားရလေသည်။
ကုမ္ပဏီ Management မှချမှတ်ထားသော Sales target မှီရန် အရောင်းမကျရန်၊ Market ကိုအမြဲ update လုပ်နေရန်အတွက် Sales ဝန်ထမ်းများမှာ နားချိန်ပင်သိပ်မရှိကြချေ။

ဝန်ထမ်းတစ်ယောက်၏ မိမိ၏အလုပ်အောင်မြင်ရန်၊ စီးပွါးရေးရှင်မှ မိမိ၏ ကုမ္ပဏီစီးပွါးရေးအောင်မြင်ရန် ဤကဲ့သို့ တွန်းအားနှင့် အားသွန်ခွန်စိုက်ကြိုးစားနေရလျှင် နိုင်ငံတစ်နိုင်ငံမှာ ပြည်သူလူထုတစ်ရပ်လုံး လူ့အခွင့်အရေးရရန် လွတ်လပ်ရေးရရန်၊ တိုင်းပြည်တိုးတက်အောင်မြင်စေရန် ကြိုးစားရသော နိုင်ငံ့ခေါင်းဆောင်တစ်ယောက်မှာပို၍ပင်မလွယ်ကူလှပေ။

မြန်မာနိုင်ငံအတွက်အသက်ပေးခဲ့ရသော လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ မြန်မာပြည်သူတစ်ရပ်လုံးစည်းလုံးညီညွတ်ရေးကိုပြန်လည်သတိရမိလျှင် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံသို့ကျူးကျော်ဝင်ရောက်သိမ်းပိုက်သော နယ်ချဲ့တို့အားပြန်လည်တိုက်ထုတ်နိုင်ရန် မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသားများနှင့် ဘာသာခြားများကို စည်းလုံးနိုင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ လူထုစည်းလုံးမှုဖြင့် မြန်မာပြည်သူတစ်ရပ်လုံးအား ကျွန်ဘဝမှကယ်တင်နိုင်ခဲ့လေသည်။
မိမိကိုယ်ကျိုးကိုစွန့်ပြီး မြန်မာပြည်သူတစ်ရပ်လုံးအတွက် အားသွန်ခွန်စိုက်ကြိုးပမ်းခဲ့ရ
သော ဗိုလ်ချုပ်အောင်ဆန်း၏ ကျေးဇူးကိုမျှမထောက် ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခြင်းခံခဲ့ရသည်မှာ မြန်မာပြည်သူတစ်ရပ်လုံးအတွက် ယနေ့ထက်ထိတိုင် လွန်စွာ ရင်နာစရာဖြစ်ခဲ့ရ၏။ ဗိုလ်ချုပ်အောင်ဆန်းကျဆုံးပြီးနောက်တက်လာကြသော စစ်ခေါင်းဆောင်များမှာ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့အရည်အချင်း၊ စိတ်ဓါတ်ပြည့်ဝမှု မရှိကြသေးပေ။
ဗိုလ်ချုပ်အောင်ဆန်း


ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၅ ခုနှစ် ဩဂုတ်လ စတုတ္ထအကြိမ်မြောက် နိုင်ငံ့ခေါင်းဆောင်များအစည်းအဝေးမှ မိန့်ခွန်းတစ်ရပ်မှာ

လူမျိုးရေးတရားဟာလည်း ငါ့လူမျိုးမှ ငါ့လူမျိုး (ကုလားဟူ၍၊ တရုတ်ဟူ၍၊ တိုင်းရင်းသားဟူ၍မနှိမ်နေဘဲ) တခြားလူမျိုးတွေဟာ ငါ့လောက်မမြတ် ငါ့လူမျိုးသာ ကမ္ဘာကိုကြီးစိုးတဲ့ကျဉ်းမြောင်းသေးသိမ်တဲ့ လူမျိုးရေးတရားမဟုတ်ဘဲ၊ ကိုယ့်လူမျိုး ကိုယ်ချစ်ခင်သော်လည်း တခြားလူမျိုးများကို မုန်းတီးခြင်း၊ အထင်သေးခြင်း မဖြစ်ဘဲ ကမ္ဘာမှာ တိုင်းပြည်အချင်းချင်း သင့်မြတ်စွာ တစ်ဦးအကျိုး တစ်ဦးဖြစ်ပွါးအောင်ဆောင်ရွက်တဲ့လူမျိုးရေး တရားမျိုးသာဖြစ်ရမယ်။

ဗိုလ်ချုပ်အောင်ဆန်းသည် ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်ဖြစ်၏။ ဗုဒ္ဓဘုရားရှင်သည် လူသတ္တဝါအပေါင်းတို့ကိုမေတ္တာတရားထားရှိရန် ဟောကြားတော်မှုခဲ့လေသည်။

အကြင်သူသည် သတ္တဝါအားလုံးတို့အပေါ်၌
မေတ္တာစိတ် အဖို့အစုရှိသည်ဖြစ်၍
တစ်စုံတစ်ယောက်ကိုမျှ
မိမိကိုယ်တိုင်လည်း မညှဉ်းဆဲ၊
သူတစ်ပါးကိုလည်း မသတ်ဖြတ်စေ။
မိမိကိုယ်တိုင်လည်း အနိုင်မယူ၊
သူတစ်ပါးတို့ကိုလည်း အနိုင်မကျင့်စေ။
ထိုမေတ္တာပွားသူအား တစ်စုံတစ်ခုသော
အတွင်းရန် အပြင်ရန်ဟူ၍ မရှိနိုင်။
(အင်္ဂုတ္တိုရ်ပါဋ္ဌိတော် ။ ပထမတွဲ မေတ္တာသုတ် .. ၄၄၃။)

ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းသည်တစ်နိုင်ငံလုံးရှိ တိုင်းရင်းသားများနှင့် ဘာသာခြားများကို စည်းလုံးနိုင်ခဲ့သည်။ ဤသည်မြန်မာလူမျိုးတိုင်း ဘာသာတိုင်းအတွက် ကောင်းသောစံနမူနာပင်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့နှလုံးရည်လှသော သူဖြစ်ရန် မြန်မာပြည်ဖွားတိုင်းကျင့်သုံးကြရန်လိုအပ်ပါသည်။

ယခုအခါဝယ် မြန်မာလူမျိုးများမှာ အစိတ်စိတ်အမွှာမွှာသွေးကွဲ၍နေကြလေသည်။ သဘောမတူသော လူနှင့်ကျောခိုင်း၍နေ၍ မိမိအသိုက်နှင့် ကိုယ်စီနေလျှက်ရှိကြသည်။ ဤသည်အဖွဲ့အစည်းများ၊ ဘာသာရေးများ၊ နိုင်ငံရေးများတွင်ထင်ရှားစွာဖြစ်ပေါ်နေသော ဖြစ်ရပ်ဖြစ်ပေသည်။ မြန်မာပြည်သူတစ်ရပ်လုံးအတွက် စည်းလုံးညီညွတ်မှုကို စံနမူနာ လုပ်ပြသွားသော ဗိုလ်ချုပ်အောင်ဆန်း၏ စတေးခံခဲ့ရသောအသက်ပင် လွန်စွာနှမြောစရာကောင်းလှသည်။

မြန်မာလူမျိုးတို့၏ မူရင်းစိတ်ရင်းမှာ လွန်စွာမွန်မြတ်၏။ ရတနာသုံးပါးကိုဦးထိပ်ထားကိုး
ကွယ်ကြသည်။ မွန်မြတ်သောသူများမှာ အတုအယောင် အာဏာနှင့် လူသတ်လက်နက်ကိုကြောက်နေရ၍ မည်သို့မှမလှုပ်ရဲကြပေ။ မျိုးဆက်သစ်များမှာလည်း မျက်စိပိတ်၊ ပါးစပ်ပိတ်၊ နားပိတ်ခံနေရ၍ လူ့တန်ဖိုးကျဆင်းခဲ့ရသည်။ သို့သော်မည်သူမဆို ဗိုလ်ချုပ်အောင်ဆန်း၏ စည်းလုံးညီညွတ်မှု လမ်းစဉ်ကိုလိုက်နာရန် မခဲယဉ်းပေ။

ထို့ကြောင့်မြန်မာအချင်းချင်းကျောခိုင်းမနေဘဲ တိုင်းရင်းသားမတူသော်လည်း၊ ဘာသာမတူသော်လည်း မျက်နှာချင်းဆုံပြီးပြောဆိုယိုင်းပင်းကူညီရမည်။ သို့မှသာလျှင် မြန်မာပြည်သားအချင်းချင်း ဗိုလ်ချုပ်အောင်ဆန်း၏ ခေတ်ကာလကကဲ့သို့ ချစ်ခင်လေးစားလာကြမည်။

မြန်မာနိုင်ငံတွင် ဘာသာပေါင်းစုံနေထိုင်ကြပါသည်။ ဘာသာတိုင်းတွင်ကျရောက်သော ပွဲသဘင်များတွင် မြန်မာပြည်သူများ တစ်ဦးအကျိုးတစ်ဦးရှိကြပေသည်။

ဥပမာ ဗုဒ္ဓဘာသာဝင်များ၏ မင်္ဂလာအတာသင်္ကြန်ပွဲမှာ ဘာသာခြားများဝင်ရောက်ရေကစား ကြသလို ခရစ်မတ် နှင့် ဗာလင်တိုင် ပွဲတော်မှာလည်းမြန်မာလူငယ်တို့ ပျော်ရွှင်ကြရပါသည်။ မူစလင် အီးဒ်ပွဲတော်များတွင် မုန့်ပဲသရေစာများ မြန်မာတို့လက်ဆောင်ရရှိကြသည်။ ထို့အတူ ဟင်ဒူ ဒေဝါလီ ပွဲ နှင့်တရုတ် နှစ်သစ်ကူးများတွင်လည်း မုန့်နှင့် အန်ပေါင်များကို ဘာသာမတူပေမဲ့လည်း လက်ဆောင်ပေးကြလေသည်။ ဤသည်တစ်ဦးအပေါ်တစ်ဦး၏ မေတ္တာထားခြင်းပင်ဖြစ်သည်။ မိမိ၏အပြုံးတစ်ပွင့် စကားတစ်ခွန်းသည် စည်းလုံးညီညွတ်မှုကို ဆောင်ယူနိုင်၏။

ထို့ကြောင့် မြန်မာအချင်းချင်း စည်းလုံးညီညွတ်မှုရှိစေရန် မြန်မာတစ်မျိုးသားလုံးတိုးတက်စေဘို့ စည်းလုံးညီညွတ်ရန်ဟူသော စီမံကိန်းတစ်ခုတည်ဆောက်ရပေမည်။ ဘာသာတိုင်းတွင် ကျရောက်လာမည့် နေ့ကြီးရက်ကြီးများတွင် နှုတ်ခွန်းဆက်သခြင်း၊ ပို့စကတ်ပို့ပေးခြင်း၊ ၎င်းတို့ဘလော့ဂ်၌မိတ်ဖွဲ့ နှုတ်ဆက်ခြင်း၊ မိမိ၏ ဘလော့ဂ်များ၊ ဝဘ်ဆိုက်များတွင် ပို့စကတ်တင်ပေးခြင်း၊ အီမေးလ်များနှင့် နှုတ်ခွန်းဆက်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး စိမ်းကားနေရာမှ၊ ရင်းနှီးမှုဘက်သို့ ပြောင်းလာပေမည်။
ဤသို့ပြုလုပ်ခြင်းဖြင့် ဘာသာခြား နှင့် တိုင်းရင်းသားများကို တစ်နည်း စည်းလုံးညီညွတ်မှု စီမံကိန်းသို့ဖိတ်ခေါ်နိုင်မည်ဖြစ်သည်။
 တိုင်းရင်းသားများနှင့် ဘာသာတိုင်းမှ သူငယ်ချင်းများလည်း သံသယကင်းစွာနှင့် မြန်မာတို့နှင့် စည်းလုံးညီညွတ်ကြရန် တိုက်တွန်းအပ်ပါသည်။ ယခင်ဖြစ်ပွါးခဲ့သောပဋိပက္ခများကိုမေ့ပြစ်လိုက်ပြီး အသစ်ကပြန်စကြပါစို့လို့အကြံပြု ၍ကောင်းသောဖက်သို့ဖိတ်ခေါ်လိုက်ပါသည်။ -
သင်ဟာ ဗုဒ္ဓဘာသာဘဲဖြစ်ဖြစ်၊ ခရစ်ယာန်ဘဲဖြစ်ဖြစ်၊ တရုတ်ဘဲဖြစ်ဖြစ်၊ မူဆလင် - ဟင်ဒူ - ပန်ချာပီ ဘဲဖြစ်ဖြစ်၊ ဘယ်တိုင်းရင်းသားဘဲဖြစ်ဖြစ်၊ အသားအရေဘယ်လောက်ဘဲ ဖြူနေပါစေ၊ ဘယ်လောက်ဘဲ မည်းနေပါစေ သင်ဟာကျွန်ုပ်နှင့် တစ်မြေတည်းမွေး ညီနောင် မောင်နှမတွေဘဲဖြစ်တယ်။

(ရောင်ခြည်ဦး)
လုပ်ငန်းတစ်ခုကို တိုးတက်အောင်မြင်ရန် ဆိုသည်မှာလွယ်ကူသောအရာမဟုတ်ပါ။ မိမိတို့ထုတ်လုပ်ရောင်းချသော ကုန်ပစ္စည်း၊ ကား၊ အိမ်ယာစီမံကိန်းတို့ ရောင်းချနိုင်ရန် ဖောက်သည်ရှာရပါသည်။ ထို့နောက်မိမိ၏ဖောက်သည်ကို မိမိကုမ္ပဏီ၏ Regular customers ဖြစ်ရန်အမြဲလို ဆက်သွယ်ထားရမည်။

ဖောက်သည်နှင့်သဘောထားမကွဲလွဲရန် ကုမ္ပဏီ အတွက်လွန်စွာအရေးကြီးပါသည်။ ဖောက်သည်နှင့် သဘောထားကွဲလွဲပါက ကုမ္ပဏီ အတွက်ဆုံးရှုံးနစ်နာမှုများဖြစ်
ပေါ်စေမည်မှာ မလွဲမရှောင်သာပေ။ သည်အတွက် ကုမ္ပဏီ Management ပိုင်းဆိုင်ရာကမိမိ ကုမ္ပဏီ နာမည်ကောင်းရှိရန်၊ ထုတ်ကုန်များ Quality ကောင်းစေရန်၊ အလုပ်သမားများစာရိတ္တကောင်းမွန်စေရန်၊ ဖောက်သည် အပေါ်ဆက်ဆံရေးကောင်းမွန်စေရန် အားမာန်စိုက်ကြိုးစားကြရလေသည်။

ကုမ္ပဏီ ဖောက်သည်နှင့်တိုက်ရိုက်ဆက်ဆံရသော Sales and Marketing ဌာနမှဝန်ထမ်းများမှာ အခြား ဌာနများမှ ဝန်ထမ်းများထက် ပိုဂရုစိုက်ကြိုးစားရလေသည်။
ကုမ္ပဏီ Management မှချမှတ်ထားသော Sales target မှီရန် အရောင်းမကျရန်၊ Market ကိုအမြဲ update လုပ်နေရန်အတွက် Sales ဝန်ထမ်းများမှာ နားချိန်ပင်သိပ်မရှိကြချေ။

ဝန်ထမ်းတစ်ယောက်၏ မိမိ၏အလုပ်အောင်မြင်ရန်၊ စီးပွါးရေးရှင်မှ မိမိ၏ ကုမ္ပဏီစီးပွါးရေးအောင်မြင်ရန် ဤကဲ့သို့ တွန်းအားနှင့် အားသွန်ခွန်စိုက်ကြိုးစားနေရလျှင် နိုင်ငံတစ်နိုင်ငံမှာ ပြည်သူလူထုတစ်ရပ်လုံး လူ့အခွင့်အရေးရရန် လွတ်လပ်ရေးရရန်၊ တိုင်းပြည်တိုးတက်အောင်မြင်စေရန် ကြိုးစားရသော နိုင်ငံ့ခေါင်းဆောင်တစ်ယောက်မှာပို၍ပင်မလွယ်ကူလှပေ။

မြန်မာနိုင်ငံအတွက်အသက်ပေးခဲ့ရသော လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ မြန်မာပြည်သူတစ်ရပ်လုံးစည်းလုံးညီညွတ်ရေးကိုပြန်လည်သတိရမိလျှင် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံသို့ကျူးကျော်ဝင်ရောက်သိမ်းပိုက်သော နယ်ချဲ့တို့အားပြန်လည်တိုက်ထုတ်နိုင်ရန် မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသားများနှင့် ဘာသာခြားများကို စည်းလုံးနိုင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ လူထုစည်းလုံးမှုဖြင့် မြန်မာပြည်သူတစ်ရပ်လုံးအား ကျွန်ဘဝမှကယ်တင်နိုင်ခဲ့လေသည်။

ဆေးလိပ်နဲ့ ကျနော်

ဆေးလိပ်နဲ့ ကျနော်

ဆေးလိပ်အ န္တရာယ်
ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေး လွန်စွာထိခိုက်နိုင်တယ်ဆိုတာ အားလုံးလိုလို သိပြီးသားပါ။
ဘာလို့ ဆေးလိပ်သောက်နေပါလည်း မေးရင် ပျင်းလိုပါ။ စတိုင်ပါ။ စမ်းကြည့်တာ။ အကျင့်ပါလို့ပါ။
မိတ်ဖြစ် ဆွေဖြစ် သောက်တာပါ။ ခံတွင်းချဉ်လို့ပါ။ ဘာညာ သာရကာ ထားလိုက်ပါတော့ဗျာ။
သောက်ပါများလာရင်တော့  ညအိပ်တဲ့အခါ ရင်တွေကြပ် ချွှဲတွေကြပ် သလိပ်ကပ် ဝေဒနာကို ကျနော်
မကြာခဏလိုလို ခံစားဘူးပါတယ်ဗျာ။   ဆေးလိပ်ကိုဖျက်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ဘူးပါတယ်။
အထိုက်အလျှောက်လည်း အောင်မြင်ခဲ့ဘူးပါတယ်။ ပထမတစ်ခေါက် ဆေးလိပ်ဖြတ်တော့ တစ်နှစ်ကြာပြတ်သွား ပါတယ်။ ဒုတိယ အကြိမ် ၆လ ကြာပြတ် ပါတယ်။ တတိယအကြိမ် တစ်ပါတ်မျှသာဖြတ် နိုင်ခဲ့ပါတယ်။ ပြန်သောက်မိ ခဲ့ပါတယ်။ လေစစ်( air cleander) သန့်ရှင်းရေးလုပ်သလိုပဲ။
ဆေးလိပ်ဖြတ်စဉ် ကာလမှာ မိမိဘေးမှ ဆေးလိပ် လာသောက်ရင်  second smoker အဖြစ်ခံစား ရတာကို
မလိုလားပါဘူး။ ကိုယ်တိုင်သောက်ရတဲ့ အရသာနဲ့ ဆန့်ကျင်ဖက်ပါပဲ။ အဲဒီ ခံစားလိုက်ရတဲ့ အချိန် မှသာ
ပတ်ဝန်းကျင်ကို သတိထား မိပါတော့တယ်။  ဆေးလိပ်သောက်နေသူရဲ့ အနံ့ အသက်ဆိုးရွား မှု ကို သိသိ
သာသာကြီးသတိထား မိလာပါတယ်။  ဆေးလိပ်ကင်းစင်ဇုံတွေ ထားသင့်တာကို ကျနော်လုံးဝ လက်ခံလာ
ပါတယ်။  second smoker ဘ၀မျိုး ခံစားရတာ ကို ကိုယ်လည်းမခံစားနိုင်သလို သူတစ်ပါကိုလည်း မခံစားစေ
လိုပါဘူး။  ကျနော် ဆေးလိပ်ပြန်မသောက်မိအောင် ၀ိပသနာလေးမှတ်လို့ ဖြတ်နေဆဲ ကာလပါပဲ။
ဆေးလိပ်ဖြတ်ကာလမှာ ညတိုင်းမကြာခဏ လန့်နိုးတာမျိုး၊ တစ်ခုခုလိုနေသလိုမျိုး၊  အစာကိုမကြာခဏ
စားချင်တာမျိုး၊ ဖြစ်တတ်ပါတယ်။ ဒါတွေကတော့ ကျနော့် အတွက်မဆန်းတော့ပါဘူး။   ဆေးလိပ်ဖြတ်ခြင်း
အတွေ့ အကြုံ ရင့်ကျက်နေလို့ပါပဲ။  ကျနော့် တွက် ဂိမ်းစစ်ပွဲ ဆင်နွဲ နေသလို အပျင်းပြေ လေး  စိတ်ကို
ပညာပေး လိုပဲ သဘောထားပါတယ်။ ဆေးလိပ်သောက်ခြင်းမှ ကင်းဝေးပါစေ။ ကျနော် ဆြာဘရိပါ။

Android ဖုန်းများ မြန်မာစာ zawgyi ဖေါင့်အဆင်ပြေသော browser apk

4 Myanmar Browser

Myanmar zawgyi font

4 Myanmar Browser
   ဒေါင်းလုပ်ရယူရန် HERE Download
 

Friday, July 22, 2016

ကတုံး (ကဗျာ)

တောင်ကတုံး

 ကတုံး

မငြိမ်းချမ်းသော စစ်မီး
အပြုံးပန်းက ချစ်တီး
ကုန်းရုံးရှာနေတာ ဓနခရီး
ဘ၀င်ကြီး၊ မာနကြီး၊ အတ္တမီး
ဘယ်လမ်း ဘယ်ခရီး
လက်ဝဲရယ် ၀ါဒီမီး
သံသရာ ချာလပတ်ရမ်း နေတဲ့ ဒီခေတ်ကြီး။
သစ္စာ ဆုံး၊ မေတ္တာဆုံး၊ လစ်ရင်ဗုံး
ဖြစ်သွားရှာတာက
တောင်ကတုံး။
                                             (  ဆြာဘရိ )

Sunday, July 17, 2016

လယ်သမားနှင့် ၀န်ထမ်းပြသာာနာ

ယနေ့လယ်သမားတစ်ဦးရဲ့ မိမိဘ၀ မိမိဖန်တီးပြောင်းလဲ နိုင်ခွင့်ဆိုတာ အတော်မလွယ်သော ကိစ္စတစ်ရပ်ပါ။  ဘာကြောင့်ဒီစကားပြောရသလဲဆိုရင် လယ်သမားတစ်ယောက်ရဲ့ ဘ၀ဟာ လယ်ယာ
လုပ်ကိုင်စားသောက်ရာမှာ လုပ်ငန်းပြောင်းဆောင်ရွက်လိုမှု မှာ ပြသာာနာအရပ်ရပ်ဖြစ်ပေါ်တာပါပဲ။
တောနေလူတန်းစား ရွာပိုင်ဆိုင်တဲ့ လယ်ယာကိုင်ကျွန်းရောင်းချရေးအတွက် အခက်အခဲပြသာာနာ အများ
ကြီး ရှိကြပါတယ်။ မြေယာပိုင်ဆိုင်ခွင့် သက်သေခံ ကဒ်ပြား ကိစ္စ ကအစချီလို့ဆောင်ရွက်မှုတွေမှာ အခက်အခဲ အမျိုးမျိုး ကြုံတွေ့ကြရပါတယ်။ တောင်သူတွေကို လယ်ယာသက်သေခံ ကဒ်ပြားတွေကို
ထုတ်ပေးပြီးလို့ လူထုကိုကြေညာခဲ့မှုတွေဟာ တကယ်တော့ အားလုံးကို မလုပ်ပေးခဲ့ပါဘူး။ ဒါတွေစိစစ်
ပေးဘို့ ယခင်အစိုးရ မှာပျက်ကွက်ခဲ့တာ အများအပြားပါပဲ။ ဒီကိစ္စဟာ လယ်ဆယ်ဝန်ကြီးနဲ့ ဆိုင်ပါတယ်။
ယခင်အစိုးရဟာ စေတနာမှန်နဲ့ တကယ်ရောလုပ်ခဲ့တာလား ဆိုတာမေးရမဲ့မေးခွန်းပါ။ သူတို့တွေ
ဝန်ထမ်းတွေကို

Saturday, July 16, 2016

မိုးကုတ်ဆရာတော်ဘုရားကြီး တရားတော်MP3 8.15MB ဒေါင်းရန်

မိုးကုတ်ဆရာတော်ဘုရားကြီး တရားတော်MP3 8.15MB ဒေါင်းရန်

                                    

တရားအားမထုတ်မှီ နာကြားသင့်တော် တရားတော်ဖြစ်ပါသည်။ download  ယူနာကြားပါ။

အာဏာရှင် ဆိုတာ ဖစ်တီး တူ ဖစ်တီး ပဲ(50 to 50)

နိုင်ငံရေး သမား ဆိုတာ စေတနာ ၀န်ထမ်းပါပဲ။ နိုင်ငံရေးသမားကောင်း တစ်ယောက်ဟာလည်း  အာဏာ
ငွေကြေး ကြောင့် နိုင်ငံရေး ကနေ အာဏာရေးသမား ဖြစ်သွားတတ်ပါတယ်။ အာဏာ ငွေကြေး ယစ်မူးသွား
ပြီ ဆိုရင်တော့ ရွေးချယ်ရေး လမ်းလွဲ သွားတတ်ပါတယ်။ ဒါကလည်း နိုင်ငံရေး အမြင်သမား တစ်ယောက်
အနေနဲ့ မြင်တဲ့ အမြင်သဘောပါပဲ။ တပ်မတော်ဟာ သန္ဓေတည် ပေါက်ဖွား ပေးလိုက်တာကတော့ နိုင်ငံရေး
သမားကောင်း စိတ်ဓါတ်ပါ ပဲ။ အာဏာနဲ့ ငွေကြေး ကြောင့်သာလျှင် အာဏာရှင်တစ်စုဆိုတာ ဖြစ်ပေါ်လာ
ခဲ့တာပါပဲ။ ဒါကြောင့် အာဏာသိမ်းမှုတွေကို လက်ခံသင့်တဲ့ အတိုင်းအတာ တစ်ရပ်ဆိုတာရှိလာရ မြဲပါပဲ။
အာဏာသိမ်းခြင်း ဆိုရာဝယ် အာဏာကို ဆုတ်ကိုင်လိုသောကြောင့် အာဏာသိမ်းတာလည်း ရှိတာပါပဲ။
အာဏာသိမ်းမှုတွေမှာ အကြောင်းအကျိုး ညီညွတ်ချိန်မှာသာ အာဏာသိမ်းတတ်ပါတယ်။ အာဏာရှင်
တွေဟာ လူထုတစ်ရပ် အပိုင်းနှစ်ပိုင်း အမြင် နှစ်ရပ် ဖစ်တီးတူ ဖစ်တီးဆို သိမ်းလို့ ရပါပြီ။ အာဏာရှင် တည်ဆောက်လို့ရပါပြီ။ ဖစ်တီးဆိုတာ ဆန့်ကျင်ဖက်အုပ်စုနှစ်ခု ကွဲပြဲခြင်းကိုဆိုလိုပါတယ်။ နိုင်ငံရေး သမား
ကောင်းတစ်ယောက်ဆိုလျင် ညီညွတ်ရေး လမ်းစဉ်ကို ဦးတည်ရမှာပဲ ဖြစ်ပါတယ်။ ညီညွတ်ရေးလမ်းစဉ်
တကယ်တမ်းသွားချင်။ မသွားချင်ဆိုတာကတော့ လက်နက်ကိုင်ခေါင်းဆောင်တွေ နိုင်ငံရေး ဇာတ်ခုံ ပေါ်မှာ တစ်ပွဲ တစ်လမ်း ကြည့်ရှုကြည့်ရပါမယ်။ စိတ်ရင်းကောင်းလား စိတ်ထားကောင်းလားဆိုတာ သိရမယ့်အခြေ
အနေပါပဲ။ အာဏာရှင်ဟာ ညီညွတ်ရေးကို မသွားတတ်ပဲ သွေးခွဲရေးလမ်းက အမြတ်ထုတ်တတ်ကြပါတယ်။
မီးစတစ်ဖက် ရေမုတ်တစ်ဖက် ကိုင်နေမယ်ဆိုတာကို သတိပြုသင့်ပါတယ်။ အရပ်အာဏာရှင်၊ စစ်အာဏာရှင်၊ သောင်းကျန်းသူအာဏာရှင် များအဆုံးသတ် လမ်းမှန်ပေါ် ရောက်မှသာ ဒီမိုကရေစီ  နိုင်ငံ တော်ဖြစ်လာဖို့ အလားအလာကောင်းများ ဖြစ်ပေါ်လာ နိုင်ကြောင်း  အပြုသဘောဆောင် တင်ပြအပ်လိုက်ရပါတယ်။   ။
မြန်မာနိုင်ငံမြေပုံ

Friday, July 15, 2016

leo rojas


မြို့တော်စည်ပင်၊ မြေယာစီမံခန့်ခွဲရေး လက်စွဲ

Download ရယူဖတ်ရှုနိုင်ပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ မြို့ပြမြေယာစီမံခန့်ခွဲရေးနှင့်ပတ်သက်လို့ ထုတ်ပြန်ထားသည့် နည်းဥပဒေလက်စွဲပါ။

Facebook Cyber Byllying နှင့် တရားစွဲဆိုခြင်းဥပဒေ

မင်္ဂလာပါ… ကျတော်ဒီကြောင်းအရာကို ပြောဖို့အတွက် တော်တော်လေး စဉ်းစားခဲ့ရပါတယ်။ ဘာလို့လည်း ဆိုတော့ IT လောကမှာ IT သမားတစ်ယောက် ဥပဒေရဲ့ အကြောင်းအရာတွေနဲ့ ယှဉ်ပြီးပြောလာတဲ့အခါမှာ ဥပဒေအကြောင်း အသေအချာနားလည်ပြီး ဥပဒေဖက်ကနေ လုပ်ကိုင်နေကြတဲ့ ဆရာကြီးတွေရဲ့အမြင်၊ ဥပဒေ နဲ့ ပတ်သက်ပြီး လုပ်ကိုင်နေကြတဲ့ သူတွေအားလုံးရဲ့ အမြင်မှာ ကျတော့်ကို အမြင်တစ်မျိုးဖြစ်မှာလည်း စိုးရိမ် မိပါတယ်။ ဒါပေမယ့်လည်း ကျတော် မပြောမဖြစ်မို့လို့ ပြောရပါမယ်။ ဘာလို့လည်းဆိုတော့ ကျတော်တို့ IT လောကမှာက တစ်ခြားလောကတွေလို Limitation မရှိလို့ ဖြစ်ပါတယ်။ ဘာကြောင့် Limitation မရှိသလည်း ဆိုတော့ နည်းပညာဆိုတာ ဘယ်တော့မှ ရပ်တန့်သွားတဲ့အရာမဟုတ်လို့ပါပဲ၊ လေ့လာလေ မကုန်ခမ်း လေဖြစ် ပါတယ်။ အထူးသဖြင့် ဒီရက်ပိုင်းမှာတွေ့မြင်နေရတဲ့ ဆက်သွယ်ရေးဥပဒေ၊ အီလက်ထရောနစ်ဥပဒေ တွေနဲ့ တရားစွဲဆိုခြင်းဆိုတာတွေ အဖြစ်များလာတာကိုတွေ့မြင်ရသလို၊ နောင်များတွင်လည်း မြန်မာနိုင်ငံမှာ ဒီဥပဒေ နဲ့ပတ်သက်ပြီး အဖြစ်များလာမှာဖြစ်ပါတယ်။ ဘာကြောင့်လည်း…. အဖြေကတော့ ယနေ့ ခေတ်က IT Century ဖြစ်တဲ့အတွက်ကြောင့် လူတိုင်း Social Media ကို အသုံးပြုလာကြပါတယ်။ ဒီ Social Media ကနေပဲ ဗဟုသုတ တွေရနိုင်သလို၊ ဒီ Social Media ပေါ်ကနေပဲသတင်းအချက်အလက်တွေ၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးတွေကို လုပ်ဆောင်လာနိုင်ကြပါတယ်။ Social Media ကိုကောင်းတဲ့ဖက်ကနေမြင်ပေးရမယ်ဆိုရင် ယခင်က ကျတော်တို့ မီးလောင်တယ်ဆိုတဲ့ မီးသတင်းကြားပြီဆိုရင် မီးသတ်ကို ဖုန်းဆက်ပြီး မေးမြန်းရပါတယ်။ ဒါပေမယ့် ဖုန်းက မအားတာများတဲ့အတွက်ကြောင့်ဘယ်မှာ လောင်နေသလည်း ဆိုတာ မသိနိုင်ပါဘူး။ ဒါပေမယ့် ယနေ့ Facebook အသုံးများလာတဲ့အတွက်ကြောင့် မြန်မာနိုင်ငံမီးသတ် ရဲ့ Facebook Page ကို Like and Get Noti လုပ်ထားတဲ့အတွက်ကြောင့် အချိန်နဲ့ တပြေးညီ ဘယ်နေရာမှာ မီးလောင်နေတယ်။ လောင်နှုန်းဘယ်လောက်ရှိတယ်။ ဘယ်လောက်ဆုံးရှုံးသွားတယ်ဆိုတာကို အလွယ်တကူ သိရှိလာနိုင်ပါတယ်။ ထို့အတူပဲစီးပွားရေးနဲ့ ပတ်သက်လို့ယခင်က ကုန်ပစ္စည်းတွေ ရောင်းချတဲ့အခါမှာ Investment အနေနဲ့ ဆိုင်ခန်း၊ မီတာခ၊ ဆိုင်ခန်းပြင်ဆင်စရိတ်၊ ၀န်ထမ်းစရိတ်၊ မီတာခ၊ ရေခွန်၊ ၀န်ထမ်း စရိတ် စတာတွေနဲ့ တည်ထောင်ရပါတယ်။ ဒါပေမယ့် ယနေ့ခေတ်မှာတော့ Online Shopping တွေပေါ်လာပြီး Internet ပေါ်မှတဆင့် မိမိရဲ့ ထုတ်ကုန်ပစ္စည်းတွေကို အလွယ်တကူ အချိန်နဲ့ တပြေးညီ ၀န်ဆောင်မှုပေးခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းတွေလုပ်ဆောင်လာနိုင်ကြပါတယ်။ ပညာရေး အနေနဲ့လည်း  ယခင်က ကျတော်တို့ ကွန်ပျူတာ သင်တန်းတွေတက်ချင်တဲ့ အခါမှာ မုန့်ဖိုးလေးတွေစုစောင်းပြီး တက်ရောက် သင်ကြားရပါတယ်။ ဒါပေမယ့် ယနေ့ခေတ်မှာ သာမာန် ကွန်ပျူတာ အခြေခံလောက်အတွက်ကတော့ သင်တန်း တက်စရာမလိုပဲ Facebook က ပညာမျှဝေနေနဲ့ Page တွေ Blog တွေကနေတဆင့် လေ့လာလျှင် လေ့လာ သလောက် အတတ်ပညာကို အလွယ်တကူ ရယူနိုင်ပါတယ်။ ဒါတွေကတော့ Social Media ရဲ့ အားသာချက် ဖြစ်ပါတယ်။ ဒါတွေကတော့ ကောင်းတဲ့ဖက်ကနေ တွေးပေးလို့ ကောင်းတဲ့ဖက်ဖြစ်တာပါ။ သို့ပေသိ Facebook ဆိုတဲ့ Social Media ကနေပဲ လူကုန်ကူးမှုတွေ၊ မသမာမှုတွေ၊ ခြိမ်းခြောက်မှုတွေ၊ အနိုင်အထက် ပြုကျင့်မှုတွေလည်း တနေ့တစ်ခြား တိုးပွားလာတာကိုတွေ့မြင်ရပါတယ်။ အချို့က လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် ကို ထိခိုက်နစ်နာစေရန် တိုက်ခိုက်ပုတ်ခတ်ကြသလို၊ အချိ့က အသင်းအဖွဲ့ တစ်ခုခုကို တိုက်ခိုက်ပုတ်ခတ်ပြောဆိုနေကြတာကိုတွေ့မြင်နေရပါတယ်။ ဒီလို လုပ်ဆောင်မှုတွေအတွက်လည်း အရေးယူ မှုတွေက တနေ့ထက်တနေ့ များပြားလာတာကို စာဖတ်သူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့တွေ့ဖူးကြမှာပါ။ သို့ပေသိ… ထိုပြဿနာရပ်တိုင်းအတွက် တရားစွဲဆိုရာတွင် ပြည်သူတစ်ဦးတစ်ယောက် သို့တည်းမဟုတ် သာမာန် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က တိုင်တန်းတရားစွဲဆိုခြင်းမျိုး မတွေ့ရှိရပဲ ငွေများငွေနိုင် တရားစွဲဆိုခြင်း၊ အာဏာများအာဏာနိုင်တရားစွဲဆိုခြင်းများကိုသာ အများဆုံးတွေ့မြင်နေရပါတယ်။ ယနေ့ ၀န် လိုင်းမှာ အဖြစ်များတဲ့ Bullying Case တွေနဲ့ အခြေခံပြီး ဆက်ပြောပါရစေ…. Facebook ကိုသုံးစွဲသူအများစု မြင်တွေ့နေရတဲ့ Bullying Case တွေကတော့ မိန်းကလေးတစ်ဦး သို့တည်းမဟုတ် လူတစ်ဦးဦးရဲ့ Facebook Account ကို Hacked လုပ်ခြင်းဖြင့်သော်လည်းကောင်း၊ ထို သူ တစ်ဦးတစ်ယောက်ဆီမှ ဓာတ်ပုံအချို့ကို ရယူ၍ မသာမောသော ပြင်ဆင်မှုများဖြင့် ညစ်ညမ်းသော Facebook စာမျက်နှာများပေါ်တွင် တင်ပြီး အသားရည် ပျက်စေရန် ခြိမ်းခြောက်ပြောဆိုပြီး Phone Bill ညှစ်ခြင်း၊ ငွေညှစ်ခြင်း။ လုပ်ငန်းလုပ်ဆောင်နေသော Facebook Page များ၊ ဘာသာရေး Page များအား မသမာသောနည်းလမ်းဖြင့် ရယူသိမ်းပိုက်၍ ပေါက်ပန်းလေးဆယ် တင်ခြင်း စသည့်ကိစ္စရပ်များ။ စသည့် အဖြစ်အပျက်များဟာ တရားစွဲဆို နိုင်လောက်တဲ့ လုပ်ရပ်တွေဖြစ်ပါတယ်။ ဒီလိုတရားစွဲဆိုနိုင်တဲ့ လုပ်ရပ်ဆိုပေမယ့် တရားစွဲဆိုလာတဲ့အခါမှာ မည်သို့ ပုဒ်မတပ်၍ တိုင်တန်းရမလည်းဆိုတာ အရမ်းအရေးကြီးပါတယ်။ ကျတော်တို့လည်း ယခင်က ကြုံဖူး ခဲ့ကြပါတယ်။ ထိုကစ္စမျိုးအတွက် စဉ်းစားမိတဲ့ ပုဒ်မ တစ်ခုက အသရည်ဖျက်မှုဟူ၍သာ စဉ်းစားမိခဲ့ကြပါတယ်။ သို့ပေသည့် ယနေ့ အချိန်အခါတွင်တော့ အသရည်ဖျက်မှု အပြင် ဆက်သွယ်ရေး ဥပဒေ ဖြင့်လည်း တရားစွဲဆိုလာနိုင်ပါတယ်။ ဒီလိုကိစ္စမျိုးအတွက် တရားစွဲဆိုတဲ့ခါမှာ အခြေခံအချက်လေးတွေကိုတော့ လေ့လာထားသင့်ပါတယ်။ ဒါမှလည်း မည်သို့သော အပြုအမူတွေကိုတော့ ဖြင့် အလွယ်တကူ ပုဒ်မဆွဲတင်၍ တရားစွဲဆိုနိုင်မလည်းဆိုတာကို သေချာနားလည်ကြမှာပါ။ ဒါကြောင့်….အရင် ဆုံး Cyber Crime ဆိုတာကိုရှင်းပြပါရစေ…
          မြန်မာနိုင်ငံ၏တည်ဆဲဥပဒေတွေထဲမှာ Cyber Crime ရယ်လို့ သီးခြားပြဌာန်းထားတာ မရှိတော့၊ အနောက်နိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများက ဥပဒေတွေမှာ ရှာကြည့်တော့ ဒီလိုတွေရပါတယ်။ Cyber Crime ဆိုတာ “ကွန်ပြူတာ သို့မဟုတ် အလားတူပစ္စည်း၊ သို့တည်းမဟုတ် ဆက်သွယ်ရေးကိရိယာများကို အသုံးပြု၍
(က) အလွန်အကျူးနောက်ပြောင်သော သို့မဟုတ် ခြိမ်းခြောက်သည့်သဘောသက်ဝင်သော သတင်းအချက် အလက်များပေးပို့ခြင်း၊
(ခ)  စိတ်ငြိုငြင်စေရန်၊ စိတ်အနှောက်အယှက်ဖြစ်စေရန်၊ မန္တရာယ်ဖြစ်စေရန်၊ တားဆီးပိတ်ပင်ရန်၊ အသရေပျက်စေရန်၊ အကျိုးပျက်စီးစေရန်၊ ရာဇ၀တ်မကင်းသောခြောက်လှန့်တောင်းယူမှုပြုရန်၊ ခိုက်ရန်ဖြစ်ပွားစေရန်၊ အမုန်းပွားစေရန် သို့မဟုတ် စိတ်ဆင်းရဲခြင်းဖြစ်စေရန် ရည်ရွယ်ချက်တစ်ရပ်ရပ်ဖြင့် မမှန်ကန်သော သတင်းအချက်အလက်များ ပေးပို့ခြင်း၊
(ဂ)  အီးမေးလ်တွင် စာသား၊ ရုပ်ပုံ၊ အသံ နှင့် အခြားအီလက်ထရောနစ်မှတ်တမ်းတစ်ခုခု စသည်တို့ကို စိတ်ငြိုငြင်မှုဖြစ်ပေါ်စေရန်၊ သို့မဟုတ် စိတ်အနှောက်အယှက်ဖြစ်စေရန် သို့မဟုတ် မူရင်းသတင်းအမှန်ကိုလှည့်ဖျားရန် သို့မဟုတ် အလွဲဖေါ်ဆောင်ရန် ပူးတွဲပေးပိုခြင်း”စတဲ့ အချက်အလက်တွေက Cyber Crime ဟုခေါ်တွင်သော အွန်လိုင်းမှုခင်း ဆိုင်ရာထဲမှာ အကျုံးဝင်ပါတယ်။
By; Maung Maung Nyint 
Facebook Cyber Byllying နှင့် တရားစွဲဆိုခြင်းဥပဒေ download ရယူရန်ဖတ်ရှုနိုင်ပါသည်။

Thursday, July 14, 2016

ရာဇသတ်ကြီးဥပဒေဆိုတာ ဥပဒေဟုတ်ရဲ့လား

ဦးကျော်အေး
အတွဲ ၂၉ ၊ အမှတ် ၅၇၈ (၂၀ - ၂၆ ၊ ၇ ၊ ၂၀၁၂)
ပထမအကြိမ် ပြည်ထောင်စုလွှတ် တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့ရဲ့ စတုတ္ထပုံမှန်အစည်း အဝေးများ ကျင်းပနေတဲ့ကာလအတွင်းမှာ ထူးခြားတဲ့လုပ်ဆောင်မှုတစ်ခုကို တွေ့ရှိရတယ်။
လွှတ်တော်ကိုတင်ပြမယ့် ဥပဒေကြမ်းတွေကို နိုင်ငံပိုင်သတင်းစာ တွေမှာ အချပ်ပိုအဖြစ် ထည့်သွင်းပေး ခြင်းဖြစ်ပါတယ်။ 'ပြည်သူအများသိရှိ လေ့လာ အကြံပြုနိုင်ရေးအတွက် ဖော်ပြ ခြင်းဖြစ်သည်' ဆိုတဲ့ စာတစ်ကြောင်းကို လည်း အောက်ခြေမှာ ဖော်ပြထားတယ်။
ဒါဟာ လက်ရှိအစိုးရခေတ်မှာ ဆောင် ရွက်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေထဲက နောင်လာနောက်သားတွေ (မျိုးဆက် သစ်တွေ) အတွက် အစဉ်အလာကောင်း တစ်ခုရဲ့ 'အစ' အဖြစ် သမိုင်းတွင်ရစ်မယ့် လုပ်ဆောင်ချက်တစ်ရပ် ဖြစ်တယ်လို့ လည်း ဆိုနိုင်မှာ ဖစ်ပါတယ်။
အင်္ဂလိပ်ခေတ်နဲ့ လွတ်လပ်ရေးရပြီး ပါလီမန်ခေတ်တွေတုံးကတော့ အင်္ဂလိပ် ခေတ်က "Burma Gazette" လို့ခေါ်ပြီး ပါလီမန် ခေတ်မှာ 'မြန်မာနိုင်ငံပြန်တမ်း' လို့ခေါ်တဲ့ အပတ်စဉ်ထုတ် အစိုးရ ပြန်တမ်းမှာ Bill လို့ခေါ်တဲ့ 'ဥပဒေကြမ်း' နှင့် 'ပြဋ္ဌာန်းပြီးဥပဒေ' တွေကို ထည့်သွင်း ဖော်ပြခဲ့တာတော့ ရှိပါတယ်။
ဒီလိုဖော်ပြ ရတာကတော့ အင်္ဂလိပ်တို့ရဲ့ (နောင်မှာ မြန်မာတို့လည်း လက်ခံထားတဲ့) ဥပဒေ ဆိုင်ရာ အခြေခံသဘောတရားတစ်ရပ် ကြောင့် ဖြစ်ပါတယ်။
အများနားလည် လွယ်အောင် အကျဉ်းချုပ်ပြီးပြောရမယ် ဆိုရင်တော့ "ဥပဒေတစ်ရပ်၊ ဥပဒေ အာနိသင်ရှိတဲ့ အမိန့်တစ်ရပ်၊ အုပ်ချုပ်ရေးဆိုင်ရာအမိန့်တစ်ရပ်ကို 'ပြန်တမ်း' ထဲမှာ ထည့်သွင်းဖော်ပြပြီးဖြစ်လျှင် ဒါဟာ အစစ်အမှန်ဖြစ်တယ်၊ ပြည်သူ/ ပြည်သားအားလုံး သိရှိပြီးဖြစ်တယ်လို့ မှတ်ယူရမယ်၊ ကျွန်တော်/ကျွန်မအနေ ဖြင့် မသိလို့ပြုလုပ်မိတာပါလို့ ဆင်ခြေ ပေးခွင့်၊ ခုခံချေပခွင့်မရှိ" ဆိုတဲ့အဓိပ္ပာယ် ပဲ ဖြစ်ပါတယ်။
ပြည်သူအားလုံးကို ဥပဒေနှင့်အညီ အသိပေးပြီးဖြစ်တယ်လို့ ဆိုလိုတဲ့သဘောပါ။ တကယ်ဆိုတော့ အစိုးရပြန်တမ်းကို ဖတ်တယ် ဆိုတာ ဌာနဆိုင်ရာ အစိုးရ၀န်ထမ်းတွေ၊ ရှေ့နေ တွေ၊ သတင်းသမားတွေနဲ့ ကုမ္ပဏီ လူကြီးတချို့လောက်ပဲရှိတာပါ။
ယခု သတင်းစာထဲမှာ ထည့်တာလောက်တော့ ကျယ်ပြန့်မှုမရှိပါဘူး။ တော်လှန်ရေးကောင်စီ ခေတ်၊ လမ်းစဉ်ပါတီခေတ်၊ တပ်မတော် အစိုးရ ခေတ်တွေမှာတော့ ဥပဒေကြမ်းတွေကို သတင်းစာတွေထဲမှာ မထည့်ဘူး။
ဥပဒေ အဖြစ် ကြေညာပြဋ္ဌာန်းတဲ့အခါမှာပဲ ထည့်ပေးတယ်။
ဒီလိုထည့်ပေးရတာက လည်း အထက်မှာပြောခဲ့တဲ့ ဥပဒေရဲ့ အခြေခံသဘောတရားအရ ဖြစ်တဲ့ အပြင် ဥပဒေကိုလူတိုင်း သိရှိ နားလည် လျှင် တိုင်းပြည်အတွက် ပိုပြီး အကျိုး ဖြစ်ထွန်းမယ်ဆိုတဲ့ အယူအဆအရ အများပြည်သူသိပါစေဆိုတဲ့ ရည်ရွယ် ချက်နဲ့ ထည့်ပေးခြင်းဖြစ်ပါတယ်။
ဥပဒေတစ်ရပ်အဖြစ် အသက်ဝင်ဖို့က အင်္ဂါသုံးရပ်နဲ့ ပြည့်စုံရမှာဖြစ်တယ်။ (၁) ဥပဒေပြုအဖွဲ့က ဥပဒေအဖြစ်ပြဋ္ဌာန်း ဖို့ဆုံးဖြတ်ပြီး ဖြစ်ရမယ်၊ (၂) နိုင်ငံတော် အကြီးအကဲ (ဘုရင်၊ သမ္မတ၊ ဥက္ကဋ္ဌ စသည်) က လက်မှတ်ရေးထိုးရမယ်၊ (၃) ပြည်သူအများသိရှိအောင် အစိုးရ ပြန်တမ်းမှာ ထုတ်ပြန်ကြေညာရမယ်ဆို တဲ့ အချက်တွေဖြစ်ပါတယ်။
ဒါ့ပြင် နောင်ကာလရှည်ကြာစွာ သမိုင်း အထောက်အထားအဖြစ် ကျန်ရစ်စေဖို့ ဆိတ်သားရေ (goat skin) လို့ခေါ်တဲ့ တာရှည်ခံ စက္ကူထူတစ်မျိုးအပေါ်မှာ ဥပဒေ(အချော)ကို ကူးယူပြီး နိုင်ငံတော် အကြီးအကဲက လက်မှတ်ရေးထိုးပေး ထားတဲ့ မူရင်းဥပဒေကို မော်ကွန်းတိုက်မှာ ထိန်းသိမ်းထားရပါတယ်။
ဆောင်းပါးအစမှာ ဖော်ပြခဲ့တဲ့ အတိုင်း လက်ရှိ လွှတ်တော်များရဲ့ ပုံမှန်အစည်းအဝေးများ ကျင်းပနေတဲ့ ကာလအတွင်းမှာ လွှတ်တော် များသို့ တင်ပြမယ့်ဥပဒေကြမ်းများကို နိုင်ငံပိုင် သတင်းစာများမှာ အချပ်ပိုအဖြစ် ထည့် သွင်းပေးလိုက်လို့ ဥပဒေကြမ်းခုနစ်ခုကို စာရေးသူရရှိထားပါတယ်။
(၁) လာဘ် ပေးလာဘ်ယူမှု ပပျောက်ရေးဥပဒေ ကြမ်း၊ (၂) ရာဇသတ်ကြီးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ (၃) ကာလ စည်းကမ်းသတ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ (၄) တရားရုံးများ မထီမဲ့မြင် ပြုမှုဥပဒေကြမ်း၊ (၅) ပစ္စည်းလွှဲပြောင်း ခြင်း အက်ဥပဒေကိုပြင်ဆင်သည့်ဥပဒေ ကြမ်း၊ (၆) တရားမကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း၊ (၇) ရာဇ၀တ် ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေ ကြမ်း တို့ဖြစ်ပါတယ်။
ဒီအထဲမှာ ထူးဆန်း တာတစ်ခုကတော့ 'ရာဇသတ်ကြီး ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း' ဆိုတာပါပဲ။
ဒီဥပဒေကြမ်းရဲ့ခေါင်းစီးကို ဖတ်လိုက်တာနဲ့ စာရေးသူခေါင်းထဲမှာ ရေးစရာ (ပြဿနာ) ၀င်လာတာနဲ့ ဒီဆောင်းပါးကိုရေးလိုက်တာပါ။
'ရာဇသတ်ကြီးဥပဒေကို ပြင်ဆင် သည့် ဥပဒေကြမ်း' ဆိုတဲ့ ဥပဒေခေါင်းစီး (အမည်)ကို ဖတ်လိုက်တာနဲ့ စာရေးသူ စိတ်ထဲမှာ ပေါ်လာတာက 'ရာဇသတ် ကြီး ဥပဒေဆိုတာ ရှိလို့လား'၊ 'ရာဇသတ် ကြီးဆိုတာ ဥပဒေဟုတ်ရဲ့လား' ဆိုတဲ့ မေးခွန်းများ ဖြစ်ပါတယ်။
ဒီနေရာမှာ လည်း ဒီဥပဒေနဲ့ပတ်သက်လို့ နောက်ခံ သမိုင်းကြောင်းကို ပြောဖို့လိုဦးမှာပါ၊ 'ရာဇသတ်ကြီး'ရယ်လို့ မြန်မာဘာသာ ပြန်ဆိုထားတဲ့ မူရင်းဥပဒေက အင်္ဂလိပ် ဘာသာနဲ့ပြဋ္ဌာန်းခဲ့တဲ့ "The Indian Penal Code" ဖြစ်ပါတယ်။ ဒီဥပဒေကို အင်္ဂလိပ်ကိုလိုနီ ဖြစ်ခဲ့တဲ့ အိန္ဒိယနိုင်ငံ အတွက် ၁၈၆၀ ပြည့်နှစ်၊ အက်ဥပဒေ အမှတ် (၄၅)အဖြစ် ပြဋ္ဌာန်းခဲ့ပြီး ၁၈၆၁ ခုနှစ်၊ မေလ ၁ ရက်နေ့မှာ စတင် အာဏာတည်ခဲ့ကြောင်း မြန်မာနိုင်ငံ ဥပဒေအတွဲ(၈)မှာ ဖော်ပြထားပါတယ်။
၁၈၈၆ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်နေ့က စပြီး မြန်မာပြည် ကို ဗြိတိသျှအိန္ဒိယရဲ့ ပြည်နယ်တစ်ခုအဖြစ် သွတ်သွင်းသတ် မှတ်လိုက်တဲ့ အတွက် "The Indian Penal Code" ဟာ မြန်မာပြည်က လိုက်နာရမယ့် ဥပဒေတစ်ခုဖြစ်လာခဲ့ပါ တယ်။
လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ "Indian" ဆိုတဲ့စကားလုံးကိုဖြုတ်ပြီး "The Penal Code" လို့ သုံးစွဲခဲ့တာ ယနေ့အထိပဲဆိုပါတော့။
(ဒီဥပဒေကို အိန္ဒိယပြည်တွင် အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းခဲ့ရာမှာ အိန္ဒိယပြည်သူအများ နားလည်စေရန် တိုင်းရင်းသားဘာသာ စကားဖြင့် ဘာသာပြန်ဆိုခြင်းမပြုမီ အာဏာတည်စေခြင်း မဖြစ်သင့်လို့ ယူဆပြီး အမှန်တကယ် ဥပဒေအာဏာတည်သည့်နေ့အဖြစ် ၁၈၆၂ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်နေ့ကို ၁၈၆၁ ခုနှစ်၊ အိန္ဒိယဥပဒေ အမှတ်(၆)ဖြင့် ပြင်ဆင်သတ်မှတ်ခဲ့ကြောင်း အိန္ဒိယဥပဒေ ကျမ်းပြုပညာရှင် များရေးတဲ့စာအုပ်များမှာတွေ့ပါတယ်) အမှန်အားဖြင့် 'ရာဇသတ်ကြီး' ဆိုတာ မူရင်းဥပဒေရဲ့အမည်ဖြစ်တဲ့ "The
Penal Code"
ကို တိုက်ရိုက် ဘာသာ ပြန်ဆိုထားတာမဟုတ်ဘဲ သဘော အဓိပ္ပာယ်အားဖြင့်တူညီတဲ့ မြန်မာ ဝေါဟာရအဖြစ် အသုံးပြုထားခြင်း ဖြစ်ပါ တယ်။
"Penal" ရဲ့ မြန်မာလိုအဓိပ္ပာယ် က 'ပြစ်မှုနှင့်သက်ဆိုင်သော' (၀ါ) 'ပြစ်မှု ဆိုင်ရာ'၊ 'ပြစ်ဒဏ်ပေးသော' လို့ ဖြစ်ပါ တယ်။ 'ရာဇသတ်' ဆိုတာက မင်းရဲ့အမိန့်၊ သို့မဟုတ် မင်းရဲ့အမိန့်ကို ဆန့်ကျင် ကျူးလွန်သူများကို ပြစ်ဒဏ်ပေးတဲ့ ဥပဒေလို့ အဓိပ္ပာယ်ရတာကြောင့် ရှေးခေတ် ဥပဒေဘာသာပြန်ဆရာကြီး များက "The Penal Code" ကို 'ရာဇသတ်ကြီး'လို့ ပြန်ဆိုခဲ့တာဖြစ်ပါ လိမ့်မယ်။
ဒါပေမယ့် 'ရာဇသတ်ကြီး' နောက်မှာတော့ 'ဥပဒေ' ဆိုတဲ့စကားလုံးကို ထည့်ထားတာမတွေ့ရဘူး။ (တရားသူကြီးများက စီရင်ချက် ရေးသားကြရာ မှာ 'ရာဇသတ်ကြီးဥပဒေ' လို့ သုံးစွဲတာ မျိုးတော့ ရှိကောင်းရှိနိုင်ပါတယ်။) လွတ်လပ်ရေးမရမီ ကာလတုန်းက တော့ တရားသူကြီးတွေရဲ့စီရင်ချက်တွေ၊ စီရင်ထုံးတွေကို အင်္ဂလိပ်လို ရေးသားခဲ့ ကြတာဖြစ်လို့ "The Penal Code" ကို မြန်မာဘာသာ ပြန်ဆိုသုံးစွဲဖို့ မလိုအပ်ခဲ့ဘူး။
လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၇၃ ခုနှစ်လောက်အထိ စီရင်ချက်၊ စီရင်ထုံးတွေမှာ 'ရာဇသတ်ပုဒ်မ --'၊ 'ရာဇသတ်ကြီးပုဒ်မ ---' စသည်ဖြင့် သုံးစွဲ ခဲ့ကြပါတယ်။ (တချို့တလေ 'ရာဇသတ်ဥပဒေ' ဆိုပြီး သုံးစွဲတာတွေလည်းရှိနိုင်ပါတယ်)။ ၁၉၇၄ ခုနှစ်မှာ 'ဆိုရှယ်လစ်' ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်လာတဲ့ နောက်ပိုင်းမှာတော့ ရာဇ (ရာဇာ) ဆိုတာ ရှင်ဘုရင်(မင်း) နှင့်သက်ဆိုင်တဲ့ ဝေါဟာရဖြစ်တဲ့အတွက် 'ဆိုရှယ်လစ်' တွေက 'ရာဇ' ပါတဲ့အသုံးအနှုန်းတွေကို မသုံးလိုကြတော့ဘူး၊
ဒါကြောင့် "The Penal Code" ကို 'ပြစ်မှုဆိုင်ရာဥပဒေ' ဆိုပြီး ဘာသာပြန်ဆိုသုံးစွဲလာခဲ့ကြတာ ယနေ့ထိဖြစ်ပါတယ်။ ( Code ဆိုတဲ့ အဓိပ္ပာယ်ကိုတော့ ဆောင်းပါးရှည်နေ မှာစိုးလို့ ဒီနေရာမှာ မရှင်းလင်းတော့ဘူး။ ပြဋ္ဌာန်းထားပြီး/ရှိပြီး ဥပဒေ ပေါင်းချုပ်၊ သို့မဟုတ် ဥပဒေစာအုပ်လို့ ပဲ မှတ်ယူကြပါရန်။ ရှေးခေတ်ကတော့ 'ကိုဓဥပဒေ'လို့ ဘာသာပြန်သုံးစွဲခဲ့ပါတယ်၊ ဥပဒေနှင့်အတူတူပါပဲ။)
စာရေးသူရဲ့လက်မှာ အခုရှိနေတာက ၁၉၆၈ ခုနှစ်မှာ ဗဟိုပုံနှိပ်တိုက် (အစိုးရ ပုံနှိပ်တိုက်)က ပုံနှိပ်ထုတ်ဝေခဲ့တဲ့ "ရာဇ သတ်ကြီး" စာအုပ်ဖြစ်ပါတယ်။ ('ရာဇသတ်ကြီး' နောက်မှာ 'ဥပဒေ'ဆိုတဲ့ စကားလုံး မပါပါဘူး။) ဒီစာအုပ်မျက်နှာ ဖုံးနဲ့ အတွင်းမျက်နှာဖုံးတို့မှာ "၁၉၆၃ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့ထိ ပြင်ဆင်ထား သည့်အတိုင်း 'မြန်မာဘာသာပြန်ဥပဒေ ကော်မတီ'က ဘာသာပြန်သည်၊ ၁၉၆၈ ခုနှစ်တွင် ပြန်လည်ပုံနှိပ်သည်'လို့ ဖော်ပြ ထားတာ တွေ့ရတယ်။
ဘာသာပြန် ဥပဒေကော်မတီရဲ့ 'အမှာ' မှာလည်း '၁၉၄၈ ခုနှစ်၊ မြန်မာဘာသာပြန် (တရား)ဥပဒေနှင့် ဝေါဟာရ (များ) အက်ဥပဒေ' (၁၉၄၈ ခုနှစ်၊ အက်ဥပဒေအမှတ် ၂၇) အရ 'ရာဇသတ်ကြီး' ကို မြန်မာဘာသာ ပြန်ဆိုခြင်းဖြစ်ကြောင်း ဖော်ပြထားတယ်။
(ဒီလိုဖော်ပြရမှာ အဲဒီဥပဒေ ခေါင်းစီးမှာမပါတဲ့ '၁၉၄၈ ခုနှစ်'၊ 'တရား'၊ 'များ' ဆိုတဲ့စကားလုံးများကို ဖြည့်စွက် ဖော်ပြထားတာ တွေ့ရတယ်၊ ထားလိုက်ပါတော့)။ ဒီနေရာမှာ 'မြန်မာဘာသာပြန် ဥပဒေနှင့် ဥပဒေဝေါဟာရအက်ဥပဒေ' အကြောင်း ပြောပြဖို့လိုမှာ ဖြစ်တယ်။
၁၉၄၈ ခုနှစ်မှာ မြန်မာနိုင်ငံလွတ်လပ် ရေးရခဲ့ပြီးနောက် အင်္ဂလိပ်လက်ထက် က အင်္ဂလိပ်လိုပြဋ္ဌာန်းခဲ့တဲ့ ဥပဒေတွေကို မြန်မာဘာသာ ဖြင့်ရှိသင့်တယ်လို့ ယူဆခဲ့ကြပုံရတယ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ ၂၁၆ မှာ "မြန်မာ ဘာသာသည် ရုံးသုံးဘာသာ ဖြစ်ရမည်" လို့ ပြဋ္ဌာန်းထားတာကြောင့်လည်းဖြစ်မယ်။
ဒါကြောင့် ၁၉၄၈ ခုနှစ်မှာပဲ "မြန်မာ ဘာသာပြန်ဥပဒေနှင့် ဥပဒေဝေါဟာရ အက်ဥပဒေ"ဆိုတဲ့ ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းခဲ့ပါတယ်။
ဒီဥပဒေရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အင်္ဂလိပ်ဘာသာ ဖြင့်ရှိနေတဲ့ ဥပဒေတွေကို ကျွမ်းကျင်သူများပါဝင်တဲ့အဖွဲ့က မြန်မာ ဘာသာ ပြန်ဆိုမယ်။
ပြီးရင်တရားရေးဌာန၀န်ကြီး ထံ တင်ပြမယ်။ တရားရေးဌာန၀န်ကြီးက အဲဒီတင်ပြချက်အတိုင်းဖြစ်စေ၊ မိမိ သဘောအလျောက် ပြင်ဆင်ချက်ဖြင့် ဖြစ်စေ 'မြန်မာဘာသာပြန်ဥပဒေဆိုင်ရာ အမိန့်' တစ်ရပ်ကို ထုတ်ပြန် ကြေညာမယ်၊ အဲဒီလိုကြေညာလိုက်တာနှင့် မြန်မာ ဘာသာပြန်ဆိုထားတဲ့ဥပဒေဟာ အမိန့် စတင်အာဏာတည်တဲ့နေ့ကစပြီး မူလ စာမူ (မူလအင်္ဂလိပ်ဥပဒေ)နဲ့ အလားတူ အာဏာတည်စေရမယ်လို့ဆိုတယ်။
အဲဒီ မှာ ချွတ်ယွင်းချက်သုံးရပ်တွေ့ရတယ်။
ပထမအချက်က ၀န်ကြီးကထုတ်ပြန်တဲ့ 'မြန်မာဘာသာပြန် ဥပဒေဆိုင်ရာ အမိန့်'ကို ဥပဒေပြုအာဏာပိုင်ဖြစ်တဲ့ ပါလီမန်လွှတ်တော် ကိုတင်ပြပြီး ဥပဒေ အဖြစ် ပြဋ္ဌာန်းရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက် မျိုး မပါဘဲ အဲဒီအမိန့်ကိုထုတ်ပြန်ပြီး နောက် 'လျင်မြန်သမျှ လျင်မြန်စွာ ပါလီမန်ဆိုင်ရာ လွှတ်တော်အသီးသီးသို့ တင်ပြရမည်' လို့သာ ပြဋ္ဌာန်းချက်ပါရှိတယ်။
ဒီတော့ 'ဥပဒေပြုအဖွဲ့က အတည် ပြု ဆုံးဖြတ်ခြင်းမရှိတဲ့ မြန်မာဘာသာပြန် ဥပဒေဟာ ဥပဒေဖြစ်သလား' ဆိုပြီး သံသယဖြစ်တာ ဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့၊ ကျိုးကြောင်းဆီလျော်တဲ့ သံသယဖြစ် တယ်လို့ပဲ ပြောရမှာဖြစ်တယ်။
ဒုတိယချွတ်ယွင်းချက်ကတော့ ဥပဒေ ပြဋ္ဌာန်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း အရ ဥပဒေကြမ်းကို ပါလီမန်လွှတ်တော်က အတည်ပြုပြီးဖြစ်ပေမယ့်လည်း နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး ပြီး ပြန်တမ်းမှာကြေညာမှသာ ဥပဒေဖြစ် လာနိုင်တယ်၊ ဥပဒေဖြင့် အပ်နှင်းထားတဲ့ အာဏာအရအမိန့်တွေ ထုတ်ပြန်တယ် ဆိုလျှင်လည်း (အဲဒီခေတ်က) သမ္မတ ရာထူးအမည်ဖြင့်သာ ထုတ်ပြန် ခဲ့တယ်။
ဝန်ကြီးကထုတ်ပြန်တယ်ဆိုတာမျိုး မရှိခဲ့ဘူး။
အဲဒီဥပဒေအရ ၀န်ကြီးက အမိန့် ထုတ်ပြန်တာနှင့် ဥပဒေအဖြစ်တည်စေ ရမည်ဆိုတာဟာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ဥပဒေပြုရေးဆိုင်ရာ မူသဘောနဲ့မကိုက်ညီဘူး။
နောက်ပြီး အဲဒီအမိန့်မျိုးထုတ်ပြန်ခဲ့တာကိုလည်း မြန်မာနိုင်ငံ ပြန်တမ်းများမှာ (စာရေးသူ အနေဖြင့် မတွေ့ခဲ့ဘူးလို့) မရှိခဲ့ဘူးလို့ ထင်တာပဲ။ တည်ဆဲဥပဒေတွေထဲမှာ အဲဒီလိုဘာသာပြန်ဥပဒေဆိုတာလည်း မရှိပါဘူး။ လွတ်လပ်ရေးမရခင် အင်္ဂလိပ် ခေတ်မှာ ကတည်းက ဥပဒေကို မြန်မာ ဘာသာပြန်ဆို ထုတ်ဝေခဲ့တာတွေ (ဥပမာ- တရားမကျင့်ထုံးကိုဓဥပဒေ၊ ရာဇ၀တ်ကျင့်ထုံး ကိုဓဥပဒေ၊ သက်သေခံ အက်ဥပဒေ၊ ပဋိညာဉ်အက်ဥပဒေ စသည်) ရှိခဲ့ပါသော်လည်း အဲဒီဘာသာပြန်ဥပဒေတွဟာ ဥပဒေမဟုတ်ဘူး။ အင်္ဂလိပ်စာ မတတ်တဲ့ ပြည်သူတွေ သိရှိဖို့အတွက်သာ ရည်ရွယ်ခဲ့တာဖြစ် တယ်။ တတိယချွတ်ယွင်းချက်ကတော့ အဲဒီ ဥပဒေအရ ဆိုလျှင် "The Penal Code" နဲ့ 'ရာဇသတ်ကြီး' တို့ဟာ ဥပဒေအဖြစ် အပြိုင် အာဏာတည်နေမယ်ဆိုတဲ့ သဘောဖြစ်နေတယ်။
ဒီလိုမဖြစ်သင့်ဘူး၊ အကြောင်းအရာတစ်ရပ်တည်းအတွက် ဘာသာစကားနှစ်မျိုးနဲ့ ဥပဒေနှစ်ရပ် ရှိနေမယ်ဆိုရင် ဥပဒေပါစကားရပ် တစ်ခုနဲ့ ပတ်သက်လို့ အငြင်းပွားမယ် ဆိုရင် အဲဒီဥပဒေနှစ်ရပ်အနက် ဘယ် ဥပဒေကို အတည်ယူရမှာလဲဆိုတဲ့ ပြဿနာပေါ်ပေါက်မှာ ဖြစ်တယ်။
ဒါပေမယ့် ' မြန်မာဘာသာပြန်ဥပဒေ နှင့် ဥပဒေဝေါဟာရအက်ဥပဒေ'အရ ထုတ်ပြန်ကြေညာခဲ့တဲ့ မြန်မာဘာသာ ပြန် ဥပဒေဆိုတာကို မတွေ့ရှိရဘဲ အဲဒီ ဥပဒေကို ၁၉၅၇ ခုနှစ်၊ အက်ဥပဒေ အမှတ် ၅၂ အရ ၁-၁-၅၈ နေ့မှ စ၍ ရုပ်သိမ်းခဲ့ကြောင်း တွေ့ရှိရပါတယ်။
ဒီတော့ '၁၉၆၈ ခုနှစ်တွင် ပြန်လည်ပုံနှိပ် သည်' လို့ဆိုတဲ့ 'ရာဇသတ်ကြီး' ဆိုတာ ဟာ အဲဒီဥပဒေကို မရုပ်သိမ်းခင်က အဲဒီဥပဒေ ပုဒ်မ(၄) နဲ့အညီ ထုတ်ပြန် ကြေညာခဲ့တဲ့ ဘာသာပြန်ဥပဒေဟုတ် မဟုတ် စိစစ်ကြည့်ရမှာဖြစ်ပါတယ်။
အဲဒီ "ရာဇသတ်ကြီး" စာအုပ်မှာ ဖော်ပြ ထားတဲ့ ဘာသာပြန်ဥပဒေကော်မတီရဲ့ 'အမှာ' မှာ 'ရာဇသတ်ကြီး၏ မြန်မာ ဘာသာပြန် ဆိုချက်ကို တရားဝန်ကြီး ဌာန၏ သဘောတူညီချက်ဖြင့် နိုင်ငံ တော် အစိုးရပုံနှိပ်တိုက်တွင် ပုံနှိပ်ပါ သည်' လို့ ဖော်ပြထားတာကို တွေ့ရတဲ့ အတွက် "The Penal Code" ရဲ့ မြန်မာ ဘာသာပြန်ဆိုချက်ဖြစ်တဲ့ 'ရာဇသတ် ကြီး'ဆိုတာဟာ ဖော်ပြပါဥပဒေ မရုပ် သိမ်းခင်က အဲဒီဥပဒေရဲ့ ပုဒ်မ(၄)နှင့် အညီ တရားဝင်ထုတ်ပြန်ကြေညာခဲ့တဲ့ ဘာသာပြန်ဥပဒေမဟုတ်ဘဲ အဲဒီဥပဒေကို ရုပ်သိမ်းပြီးမှ တရားဝန်ကြီးဌာနရဲ့ အတည်ပြုချက်ဖြင့် ရိုက်နှိပ်ထုတ်ဝေတဲ့ ဘာသာပြန်ဥပဒေဖြစ်ကြောင်း ထင်ရှား နေပါတယ်။
တရားဝင်အမိန့်ကြော်ငြာ စာ ထုတ်ပြန်ခဲ့မယ်ဆိုလျှင် အမိန့် ကြော်ငြာစာထုတ်ပြန်တဲ့ ရက်စွဲနဲ့ အမိန့် ကြော်ငြာစာအမှတ်တို့ကို 'အမှာ' မှာ ဖော်ပြဖို့ မမေ့တန်ကောင်းပါဘူး။
ဆိုလိုတာက အခုလက်ရှိ 'ရာဇသတ်ကြီး'ဆိုတဲ့ မြန်မာဘာသာပြန်ဥပဒေဟာ ဥပဒေမဟုတ်ဘူးလို့ ပြောရမှာဖြစ်ပါတယ်။
ဥပဒေဆိုတာက ဥပဒေပြုအဖွဲ့ ကအတည်ပြုဆုံးဖြတ်ပြီး နိုင်ငံတော် အကြီးအကဲက လက်မှတ်ရေးထိုးပြီး မြန်မာနိုင်ငံပြန်တမ်းမှာ ကြေညာတဲ့ စာမူအတိုင်းသာ ဥပဒေဖြစ်ပါတယ်။
ဒါကြောင့် "The Penal Code" သည် ဥပဒေဖြစ်ပြီး 'ရာဇသတ်ကြီး'သည် ဥပဒေ မဟုတ်လို့ ဆိုရမှာဖြစ်ပါတယ်။
၁၉၈၈ ခုနှစ်မှစ၍ တပ်မတော်အစိုးရလက် ထက်မှာ မြန်မာဘာသာဖြင့် ပြဋ္ဌာန်းပြီး ထုတ်ပြန်ကြေညာခဲ့တဲ့ ဥပဒေအားလုံး ကို "The New Light of Myanmar" အင်္ဂလိပ်သတင်းစာမှာ အင်္ဂလိပ်ဘာသာ ဖြင့် ထည့်သွင်းဖော်ပြဖို့ အင်္ဂလိပ်ဘာသာ ပြန်ဆိုခဲ့တာတွေ ရှိပါတယ်။
အဲဒီ အင်္ဂလိပ်ဘာသာပြန် ဥပဒေတွေဟာလည်း ဥပဒေမဟုတ်ပါဘူး။ သက်ဆိုင်ရာ နိုင်ငံခြားသားနှင့် နိုင်ငံခြားအဖွဲ့အစည်းများက သိရှိနိုင်စေရန် သတင်းပေးတဲ့ သဘောသာ ဖြစ်ပါတယ်။ ချုပ်ပြီးပြောရမယ်ဆိုရင်တော့ 'ရာဇ သတ်ကြီး'ဆိုတာ ဥပဒေမဟုတ်တဲ့ အတွက် 'ရာဇသတ်ကြီးဥပဒေကို ပြင်ဆင်သည့်ဥပဒေ' ဆိုတာ မရှိနိုင်ပါဘူး။
ပြင်ဆင်ဖို့လိုအပ်မယ်ဆိုလျှင်လည်း ဥပဒေအဖြစ် တရားဝင်တည်ရှိဆဲဖြစ်တဲ့ "The Penal Code" ကိုသာ အင်္ဂလိပ် ဘာသာဖြင့် ပြင်ဆင်ရမှာဖြစ်ပါတယ်။
တခြားသာဓကတွေပြစရာမလိုဘဲ ထင်ရှားနေတာက အဲဒီ 'ရာဇသတ်ကြီးကို ပြင်ဆင်သည့်ဥပဒေကြမ်း' ဆိုတာနဲ့ အတူ ထုတ်ဝေ ထားတဲ့ 'ကာလ စည်းကမ်းသတ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း'၊ 'ပစ္စည်းလွှဲပြောင်းခြင်း အက် ဥပဒေကိုပြင်ဆင်သည့် ဥပဒေ ကြမ်း'၊ 'တရားမကျင့်ထုံး ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း'နဲ့ 'ရာဇ၀တ် ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေ ကြမ်း'တို့ဟာ အလွန်ထင်ရှားနေတဲ့ သာဓကတွေပဲ ဖြစ်ပါတယ်။
အဲဒီဥပဒေ တွေဟာ အင်္ဂလိပ်ဘာသာဖြင့်ပြဋ္ဌာန်း ခဲ့တာဖြစ်လို့ ပြင်ဆင်မယ့် စကားရပ်တွေကိုလည်း အင်္ဂလိပ်ဘာသာဖြင့်ပဲ ဖော်ပြ ထားပါတယ်။
နောက်တစ်ချက်စဉ်းစားဖို့ ရှိတာက မြန်မာပြန်ဥပဒေဖြစ်တဲ့ "ရာဇသတ်ကြီး"ကိုသာ ပြင်ဆင်ပြီး တရားဝင် တည်ဆဲဥပဒေဖြစ်တဲ့ "The Penal Code" ကို မပြင်ဘဲ ဒီအတိုင်းပဲထားမယ် ဆိုရင် ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာ တွေကိုလည်း စဉ်းစားဖို့လိုမှာဖြစ်ပါတယ်။
ယခုတင်ပြခဲ့တာတွေက 'ရာဇသတ် ကြီးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း' မှာပါတဲ့ ပြင်ဆင်ချက်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးချက် တွေမဟုတ်သေးဘူး၊ အထက်မှာဖော်ပြခဲ့တဲ့ ဥပဒေကြမ်း ခုနစ်ခုစလုံးမှာပါဝင်တဲ့ ပြဋ္ဌာန်းချက်များနဲ့ပတ်သက်လို့ ဆွေးနွေးစရာတွေ လည်း ရှိပါသေးတယ်။
ပြစ်မှုဆိုင်ရာ (ရာဇသတ်ကြီး) download ရန်နေရာ။

ဘာသာရေးအလွဲသုံးစားလုပ်မှု

ဘာသာရေးအလွဲသုံးစားလုပ်မှု
ဦးအောင်ခင် (ဝေဖန်သုံးသပ်ချက်)
“သာသနာ့ဘေးရန်ကို အာဏာပိုင်ပုဂ္ဂိုလ်များနှင့် ရဟန်းရှင်လူ ပြည်သူအားလုံး လက်တွဲညီညီ ဖယ်ရှားတားဆီးမှသာ သာသနာတော် ထွန်းတောက်မည်ဟု နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဆရာတော် မိန့်ကြားတော်မှု” တယ်ဆိုတဲ့ ခေါင်းစီးတပ်ထားတဲ့သတင်းကို ဖေဖော်ဝါရီလ (၂၁) ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြတယ်။ တဆက်တည်းမှာပဲ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌ မကွေးမြို့ မဟာဝိသုတာရာမတိုက်သစ်ဆရာတော် (၃) ဘွဲ့ရ ဦးကုမာရရဲ့ ဟောကြားချက်ကို ဖော်ပြထားတယ်။ သြ၀ါဒရဲ့ တ၀က်လောက်က ကျေးဇူးတင်စကားဖြစ်တယ်။ သြ၀ါဒစရိယ ဆရာတော်ကြီးများ၊ သံဃမဟာနာယက၊ သာသနာရေးဝန်ကြီး၊ သာသနာရေးဦးစီးဌာန၊ သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာန စတာတွေကို အထူးကျေးဇူးတင်ရှိကြောင်း အရင်ဆုံးဖော်ပြတယ်။
နောက်တော့မှ ၁၉၈၀ ပြည့်နှစ်မတိုင်မီက ထေရ၀ါဒဗုဒ္ဓသာသနာမှာ အယူဝါဒကွဲပြားတဲ့ ဂိုဏ်းဂဏတွေပေါ်ပေါက်ခဲ့ကြောင်း၊ အဲဒီအယူဝါဒတွေကို နိုင်ငံတော်သံဃာ့ဝိနည်းအဖွဲ့က မှန် (ဓမ္မ)၊ မမှန် (အဓမ္မ) စိစစ်သုံးသပ်ဆုံးဖြတ်ပြီး မမှန် (အဓမ္မ) လို့ သတ်မှတ်တဲ့ အယူအဆတွေကို သံဃာ (ဓမ္မစက်) နဲ့ အစိုးရ (အာဏာစက်) တွဲဖက်ပြီး ပိတ်ပင်ဖယ်ရှားတားမြစ်တာ အလွန်အောင်မြင်ကြောင်း ဟောကြားတယ်။ ဒါပေမယ့် ဗိုလ်နေ၀င်းအမိန့်နဲ့ ၁၉၈၀ မှာ သာသနာသန့်ရှင်းရေးလုပ်တာကို ဦးကုမာရက ထည့်မပြောဘူး။
အတိအကျ မပြောပေမယ့် ထေရ၀ါဒဗုဒ္ဓဘာသာနဲ့ မညီညွတ်တာတွေ လုပ်နေတဲ့ သံဃာတွေကို စစ်အစိုးရနဲ့ သံဃာက ပြည်သူနဲ့လက်တွဲပြီး ဖယ်ရှားသွားရမယ်လို့ ဦးကုမာရက နိဂုံးချုပ်လိုက်တယ်။ ပြည်သူ့အကျိုးဆောင်တဲ့ သံဃာတွေနဲ့ ဒီမိုကရေစီလိုလားတဲ့ သံဃာတွေကို ဖယ်ရှားဖို့ လမ်းခင်းနေတဲ့ပုံပဲ။ မတ်လ (၁၇) ရက်နေ့မှာ “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများ” ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာတော့လည်း အခန်း (၃) ပုဒ်မ-၁၅ (င) မှာ ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားလုပ်တဲ့ နိုင်ငံရေးပါတီတွေကို မှတ်ပုံတင်ခွင့် ငြင်းပယ်နိုင်တယ် (ဒါမှမဟုတ်လို့) မှတ်ပုံတင်ထားပြီးရင်လည်း မှတ်ပုံတင်ကို ပယ်ဖျက်နိုင်တယ်လို့ ဖော်ပြထားတယ်။ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် လျှောက်ထားခြင်းဆိုတဲ့ လျှောက်လွှာပုံစံ (င) မှာလည်း ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားပြုသော အဖွဲ့အစည်း မဟုတ်ပါဆိုပြီး ၀န်ခံထားပါတယ်။ ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးမပြုပါဘူးဆိုတဲ့ နိုင်ငံရေးပါတီက အာဏာရသွားလို့ အာဏာရအစိုးရအနေနဲ့ ဘာသာရေးကို အလွဲသုံးစားလုပ်ရင် ဘာဖြစ်သွားမယ်ဆိုတဲ့အထိ မှတ်ပုံတင်နည်းဥပဒေက ကြိုတင်မြင်တာမဟုတ်ပါဘူး။ အာဏာရမြန်မာအစိုးရတိုင်း ဗုဒ္ဓဘာသာကို စိတ်ကြိုက်အလွဲသုံးစားလုပ်လာတာ ကြာပါပြီး။
ပထမဆုံးသော မြန်မာဝန်ကြီးချုပ် ဦးနုကို နိုင်ငံရေးအတွက် ဘာသာရေးကို အလွဲသုံးစားလုပ်တယ်လို့ ဝေဖန်ကြတယ်။ ဦးနုကို ဖြုတ်ချတဲ့ စစ်ဗိုလ်တွေအားလုံး ဦးနုတပည့်ဖြစ်နေတာကိုတော့ မပြောကြတော့ဘူးလား။ သံဃာ့နာယကဆိုတာ ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးပြုဖို့ ဖွဲ့ထားတဲ့အဖွဲ့အစည်းဖြစ်တယ်။ တနည်းဆိုရင်တော့ သံဃာလောကကို ၀င်ရောက်စွက်ဖက်ဖို့ တမင်လုပ်ထားတဲ့ အစိုးရလက်ကိုင်တုတ်ကြီးဖြစ်တယ်။ ၁၉၈၀ မှာ စတင်ဖွဲ့စည်းတဲ့ သံဃာ့မဟာနာယကအဖွဲ့ဟာ အစိုးရအသိအမှတ်ပြုတဲ့ သံဃာဂိုဏ်းတွေကို ကြီးကြပ်ရတဲ့အပြင် သံဃာမှတ်ပုံတင်ရေး၊ သံဃာ့ပညာရေး၊ ကျောင်းထိုင်ဆရာတော် လေ့ကျင့်ရေး စတဲ့ စီမံကိန်းတွေကို တာဝန်ယူရတယ်။ အစိုးရအမှုထမ်း အပြောင်းအရွှေ့လုပ်သလို ဗဟိုနာယကအဖွဲ့ဝင် သံဃာတွေကို ပုံမှန်ပြောင်းရွှေ့နေတာကြောင့် ဘယ်ဆရာတော်မှ ကြာကြာနေရာမရဘဲ သာသနာရေးဝန်ကြီးဌာနက ခြယ်လှယ်တာကို ခံနေကြရတယ်။ သံဃာငယ်တွေ နိုင်ငံရေးမလုပ်နိုင်အောင် ထိန်းထားနိုင်တဲ့ ၀ါရင့်သံဃာကို စစ်အစိုးရက ဘွဲ့ထူးဂုဏ်ထူးချီးမြှင့်ပြီး အဖိုးတန်ပစ္စည်း လှူဒါန်းတယ်။ အနောက်တိုင်း ဒီမိုကရေစီနိုင်ငံတွေမှာ သာသနာရေးဝန်ကြီးဌာန မရှိဘူး။
သာသနာရေးဆိုတာ ဘုန်းကြီးနဲ့သာဆိုင်ပြီး အစိုးရနဲ့ မဆိုင်ဘူးလို့ ယူဆတဲ့အတွက် သာသနာရေးဝန်ကြီးဆိုတာမျိုး မရှိတာဘဲ။ မြန်မာပြည်မှာတော့ သာသနာရေးဝန်ကြီးက လူသတ်ကောင်စစ်ဗိုလ်ဖြစ်ပြီး ဒီလူသတ်ကောင်က ပေးတဲ့ဘွဲ့ထူး ဂုဏ်ထူးတွေကိုပဲ သံဃာတွေက လက်ခံနေကြတယ်။ သံဃာထဲမှာလည်း ဘာသာရေးကို အလွဲသုံးစားလုပ်သူတွေ ရှိတာပဲ။ ဘာသာရေးလုပ်ငန်းနဲ့ စီးပွားရှာသူ၊ ဘာသာရေးလုပ်ငန်းနဲ့ သြဇာအာဏာရှိအောင် လုပ်ဆောင်သူတွေဟာ ဘာသာရေးကို အလွဲသုံးစားလုပ်တာပဲ။ ဘုရင့်အာဏာအားကိုးပြီး သံဃာ့လောကကို လွှမ်းမိုးဖို့ ကြံစည်တဲ့ သံဃာတွေ မြန်မာ့သမိုင်းမှာရှိသည်။ ဘုရင်ကလည်း ဘာသာရေးမှာ စွက်ဖက်လေ့ရှိတယ်။ ဘုရား၊ တရား၊ သံဃာကို ရိုသေလေးစားတဲ့ မင်းတုန်းမင်းဟာ သံဃာ့အရေးကိစ္စမှာ ၀င်ရောက်စွက်ဖက်လေ့ရှိပြီး သံဃာကလည်း ရှင်ဘုရင်လှူဒါန်းတာကို စားသောက်နေရတော့ စွက်ဖက်ခွင့် ပေးထားတယ်။ ဘုရင်စွက်ဖက်တာကို လက်မခံဘဲ ဝေဖန်တဲ့ သုဓမ္မာ ရဟန်းဆိုလို့ အဲဒီခေတ်က ဗန်းမော်ဆရာတော် ဦးပဏ္ဍိတ တပါးပဲ ရှိတယ်။ ဘုရင်က ကျွေးမွေးလှူဒါန်းတာကို ငြိမ်စားနေပြီး ဘုရင်လုပ်သမျှခံနေတဲ့ သုဓမ္မာသံဃာတွေကို ဗန်းမော်ဆရာတော်က ဝေဖန်ရှုတ်ချတယ်။ ဒီသတင်းကို မင်းတုန်းမင်း ကြားသွားတော့ စိတ်ဆိုးပေမယ့် ဗန်းမော်ဆရာတော်ကို ပြောရမှာကလည်း မ၀ံ့မရဲဖြစ်နေတာကြောင့် ဆရာတော်အနေနဲ့ ဝေဖန်ရင် သတိထားဝေဖန်ဖို့ ယဉ်ကျေးစွာ ရာဇသံပေးတယ်။ မိန်းမအများအပြား ယူထားတဲ့ ဘုရင်က ဘုန်းကြီးကို ဆုံးမလို့ ဗန်းမော်ဆရာတော်က ဒေါသထွက်ပြီး တောင် (၂) လုံးကြားမှာ တရားကျင့်နေတဲ့ လူကို ပေါင် (၂) လုံးကြားက လူက အကြံဉာဏ်ပေးစရာ မလိုဘူးလို့ ပြောချလိုက်တယ်။ သံဃာကိစ္စမှာ ဘုရင်စွက်ဖက်စရာ မလိုဘူးလို့ ဗန်းမော်ဆရာတော်က ယူဆတယ်။
မင်းတုန်းမင်းက ဘုရား၊ တရား၊ သံဃာကို အင်မတန်ရိုသေကိုင်းရှိုင်းသူဖြစ်တဲ့အတွက် သံဃာ့ကိစ္စမှာ ကောင်းစေချင်တဲ့ ရည်ရွယ်ချက် ရှိမှာဖြစ်ပေမယ့် သံဃာ့ကိစ္စမှာ လူက စွက်ဖက်တာကို ဗန်းမော်ဆရာတော်က လက်မခံနိုင်တာပါ။ နောက်ဆုံးတော့ မင်းတုန်းမင်းက ဗန်းမော်ဆရာတော်ကို တောင်းပန်တယ်။ နအဖအုပ်စုကတော့ သူတို့မကြိုက်တဲ့လူတွေကို မစ္ဆေရစိတ်အပြည့်နဲ့ နှိမ်နင်းရာမှာ သံဃာကို အသုံးပြုတယ်။ နောက်ပြီး ဘာသာရေးအလွဲသုံးစားမလုပ်ဖို့ သူခိုးက လူလူဟစ်လိုက်သေးတယ်။ မင်းတုန်းမင်းရဲ့ ဘာသာရေးကောင်စီဟာ သုဓမ္မာဂိုဏ်းပါပဲ။ အခုခေတ်မှာ နအဖသာသနာဖြစ်နေသလို ရှေးခေတ်က မင်းတုန်းသာသနာဖြစ်နေတာကို ဒွာရနဲ့ ရွှေကျင်ဂိုဏ်းက လက်မခံလို့ ပဉ္စမသံဂါယနာ တင်ပွဲမှာ မပါဝင်ခဲ့ဘူး။ မင်းတုန်း သီပေါ သုဓမ္မာရဲ့ ဓမ္မစက်နဲ့အာဏာစက်ကို လက်မခံနိုင်တဲ့ သံဃာဟာ အင်္ဂလိပ်အုပ်ချုပ်တဲ့ အောက်မြန်မာပြည်မှာ တရားအားထုတ် ကြရတယ်။ ဗုဒ္ဓသြ၀ါဒကို အနီးစပ်ဆုံးလိုက်နာတဲ့နေရာမှာ ငှက်တွင်းဂိုဏ်းဟာ နာမည်ကြီးတယ်။
 ဒါပေမယ့် ဘာသာရေးအလွဲသုံးစားလုပ်တဲ့ မြန်မာမင်းအောက်မှာ ဗုဒ္ဓတရားတော်အတိုင်း ကျင့်ကြံဖို့ ခက်ခဲတာကြောင့် ငှက်တွင်းဆရာတော်ဟာ အင်္ဂလိပ်အုပ်ချုပ်တဲ့ အောက်မြန်မာပြည်မှာ သတင်းသုံးရင်း သက်တော် (၈၀) သထုံမှာ ပျံလွန်သွားတယ်။ အဲဒီအချိန်မှာ ငှက်တွင်းဂိုဏ်းဝင် သံဃာအပါး (၅၀၀) လောက်ရှိနေပြီ။ ဘုရင့်သုဓမ္မာဂိုဏ်းကို ငှက်တွင်းဂိုဏ်းက စိန်ခေါ်ထားတဲ့အချက် (၅) ချက်ရှိတယ်။ ပထမအချက်က ဘုရားရုပ်ထုကို ဆွမ်းမကပ်ဖို့နဲ့ မီးမပူဇော်ဖို့ ဖြစ်တယ်။ လူကိုသာ ထမင်းကျွေးဖို့ လိုအပ်ပြီး ရုပ်ထုကို ကျွေးစရာမလိုဟု ငှက်တွင်းဂိုဏ်းက ယူဆတယ်။ ရုပ်ထုအစား ဗုဒ္ဓတရားတော်ကို နှလုံးသွင်းရမယ်။ ဒုတိယအချက်က ဗုဒ္ဓဘာသာဆိုရင် အနည်းဆုံး ငါးပါးသီလမြဲရမှာမို့ ငါးပါးသီလကို ဘုန်းကြီးက ပေးစရာမလိုပါ။ ငါးပါးသီလမရှိရင် ဗုဒ္ဓဘာသာမဟုတ်ပါ။ တတိယအချက်က တရားအားထုတ်တတ်သူကိုသာ ရဟန်းဝတ်ခွင့်ပေးရပါလိမ့်မယ်။ စတုတ္ထအချက်က သံဃာတဦးချင်းကို မလှူဘဲ သံဃိကပစ္စည်းအဖြစ် လှူဒါန်းဖို့ဖြစ်တယ်။ ပဉ္စမအချက်က တနေရာမှာ (၂) နှစ်ထက်ပိုပြီး မနေရဆိုတဲ့ ပြဋ္ဌာန်းချက်ဖြစ်တယ်။
လွတ်လပ်ရေးရချိန်မှာ ငှက်တွင်းကျောင်း (၂၀၀) လောက်နဲ့ သံဃာ (၁,၄၀၀) ကျော်ရှိပြီး ကိုးကွယ်တဲ့ ဒကာဒကာမ (၁) သိန်း လောက်ရှိတယ်လို့ ခန့်မှန်းတယ်။ နိုင်ငံခြားတိုင်းပြည်တွေမှာ ဘုန်းကြီးအချင်းချင်း ထိန်းသိမ်းတာမျိုး အရေးယူတာမျိုးပဲရှိတယ်။ ဘာသာရေးမှာ အာဏာပြတာဟာ အာဏာရူးမြန်မာပြည်ပဲရှိတယ်။ တကယ်တော့ သံဃာတော်တွေကို စော်ကားမော်ကားလုပ်ပြီး အနိုင်ကျင့်ဖို့ စစ်ဗိုလ်တွေကို လက်ထပ်သင်ပေးခဲ့သူဟာ ဗိုလ်နေ၀င်းပါ။
သံဃာတွေရဲ့ နိုင်ငံရေးအစဉ်အလာနဲ့ ဒီမိုကရေစီကျတဲ့ ဗုဒ္ဓဘာသာဓလေ့ဟာ အာဏာရှင်စနစ်ရဲ့ ဆန့်ကျင်ဘက်လို့ ဗိုလ်နေ၀င်းက မြင်တယ်။ ဗိုလ်နေ၀င်းက သံဃာတွေ သူ့အမိန့်နာခံအောင် သံဃာ့အဖွဲ့ဥပဒေကို ရေးဆွဲဖို့ ၁၉၆၅ ခုနှစ်မှာ ကြိုးစားတဲ့အခါ နာမည်ကြီး ဘုန်းကြီးကျောင်းတွေက မပါဘူး။ သံဃာတော်တပါးချင်းအနေနဲ့ ဗိုလ်နေ၀င်းရဲ့ မှော်ဘီသံဃာ့ညီလာခံက ချမှတ်တာတွေ တရားမ၀င်ကြောင်း ကြေညာတဲ့အတွက် ဗိုလ်နေ၀င်း အကြံမအောင်ဘဲ ဖြစ်သွားတယ်။ အဲဒီအခါမှာ သံဃာတွေကို နိုင်ငံရေးလုပ်မှု၊ ဘာသာရေးအလွဲသုံးစားလုပ်မှုနဲ့ စွပ်စွဲပြီး ဖမ်းဆီးပါတယ်။ ၁၉၇၄ ခုနှစ် ဒီဇင်ဘာလမှာ ဖြစ်ပွားတဲ့ ဦးသန့်ဈာပနအရေးအခင်းမှာလည်း သံဃာတွေ အသတ်ခံရပြန်ပြီး အပါး (၆၀၀) ကျော် အဖမ်းခံလိုက်ရတယ်။ မဆလပါတီနဲ့ စစ်တပ်ကို ဝေဖန်ရှုတ်ချတဲ့ သံဃာတွေကို ထောက်လှမ်းရေးက စောင့်ကြည့်ပြီး အခွင့်သာတာနဲ့ နာမည်ပျက်အောင် လုပ်တော့တာပါပဲ။
၁၉၇၆ ခုနှစ်က ဆရာတော် ဦးလာဘကို လူသတ်မှု၊ လူသားစားမှုနဲ့ လုပ်ကြံစွပ်စွဲလိုက်တာဟာ သံဃာတွေကို နှိမ်နင်းမယ့် ရှေ့ပြေးလက္ခဏာ ပါပဲ။ သံဃာ့လောကမှာ မထိန်းနိုင်မသိမ်းနိုင်ဖြစ်နေလို့ စစ်တပ်က ၀င်ထိန်းရပါတယ်ဆိုတဲ့ ပုံစံမျိုးရောက်သွားအောင် ထောက်လှမ်းရေးက အကွက်ဆင်တာပဲ။ ပြည်သူလူထုလည်း လန့်ဖြန့်သွားအောင် သံဃာလောကလည်း သိက္ခာကျသွားအောင် ထောက်လှမ်းရေးက အကွက်ဆင်လိုက်တာပါပဲ။ သိက္ခာတက်နေတဲ့ သံဃာကို နှိမ်ရခက်တာကြောင့် မနှိမ်ခင်မှာ သိက္ခာကျအောင် လုပ်တာပါ။ ၁၉၇၈ ခုနှစ်မှာလည်း ကိုယ်ရင်တွေ ရဟန်းတွေကို ဖမ်းဆီး လူဝတ်လဲခိုင်းပြီး ထောင်ချပါတယ်။ တချို့သံဃာတွေကို အဲဒီအချိန်ကတည်းက စစ်တပ်ပေါ်တာအဖြစ် အသုံးပြုနေတာပဲ။ ဘုန်းကြီးကျောင်းတွေကို ပိတ်ပစ်ပြီး ကျောင်းပိုင်ပစ္စည်းကို စစ်တပ်ကသိမ်းတယ်။ အဲဒီနှစ်မှာပဲ ၀ါရင့်ဆရာတော်ကြီး ဦးနာယကဟာ ထောင်ထဲမှာ နှိပ်စက်ညှဉ်းပန်းခံရပြီး ပျံလွန်တော်မူသွားတယ်။ ဗိုလ်နေ၀င်း မဆလခေတ်တလျှောက်လုံး စစ်တပ်ကိုသာ တောက်လျှောက် အမွန်းတင်လာခဲ့ပြီး သံဃာကိုတော့ အလုပ်မလုပ်တဲ့ တိုင်းပြည်တာဝန်မထမ်းဆောင်တဲ့ အရာမရောက်တဲ့ လူတန်းစားသဖွယ် သဘောထားခဲ့တယ်။ ဗိုလ်နေ၀င်းနဲ့ နောက်လိုက်စစ်ဝါဒီတွေ စိတ်ထဲမှာတော့ သံဃာဟာ စစ်ဗိုလ်လောက် အရေးမကြီးဘူး။ ဒါကြောင့် သံဃာအားလုံး စစ်ဗိုလ်အမိန့်နာခံရမယ်လို့ အခုထက်ထိ ယူဆနေတာဖြစ်တယ်။ ၁၉၈၈ ပြည်သူ့အရေးတော်ပုံ ချေမှုန်းခံရပြီးတဲ့နောက်ပိုင်းမှာ စစ်အစိုးရကို ထောက်ခံအားပေးတဲ့ အစိုးရအကျိုးပြုဗုဒ္ဓဘာသာနဲ့ ပြည်သူ့ဘ၀သာယာရေးဦးစားပေးတဲ့ ပြည်သူ့အကျိုးပြုဗုဒ္ဓဘာသာဆိုပြီး ဘာသာရေးလှုပ်ရှားမှု နှစ်ရပ်ပေါ်ပေါက်လာပုံကို အမေရိကန်နိုင်ငံ Arizona ပြည်နယ်တက္ကသိုလ် ဘာသာရေးဌာနက အမျိုးသမီးပါမောက္ခ Juliane Schober က သုတေသန စာတမ်း ရေးထားတာရှိတယ်။
 ငွေကုန်ကြေးကျခံပြီး ဘာသာရေးအခမ်းအနားတွေကျင်းပပြီး စစ်အစိုးရလုပ်တာ မှန်ကန်ကြောင်း၊ တရားဝင်ကြောင်း ဆီလျော်ကြောင်း ဦးကုမာရလို ပြောတာမျိုးဟာ အစိုးရအကျိုးပြုဗုဒ္ဓဘာသာဖြစ်တယ်။ လူသားချင်းစာနာမှု၊ ကိုယ်ကျင့်တရားကောင်းမွန်မှု၊ တရားအားထုတ်မှု၊ မိမိကိုယ်မိမိအားကိုးမှု စတာတွေကို အဓိကထားတာဟာ ပြည်သူ့အကျိုးပြု ဗုဒ္ဓဘာသာဖြစ်တယ်။ ငှက်တွင်းဂိုဏ်းနဲ့ဦးတည်ချက်ချင်းတူနေတယ်။ ပြည်သူ့အကျိုးပြုဗုဒ္ဓဘာသာဟာ ကိုယ်ကျင့်တရား၊ သီလ၊ သမာဓိကို အခြေခံပြီး ပြည်သူကို နှိပ်စက်တဲ့ အာဏာရှင်စနစ်ကို ဆန့်ကျင်တယ်။ အဲဒါကို ထေရ၀ါဒမစစ်ဘူးလို့ အကြောင်းပြပြီး ဓမ္မစက်၊ အာဏာစက်တွေသုံး၊ ဘာသာရေးအလွဲသုံးစား လုပ်တယ်ဆိုပြီး နှိမ်နင်းဦးမလား မသိဘူး။
source/Mandalay Gazett

လူသားစားတဲ့ ဦးလာဘ

ငယ်ငယ်က ကြားဖူးခဲ့တဲ့  “လူသားစားတဲ့ ဦးလာဘ” ဆိုတာကို အခုတင်ပြမယ့်ဆောင်းပါးမှာ ဆရာဦးအောင်ခင်က ဖွင့်ချပြီးရေးလိုက်တော့ 
၁၉၇၆ ခုနှစ်က “ဆရာတော်ဟာ လုပ်ကြံစွပ်စွဲခံခဲ့ရတာ”ဆိုတာသိခဲ့ရဖူးပါတယ်။ ဆောင်းပါးရှင် ဆရာ့ကို အဝေးကနေ ကျေးဇူးတင်မိပါတယ်။ အခုလို လက်ပန်းတောင်းတောင် အရေးမှာ ဦးသိန်းစိန်အစိုးရက လက်နှက်မပါ ဆန္ဒထုတ်ဖော်နေကြတဲ့ ဖုန်းကြီးတွေကိုဓါတုမီးလောင်ဗုံးတွေနဲ့ မနက်လင်းအားကြီးမှာ မတရားလုပ်တာကို မခံနိုင်လွန်းတော့လို့ အုပ်စိုးသူတွေ သံဃာတော်တွေကို မတရားလုပ်တာတွေ ဖွင့်ချပြီး စာရေးဖို့ ဆောင်းပါးတွေ စုဆောင်းတင်ပြဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒီနေ့ထက်အထိ သံဃာတွေရဲ့ နိုင်ငံရေးအစဉ်အလာနဲ့ ဒီမိုကရေစီကျတဲ့ ဗုဒ္ဓဘာသာဓလေ့ဟာ အာဏာရှင်စနစ်ရဲ့ ဆန့်ကျင်ဘက်ဖြစ်နေကာစစ်ဗိုလ်တွေရဲ့အာဏာအမိန့် ဒေါသနဲ့တုန့်ပြန်လုပ်ဆောင်တဲ့ ဖြစ်ရပ်တွေကိုလည်း မြန်မာ့မြေမှာ ချုပ်ငြိမ်းစေချင်တယ်။ နောက်နောင် မြန်မာနိုင်ငံမှာ အစိုးရတွေဟာ သံဃာတွေ ကို လေးလေးစားစားဆက်ဆံရိုသေဖို့ ဒီလိုမတရားမှုတွေ ဆင့်ကာ ဆင့်ကာမလုပ်ဖို့၊ အုပ်စိုးသူ တွေ အာဏာကို အလွန်အကျွံမသုံးမိစေဖို့၊ သံဃာတော်တွေ မြန်မာပြည်မှာ သွေးမြေမကျဖို့၊ ထောင်သွင်းအကျဉ်းချမခံရဖို့တွေကို ကျနော်တပ်နိုင်သရွေ့ တစ်နိုင်တစ်ပိုင် ကြိုးစားတားမြစ်ချင်ပါတယ်။ သံဃာအားလုံး စစ်ဗိုလ်အမိန့်နာခံရမယ်လို့ အခုထက်ထိ ယူဆနေတဲ့ အစဉ်အလာကိုလည်း ပြောင်းပစ်ချင်တယ်။ ကျနော်နိုင်တဲ့ စလုပ်နိုင်တဲ့ သမိုင်းလေ့လာရေး ပြုစုရေး သတင်းစုဆောင်းရေး ဖြန့်ဝေခံစားပြီး "သာသနာ့အန္တရယ် ကာကွယ်ရေး" အတွက် မိတ်ဆွေတွေရဲ့ ကြိုးပမ်းမှု ကို တစိတ်တစ်ဒေသ ကူညီစေချင်တာ သာဖြစ်ပါတယ်။ ငယ်ငယ်က ကျနော်တို့ဆိုတဲ့သီချင်းလေးကို သတိရမိပါတယ်။ "နိုင်ငံတော်ပုန်ကန်မှုနဲ့ အုန်းကျော်မြင့်ကို သေဒဏ်ပေးတယ်။ သာသနာကိုဖျက်ဆီးပစ်တဲ့ ဦးလာဘ ကိုကျားစာကျွေးတယ်။ နတ်ကတော်တွေ ပူနောင်ဂျိန့်ဂျိန့် ကိုကြီးကျော် မဆပါ မနှဲလေးမဆပါ တစ်ကမ္ဘာလုံးဇေပါပဲ"။ ခလေးအရွယ် အတွေးကြွယ်မိတာ မှတ်မိနေသေးတာက အုန်းကျော်မြင့်ကို သေဒဏ်ပေးတာတော့ ကျနော့်အဖေကိုမေးကြည့်တော့ အေးဟုတ်တယ်တဲ့။  တိရိစ္ဆာန်ရုံမှာ “ဦးလာဘ ကိုကျားစာကျွေးတယ်" ဆိုတာကော ဖေဖေ ဆိုတော့ မဟုတ်ပါဘူးကွာတဲ့။  သံဃာတပါးကို အဲဒီလို မြန်မာပြည်မှာ ကျားစာများကြွေးလေသလား စိတ်ထဲအတော် အတွေးခေါင်သွားခဲ့ရဖူးပါတယ်။ဒီလိုနဲ့ မြန်မာနိုင်ငံမှာ မှန်ကန်မွန်မြတ်တဲ့ သံဃာတော်တွေ ဘယ်လောက်များ သိက္ခာချခံရပြီး သာသနာတော်ကနေ လွှင့်ပါးခဲ့ရပါသလဲ။ သမိုင်းသိအောင် လုပ်မှဖြစ်မယ် လူတွေကိုလည်း အသိပေးမှဖြစ်မယ်ဆိုတာ အတွေးဝင်လာမိပါတယ်။ ၁၉၇၆ ခုနှစ်က ဆရာတော် ဦးလာဘကို လူသတ်မှု၊ လူသားစားမှုနဲ့ လုပ်ကြံစွပ်စွဲလိုက်တာဟာ သံဃာတွေကို နှိမ်နင်းမယ့်  အာဏာရှင် ဦးနေဝင်းရဲ့  ရှေ့ပြေးလက္ခဏာလို့ ဆရာဦးအောင်ခင်က သုံးသပ်ထားပါတယ်။ ဒါ့ကြောင့် ဆရာဦးအောင်ခင်ရဲ့  "ဘာသာရေးအလွဲသုံးစားလုပ်မှု" ဆောင်းပါးကို ဖြန့်ဝေလိုက်ပါတယ်။
                                               -----------------------------------
ဇော်ဝင်း - ဝါရှင်တန်ဒီစီ  (စုဆောင်းတင်ပြသူ)
------------------------------------------------------------------------------------------------------------- 

ရပ်ကွက်ကျေးရွာတွေမှာ ကိုယ်ထူကိုယ်ထ ခေါင်းစဉ်နဲ့ ခွဲတမ်းချနေတာတွေ သတိထားသင့်ပြီ

ဟိုဂွင် ဒီဂွင် ဆိုတာတွေ ဧည့်စာရင်းတိုင်ကြားခ ဂွင်တွေ၊ ထောက်ခံစာဂွင် ရဲရဲတင်းတင်း မတောင်းရဲသော
သကာလ ဒီအစိုးရ လက်ထက် မှာ ကိုယ်ထူကိုယ်ထ ရန်ပုံငွေဆိုတာ ပေါ်ပေါက်လာပါပြီ ။ ဒါသတိထား
ရမဲ့ အချက်ပါပဲ။ အစိုးရကို လက်တွဲဖြုတ်မဲ့ လုပ်ကွက်လို့ တင်စားရမလိုဖြစ်နေပါပြီ။ ပြည်ထဲရေးက သိသင့်
သလောက်သိထားပါတယ်။ ကြီးကြပ်မှု ကင်းမဲ့စွာနဲ့ လွှတ်ပေးထားမယ်ဆိုတာ သိနေပါတယ်။ ယခင်အစိုးရ
၅နှစ်မှာ ရှိပြီးသားလမ်းတွေ ဆုတ်ပြတ်သွားတယ်။ အခွန်တွေတိုးကောက်တယ်။ ကိုယ်ထူ ကိုယ်ထ ထိုးထွက်
လာတယ်။ မျိုးချစ်ဆိုတဲ့ အဖွဲ့တွေ တိုးထွက်လာတယ်။ အာရုံပြောင်း တိုက်ကွက်တွေ မြင့်တက်လာခဲ့တယ်။
လာဒ်စားမှု လိုင်စင်တွေချပေးခဲ့တယ်။ မြေယာပြသာာနာတွေ ရှင်းမရအောင် အောက်အဖွဲ့တွေမွေးမြူခဲ့ကြ
ပါတယ်။  မွေးချင်သလိုမွေး အားတိုင်းယားတိုင်းမွေး ခဲ့ တဲ့ ပြည်သူ့စစ် စစ်သားလူထွက်တွေ ထိန်းချုပ်ရ ခက်လာတယ်။ ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေရဲ့ အသုံးပြုမှုတွေ ဖြစ်လာ အများအပြားပါပဲ။   ဒီနေ့ ကိုရင်လူ
ထွက်ငပိချက်တွေ သင်ယူတတ်မြောက်ခဲ့တဲ့ အသက်မွေးဝမ်းကြောင်း အဓိကမေဂျာဟာ လူသတ် ပညာဆိုတော့    အသက်ကို သတ်ဖို့  ဘ၀ကိုယ်သတ်ဖို့ နာမည်ကိုသတ်ဖို့  တွေဖြစ်လာတော့ ကိုယ့်ပဲ
နှစ်နာလာတယ်။ စစ်တပ်က မြေသိမ်းယာသိမ်း သာပြောတယ်  စစ်သားလူထွက်အတွက် မြေပဲကြီးစေ့
မျှတောင် မပိုင်ဆိုင်ပါဘူး။  စစ်မှုထမ်းဟောင်းမြေနေရာတွေကိုလည်း  ဗိုလ်ချုပ်ကြီးဟောင်းတွေရောင်းစား
သွားတယ်။ အများနျှင့်သက်ဆိုင်သော မြေတွေကိုတော့ မယက၊ ခယက အဆက်ဆက်ရောင်းစားခဲ့တယ်။
လမ်းမြေတောင်မှ အလွတ်မပေးပါဘူး။  ခေတ်ဆိုးစနစ်ဆိုးကြောင့် အမေကျော်  ဒွေးတော်လွန်း လို့ ကိုလိုနီ
ထက်ဆိုးဖြစ်လာတယ်။ ဒါကြောင့် အခြားနိုင်ငံလာအုပ်ချုပ်ရင်တောင် ဒီလောက်မဆိုးဘူး လို့ ယူဆလာတယ်
အချို့က အာဏာရှင်ကိုလက်ခံတယ်။ စည်းကမ်းမဲ့ အာဏာရှင် အမျှော်အမြင်မရှိ အာဏာရှင်ကို လက်မခံချင်
တော့ဘူး။ စည်းပျက်ကမ်းပျက် ဥပဒေကို သူ့လက်ကိုင်ဒုတ်က သရော်သလိုလို လုပ်တယ်။
မြေပြသာာနာတွေ များများဖြစ်လေ မြေစာရင်းအဖွဲ့ တွေချမ်းသာလေလေဖြစ်ခဲ့တယ်။ မြေစာရင်း ကိုင်တွေ
မှာ မြေပုံ အမျိုးမျိုး လုပ်ထားပါတယ်။ မြေပုံ တစ်ခုနဲ့တစ်ခု မတူပါဘူး။ မြေပုံအတုတွေနဲ့ ဟောက်စား လုပ်
ကြပါတယ်။ အဘ တို့ကိုတင်ပြတဲ့ မြေပုံမှာ မြေလွှတ်မြေရိုင်း အမှန်က ကွက်စိတ်ရောင်းတွေပါပဲ။
မြေပုံ ကျွမ်းပါတယ်ဆိုတဲ့ အဘတွေ လည်ပတ် ထွက်သွားအောင်ရှင်းပြခဲ့တယ်။ ရေကူးကျွမ်းကျင်သူ ရေနဲ့
သေသလို မြေပုံကျွမ်းကျင်တဲ့ အဘတွေ မြေပုံနဲ့  နာမည်ပျက်ခဲ့ရတယ်။ မြေစာရင်း အလုပ်မလုပ်တာရယ်။
ကြောက်တတ်တာရယ်။ ပြီးသလွယ်လုပ်တာတွေလည်း ပါခဲ့ပါတယ်။  မြေပြသာာနာက ဘယ်ကစလဲ။
မြေစာရင်းရုံးကစပါတယ်။ အခုထိ အကျင့်တွေမပြင်သေးပါဘူး။ မြေစာရင်း ဌာနကို တိတိကျကျ မစစ်ဆေး
နိုင်သရွေ့ ပြသာာနာသောင်းခြောက်ထောင် ဆက်ဖြစ်နေမှာပါ။ အစွယ်ထွက်နေသော ဘီလူး လိုဖြစ်နေပြီ။
စာရင်းမရှိ အင်းမရှိ။ ရှိနေသော  စာရင်းအတု ---------
အကျင့်ပျက် ခြစားထားမှု ကို ပြင်မရ။ လဲပစ်ရန်သာ ရှိပေတော့မည် ဖြစ်ကြောင်း အပြုသဘောဆောင်
တင်ပြအပ်ပေသည်။

Wednesday, July 13, 2016

မိုးကုတ်ဝိပသနာ အခြေခံတရား အနှစ်သာရ နှင့်ရှုပွားနည်း

မိုးကုတ်ဝိပသနာ အခြေခံတရား အနှစ်သာရ နှင့်ရှုပွားနည်း
dowload ရယူဖတ်ရှု နိုင်ပါသည်။ တရားစစ် တရားမှန် ဖတ်ရှုနိုင်ပါစေ။

Download ရန်နေရာ။
FoxitReader PDF pdf Reader exe ဒေါင်းရန်နေရာ
android ဖုန်းအတွက် PDFဖတ်နိုင်ရန် apk downloadရန်နေရာ။


ယခင်အစိုးရကို ဘယ်သူတွေ ဖြုတ်ချသွားလဲ

ဒီမေးခွန်ကို မေးကိုမေးသင့်တယ်။ အဖြေရှာသင့်တယ်လို့ထင်မိပါတယ်။
မဲပေးကာလ ရောက်မှ မဲဆွယ်စည်းရုံးရေး တွေ အလောတကြီးလုပ်ရမှာ အာဏာမရသေးတဲ့ ပါတီလုပ်ရ
မှာပါ။ လက်ရှိအာဏာရပါတီဆိုတာ မဲဆက်လက်အနိုင်ရရှိဖို့ဆိုတာ လုပ်ပြရမဲ့ အခွင့်အလမ်းတွေ အများ
ကြီးပါပဲ။  လူထုတစ်ရပ်လုံး ခါသီးစွာ ခံစားနေရတာဘာလဲ။ စစ်တမ်းတွေ ကောက်ကြည့်ဘူးလား။
လွှတ်တော်နဲ့ ရုံး အချိန်ဖြုန်းခဲ့လို့ပါပဲ။  အစိုးရရဲ့ အုပ်ချုပ်မှု ဇယားဟာ ရယက မှာအဆုံးသတ်ပါတယ်။
လူထုနဲ့ ၀န်ထမ်းဟာ နေစဉ်နဲ့အမျှ ထိတွေ့ ဆက်ဆံ နေခြင်းဟာ အစိုးရကိုဆက်ဆံ နေတယ်ဆိုတာ
သတိပြုမိချင်မှ ပြုမိပါလိမ့်မယ်။ ဒီမှာ အစိုးရ၀န်ထမ်းလို့ခံယူ ထားသော ၀န်ထမ်းတွေက ယခင်စစ်အစိုးရလို
ပဲ အဘအဘ နဲ့ ပွဲမထုတ်နေတာကို မြင်နေတွေ့နေတာကြာပါပြီ။  ဒါကိုအတိုက်အခံတွေ သိပေမဲ့ ထောက်ပြ
ဝေဖန်ခြင်းမရှိခဲ့ပါဘူး။  ထောက်ပြဝေဖန်တာကို မကြိုက်တတ်တဲ့  အဘတို့ အတွက် အမုန်းဘယ်ခံနေမှာလဲ
ဒါ ဟာ သူ့ဘက်ကကြည့်မှန်ပါတယ်။  ကြားနေလူထုက ထောက်ပြရင်လဲ ဖာလိုက် ထေးလိုက် ပြီးသွားတာ
ကိုလက်ခံပြီး ထောက်ပြသူကို အတိုက်အခံလို့ ထင်ချင်သလိုထင် စွပ်စွဲတတ်တာကို လက်ခံတာကလည်း
မှားကွက်ပါပဲ။  အဘတို့ ထပ်မှား နေသေးတာကတော့ အဘတို့ပါတီဝင်တွေက စီးပွားရေးလုပ်ငန်းတွေ
လုပ်တယ်။ အစိုးရ၀န်ထမ်းတွေက ပတ်စားပေးတယ်။  နေရာတကာ လုပ်ငန်းတူစီးပွားတွေပေါ် လိုက်ကန့်
ကွက်နှောက်ယှက်လုပ်တယ်။  ဒီနေ့ထိ အဘတို့ပါတီပဲ မရှိဆင်းရဲသား ပေါ် အနိုင်ယူတယ်။ အဘတို့
ပါတီကပဲ ဘောင်ဘီဝတ်တွေ အရပ်သား စစ်စစ်ဖြစ်ရင် လိုက်နှိပ်ကွပ်တယ်။  အဘတို့ပါတီဝင်တွေ
အကြောင်း ပြောမကုန်နိုင်ပါဘူး။
ဆက်ရေး ရင်အီလည်လည်ဖြစ်မည်။  နောက်တစ်ခုက ၀န်ထမ်းကို လွှတ်ပေးတာလား။ ဖားနေတာလား။
နောက်တစ်ခုက နောက်အစိုးရ သက်တမ်း  ယူတော့မှာ မဟုတ်ဘူးဆိုတာ လူထုထဲက သိနေကြတယ်။
အရှုတ်ထုတ်ဖြစ်လို့ အလုပ်မလုပ်ချင်မှန်းသိနေကြပါတယ်။ သူတို့သိက္ခာ ရှိတယ်သဘော မဲ အရွေး
ခံတယ်လို့ယူဆတယ်။ ဒီဇာတ်လမ်း ဘယ်သူ ရေးသလဲ မေးရတော့မယ်။
မဲပုံး

မိုးကုတ်ဆရာတော်ဘုရားကြီး တစ်ဘ၀သာသနာ

မိုးကုတ်ဆရာတော်ဘုရားကြီး တစ်ဘ၀သာသနာစာအုပ် အား ဒေါင်းလုပ်ရယူ ဖတ်ရှုနိုင်ပါသည်။
သူတော်စင်အပေါင်း အေးချမ်းသာယာကြပါစေ။
Download PDF ဒေါင်းလုပ်ယူဖတ်ရှုနိုင်ပါသည် MediaFire

တန်ဖိုးရှိစာအုပ် မှ တန်ဖိုးမဲ့ဘဝ

 ဒီအတိုင်းသာဆိုလျင်----

မြေယာ ဥပဒေစာအုပ် လေးလည်း အသက်ပင်မရှိလေတော့လား။ ငြိမ်သက်နေသည်။ တိတ်ဆိတ်နေ၏။
မွေးဖွားစဉ်ကပင် အသက်ပင်ပါလေရော့လား။ လှုပ်နိုးကြည့်ဘူးသည်။ အိပ်မောကျ နေလို့ပါပဲလား ဟု
အလိုက်သိပေးခဲ့ဘူးသည်။  အဆက်သွယ်နည်းပါးသော ကျေးလက်မှ မြေပိုင်ရှင် ယာပိုင်ရှင်တို့အား
သနားစာနာမိပါ၏။ ကျနော်စာရေးသူကိုင်တိုင် ဦးသိန်စိန်အစိုးလက်ထက် စာအုပ်လေးကို လှုပ်နိုးဘူးသည်။
ဒီစာအုပ်လေးဟာ ဥပဒေစာအုပ် အစစ်လား အတုလား ဝေခွဲမရခံစားဘူးပါသည်။ မြေယာပိုင်ဆိုင်မှု စတင်လိုလျှင် မြေစတိုင်းရပါသည်။ အလကား ဘယ်နေရာမှမရပါ။  ကျနော် ကိုက်ပေ လက်မ မသိလို့
မြေတိုင်းစာရေး ငွေစလေး မစခဲ့ပါသည်။ အကြောင်ရိုက် အရူးလုပ်တာပဲ ခံစားရပါတယ်။ ရပ်ကျေး ဘာ
ကျေး ညာကျေး တွေကလည်းရှိ သကိုဗျ။ ဟိုဖွတ်အစည်းဝေး ဒီဖွအစည်းဝေး တွေများပြာလှတဲ့ မယောင်ရာဆီလူး  အစိုးရအခစားတွေ ကို ရုံးမှာ တွေ့မရလို့ ဘီယာဆိုင်မှာတွေ့မှသာတွေ့ခွင့်ရပါတယ်။
ဒီလောက်ပြော သဘောပေါက်တယ် ဟုတ်။ "စာအုပ်ဟာ စာအုပ်နေရာသာ ရှိနေတာပါ။" အရပ်ပြောတွေ
ထောင်းလမောင်းထ လာတော့ဗျာ   စာကြည့်တိုက်ထဲက စာအုပ်တွေ ယနေ့" လေဖြတ် "ကုန်တာ  ဒါပါပဲ။
လက်ရှိ အစိုးရလည်း  အင်း ဒီအတိုင်းသာဆိုလျင်  နောက် ၅နှစ်အတွက် "ဓါးမတို " စာ မိတော့မည် မှာ ဧကန်
ဖြစ်ပါတော့သတည်း။
မြေယာဥပဒေ စာအုပ် pdfဖိုင် Download ယူဖတ်ရှုရန်။

Tuesday, July 12, 2016

လူဆိုးကို အားမကိုး လူမိုက်ကိုသာ အားကိုးလိုက်ချင်

ယနေ့ ဒီမိုကရေခရီးလမ်းကို လျှေက်လမ်းရာတွင် အဟန့်အတား အနှောက်ယှက်များ များစွာကြုံတွေ့နေ
ရသည်မှာ မျက်ဝါးထင်ထင်ရှုမြင် သုံးသပ်နိုင်ပါသည်။ စည်းကမ်း နည်းလမ်း ဥပဒေများ အားနေ ချိနဲ့နေဆဲ
ပင်ဖြစ်သည်။ မွေးကင်းစ  ဒီမိုကရေစီအတွက် အားဆေး အဟာရ တိုက်ကျွေးရန် အထူးပင် လိုအပ်လှပေ သည်။ နိုင်ငံတော်လျှေက်လှမ်းနေသော ဒီမိုကရေစီ အဓိပ္ပါယ်ကို နားလည်သူ နည်းပါးသလို ယုံကြည်သော သံဓိဌာန်စိတ် ဇွဲလုံးလဖြင့်ဆောင်ရွက်ရန်မှာ ယနေ့နိုင်ငံ့ ၀န်ထမ်းတို့၏ အခန်းကဏ္ဍ သည် အထူးပင်အရေး
ကြီးလှပေသည်။  အသိပညာကင်းမဲ့မှု၊ လူမှုရေးစိတ်ဓါတ်ပျက်ယွင်းမှု၊ စည်းကမ်း နည်းလမ်း နားမလည်မှု၊
တာဝန်သိ တာဝန်ရှိ စိတ်ဓါတ်ခေါင်းပါးမှု၊ လိုဘ မပြည့်သော တုန့်ပြန်မှု အ၀၀တို့သည် ဒီမိုကရေစီကို
အန်တု နေသည့်အလား ဖြစ်နေလေတော့၏။
မူဆယ်

ခေါက်ဆွဲထုပ်ကို အန္တာရာယ်ကင်းအောင် ချက်ပြုတ်စားသောက်နည်း

လူအများစုဟာ ရေးနွေးထဲ အဆင်သင့် ထည့်စားရုံ လွယ်ကူတဲ့ ခေါက်ဆွဲခြောက် ထုပ်တွေကို စားသုံးမှု များကြပါ တယ်။ ဒါတွေက ကြာရှည်လည်း အ ထားခံတဲ့အတွက် နောက်ပိုင်းမှာ တဖြည်း ဖြည်း ပိုမိုတွင်ကျယ်လာပါတယ်။

အဆင်သင့် ခေါက်ဆွဲခြောက်ထုပ်( Instant Noddle) တွေကို ဂျပန်ကုမ္ပဏီ တစ်ခုက စတင်ထုတ်လုပ်ခဲ့တာဖြစ်ပါ တယ်။ အဆင်သင့် ခေါက်ဆွဲခြောက်ထုပ် တွေကို နေ့စဉ် စားနေတာဟာ ကျန်းမာရေးကို အန္တရာယ်ပေးနိုင်ပါတယ်။


အကြောင်းကတော့ အာဟာရတန်ဖိုး နည်းပါးပြီး ဆား(ဆိုဒီယမ်)၊ အဆီ၊ အချို မှုန့်၊ အရသာ စတဲ့ အရာတွေ ပါဝင်မှု များတာကြောင့်ပါ။ ဆား(ဆိုဒီယမ်) ပါဝင်မှု များတာ ကြောင့် အဆင်သင့် ခေါက်ဆွဲခြောက် ထုပ်တွေကို နေ့တိုင်းစားရင် သွေးတိုးရော ဂါ ဖြစ်စေနိုင်ပါတယ်။အဲဒီကတစ်ဆင့် နှလုံးရောဂါ၊ လေဖြတ်တာနဲ့ ကျောက် ကပ်ထိခိုက်တာတို့ ဖြစ်တတ်ပါတယ်။

အ ရွယ်ရောက်သူနဲ့ လေးနှစ်ကျော်တဲ့ က လေးတွေရဲ့ တစ်နေ့မှာ ဆိုဒီယမ် စားနိုင် တဲ့ ပမာဏက ၁၅၀ဝ မီလီဂရမ်ဖြစ်ပြီး ပျမ်းမျှအားဖြင့် ခေါက်ဆွဲထုပ်တစ်ထုပ် မှာ ပါဝင်တဲ့ ဆိုဒီယမ်က ၂၇၀ဝ မီလီဂ ရမ်ဖြစ်ပါတယ်။ ခေါက်ဆွဲ ခြောက်ထုပ်မှာ ပါဝင်တဲ့ ဆီဟာ ချက်ပြုတ်စားသောက်နည်း မမှန် ရင် ကင်ဆာဖြစ်စေနိုင်ပါတယ်။

အချိုမှုန့် (Flavour) ပါဝင်တာကြောင့် သွေးတိုးရော ဂါနဲ့ တခြားရောဂါဝေဒနာတွေကို ဖြစ်စေ နိုင်ပါတယ်။ အရသာ (Junk Food ) အဖြစ် အမဲ သားအနံ့၊ ပင်လယ်စာအနံ့ စတာတွေကို ထည့်သွင်းထားကာ ထုတ်လုပ်တဲ့ ကုမ္ပဏီ ပေါ်မူတည်ပြီး အမျိုးအစား မတူပေမယ့် အများအားဖြင့် အန္တရာယ်ရှိပါတယ်။

ခေါက်ဆွဲထုပ်ကို အများကြီး စား ရင် အစာမကြေဖြစ်တတ်ပါတယ်။ ခေါက် ဆွဲထုပ်ကို အဆင်သင့်အစာ (Junk Food) အဖြစ် ကျန်းမာရေးနဲ့ မညီညွတ် တဲ့ အစာလို့ ဝေဖန်ကြပါတယ်။ ခေါက် ဆွဲထုပ်တစ်ထုပ်မှာ ကာဗိုဟိုက်ဒရိတ်နဲ့ အဆီပါဝင်မှု များပေမယ့် အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်မှုက လျော့နည်းပါတယ်။

ခေါက်ဆွဲထုပ်ကို အန္တာရာယ်ကင်းအောင် ချက်ပြုတ်စားသောက်နည်း

ခေါက်ဆွဲထုပ်ကို ဖောက်ပြီး ခေါက် ဆွဲတွေကို အရင်ဆုံး ရေနွေးထဲ ထည့် ပြုတ်ပါ။ ပြီးရင် ရေကို သွန်ပစ်လိုက်ပါ။ ဒါဆိုရင် ခေါက်ဆွဲတွေ မကပ်ငြိအောင် ကာကွယ်ပေးတဲ့ ဖယောင်း (Wax)ကွာ ကျသွားပါ လိမ့်မယ်။ ပြီးမှ ဟင်းအရည်နဲ့ စားချင်ရင် ရေနွေး ထပ်ထည့်ရပါမယ်။ ခေါက်ဆွဲကျက်မှ ဆီ၊ ဆား စတဲ့ ပါဝင်တဲ့ အရသာအမှုန့်တွေကို ထည့်ပေးရမှာ ဖြစ် ပါတယ်။
ဒီနည်းက လုံးဝ အန္တရာယ်ကင်း တာတော့ မဟုတ်ပါဘူး။ အရင်က လူအ များစုဟာ ရေနွေးပြုတ်ထဲ ခေါက်ဆွဲနဲ့ ပါဝင်တဲ့ ပစ္စည်းတွေ အကုန်ထည့်ပြီး ခေါက်ဆွဲကျက်ရင် စားလေ့ရှိကြပါတယ်။ ဒီနည်းနဲ့ စာရင် အခုပြောပြတဲ့ ချက်ပြုတ် နည်းက အန္တရာယ် ပိုလျော့ပါးသွားတာ ဖြစ်ပါတယ်။

နောက်တစ်ချက်က လတ်ဆတ်တဲ့ ဟင်းသီးဟင်း၇ွက်တွေ ထည့်ပြီး ပြုတ်စားရင် ခေါက်ဆွဲထုပ်မှာ ပါဝင်မှု နည်းတဲ့ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ် တွေကို ရရှိစေနိုင်တာကြောင့် ကျန်းမာ ရေးအတွက် ကောင်းပါတယ်။

အန္တာရယ်ကင်းချင်ရင် ခေါက်ဆွဲ ထုပ်ကို နေ့တိုင်း မစားသင့်ပါဘူး။ တစ်နေ့ သုံး-လေးထုပ်စားတာကို ရှောင်ရပါမယ်။ ကြိုက်လို့ စားချင်ရင် သုံးရက်ကြာမှ တစ် ထုပ်လောက်ပဲ စားပါလို့ ပြောချင်ပါတယ်။

ဒေါက်တာဦးကိုကို
photo copy from google search
originally posted by Good Health

နိုင်ငံတော်အလံဖြုတ်ချတာက ဘယ်ပုဒ်မနဲ့ ငြိစွန်းမလဲ ...?


၂၀၁၀ ပြည့်နှစ်၊ နိုင်ငံတော်အလံဥပဒေကို ဖတ်ရှုလေ့လာကြည့်ပါ။


ထို ဥပဒေ ပုဒ်မ-၁၃


၁၃။    နိုင်ငံတော်အလံနှင့် စပ်လျဉ်း၍ မည်သူမျှ အောက်ဖော်ပြပါ တစ်ခုခု မပြုလုပ်ရ -
(က) နိုင်ငံတော်အလံပေါ်တွင် စာလုံး၊ ဂဏန်း၊ ရုပ်ပုံ နှင့် သင်္ကေတ စသော အမှတ်အသားတစ်ခုခုကို ရေးသားခြယ်လှယ်ခြင်း၊ တွယ်ကပ်ခြင်း၊ ပုံနှိပ်ခြင်း သို့မဟုတ် တစ်ခုခုဖြင့် အရာထင်စေခြင်း
(ခ) နိုင်ငံတော်အလံကို -
(၁) အဆင်းအရွယ်၊ ပုံသဏ္ဍာန် သို့မဟုတ် အချိုးအစား ပျက်ပြားစေရန် ပြုခြင်း၊
(၂) ပြဋ္ဌာန်းခွင့်ပြုထားခြင်း မရှိသည့် နေရာ၊ ဒေသ နှင့် ကိစ္စများတွင် အသုံးပြုခြင်း၊
(၃) မလေးမစားလုပ်ခြင်း။
(ဂ) နိုင်ငံတော်အလံ၏ အထက်နှင့် တန်းတူတွင် ပြည်တွင်းရှိ အဖွဲ့အစည်းများ၏ အလံတစ်ခုခု လွှင့်ထူခြင်း။

ပုဒ်မ ၁၄


၁၄။    နိုင်ငံတော်အလံ လွှင့်ထူကိုင်ဆောင် အသုံးပြုခြင်းနှင့် စပ်လျဉ်း၍ မည်သူမျှ -
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ၏ အမိန့်မရဘဲ နိုင်ငံတော် အလံကို တိုင်ဝက်လွှင့်ထူခြင်း မပြုရ။
(ခ) ကျောက်ရုပ်၊ ကျောက်တိုင်နှင့် ရုပ်တု အစရှိသော အထိမ်းအမှတ်ဖွင့်ပွဲများ၌ နိုင်ငံတော်အလံနှင့် ဖုံးအုပ်ထားခြင်း မပြုရ။
(ဂ) နိုင်ငံတော်အခမ်းအနား သို့မဟုတ် စစ်အခမ်းအနားဖြင့် သင်္ဂြိုဟ်ရာတွင် မှအပ ကွယ်လွန်သူ၏ ရုပ်ကလာပ်ကို နိုင်ငံတော်အလံဖြင့် ဖုံးလွှမ်းခြင်း မပြုရ။
(ဃ) နိုင်ငံတော်အခမ်းအနား သို့မဟုတ် စစ်အခမ်းအနားဖြင့် သင်္ဂြိုဟ်ရာတွင် ကွယ်လွန်သူ၏ ရုပ်ကလာပ်နှင့်အတူ နိုင်ငံတော်အလံကို သင်္ဂြိုဟ်ခြင်း မပြုရ။ နိုင်ငံတော်အလံနှင့် သင်္ချိုင်းမြေ မထိရ။
(င) နိုင်ငံတော်အလံကို အတင်အချပြုလုပ်ရာတွင်လည်းကောင်း၊ အသုံးပြုရာတွင်လည်းကောင်း နိုင်ငံတော်အလံအောက်ရှိ မြေပြင်၊ ရေပြင်၊ ကြမ်းပြင်တို့နှင့် မထိရ။
(စ) နိုင်ငံတော်အလံကို ဆုတ်ဖြဲဖျက်စီးခြင်း၊ ဂုဏ်ကျက်သရေ ပျက်ပြားစေရန် တမင်သက်သက်ပြုခြင်း မပြုရ။

ပုဒ်မ ၁၅


၁၅။    နိုင်ငံတော်အလံကို မည်သူမျှ -
(က) ပစ္စည်းတစ်စုံတစ်ရာ ထုပ်ပိုးချည်နှောင်ရန် အသုံးမပြုရ။
(ခ) အခင်းအဖြစ် အသုံးမပြုရ။
(ဂ) နိုင်ငံတော်အလံ၏ ကိုယ်စားသော်လည်းကောင်း၊ တစ်မျိုးသားလုံး၏ ကိုယ်စားသော်လည်းကောင်း ဆောင်ရွက်ခြင်းမှအပ ပစ္စည်းတစ်စုံတစ်ခုခု၏ အမှတ်တံဆိပ် အဖြစ်လည်းကောင်း၊ အဝတ်အထည် ခြယ်လှယ်မှု အဖြစ်လည်းကောင်း၊ ဆင်ယင်မှုအဖြစ်လည်းကောင်း သုံးစွဲခြင်း မပြုရ။

ပုစုတင်​ပြသူ -
Daw Khin Thandar (ပြည်​)
တရားလွှတ်​​တော်​​ရှေ့​နေ

ယာဉ်နှစ်စီးတိုက်မှု နှင့် ယာဉ်မောင်း တရားခံနှစ်ဦး

ယာဉ်ကို ပေါ့ဆစွာ မောင်းနှင်မှုကြောင့် ဖြစ်စေ၊ ယာဉ်ကို အရမ်းမဲ့ မောင်းနှင်မှုကြောင့် ဖြစ်စေ ယာဉ်တိုက်မှုများ မကြာခဏ ဖြစ်ပေါ်လေ့ ရှိကြပါသည်။  ဤအမှုမျိုးတွင် ယာဉ်မောင်း တစ်ဦးတည်း၏ ပေါ့ဆမှု၊ သို့မဟုတ် အရမ်းပြုလုပ်မှုကြောင့် ဖြစ်သလား၊ သို့တည်းမဟုတ် ယာဉ်မောင်း နှစ်ဦးစလုံး၏ ပေါ့ဆမှုကြောင့် ဖြစ်သလား ဆိုသည်ကို စဉ်းစားချင့်ချိန်ရန် လိုပါသည်။  ယာဉ်မောင်း နှစ်ဦးစလုံး၏ ပေါ့ဆမှု ကြောင့်၊ သို့မဟုတ် အရမ်းမောင်းနှင်မှုကြောင့် ယာဉ်တိုက်မှု ဖြစ်ရသည်ဟု ယူဆသည့်အခါ ယာဉ်မောင်း နှစ်ဦးစလုံးကို တရားခံများအဖြစ် အမှုတစ်မှုတည်း တွင်ပင် တရားစွဲဆို တင်ပို့နေကြသည်ကို တွေ့ရှိ ရပါသည်။

. ယင်းသို့ တစ်မှုတည်းတွင်ပင် ဆန့်ကျင်ဘက် ယာဉ်မောင်းနှစ်ဦးကို တရားခံ(၂)ဦးအဖြစ် ပူးတွဲ တရားစွဲဆို၍ စစ်ဆေးသည့်အခါတွင် တစ်ဦးအပေါ် တစ်ဦးက အပြစ်ပုံချ ထွက်ဆိုလေ့ ရှိတတ်ကြမည်မှာ ဓမ္မတာပင် ဖြစ်သောကြောင့် အမှန်တရားကို စိစစ်ရန် ခက်ခဲမည် အမှန်ပင်ဖြစ်ပါသည်။  ထို့ပြင် ထိုသို့ တရားခံ (၂)ဦးကို တစ်မှုတည်း ပေါင်းရုံး၍ တရားစွဲတင်ခြင်း၊ စစ်ဆေးခြင်းသည် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ နှင့် ညီမညီ စိစစ်ကြည့်ရန် လိုမည်ဖြစ်ပါသည်။

. ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄(၁)(က) တွင် __"ပြစ်မှု ဆိုသည်မှာ တည်ဆဲ တရားဥပဒေ တစ်ရပ်ရပ်အရ ပြစ်ဒဏ် ထိုက်သင့်သော ပြုလုပ်မှု၊ သို့မဟုတ် ပျက်ကွက်မှုကို ဆိုသည်"ဟု ပြဋ္ဌာန်းထားပြီး၊ ပုဒ်မ ၄(၂)တွင် ပြုလုပ်မှုများကို ရည်ညွှန်းသည့် စကားလုံးများတွင် ဥပဒေနှင့် ဆန့်ကျင်သော ပျက်ကွက်မှု များလည်း အကျုံးဝင်သည်။  ထို့ပြင် ဤဥပဒေတွင် အသုံးပြု၍ ပြစ်မှုဆိုင်ရာ ဥပဒေတွင် အဓိပ္ပာယ် ဖွင့်ဆိုထားပြီး၊ ဤဥပဒေ၏ ရှေ့ပိုင်းတွင် အဓိပ္ပာယ် ဖွင့်ဆိုမထားသော စကားလုံးများနှင့် စကားရပ်များ အားလုံးတို့သည် ပြစ်မှုဆိုင်ရာ ဥပဒေတွင် ဖွင့်ဆိုထားသည့် အတိုင်း အဓိပ္ပာယ်ကို ဆောင်သည်ဟု မှတ်ယူရမည်"ဟု ပြဋ္ဌာန်းထားပါသည်။

. ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၂ တွင် __ "ရှေ့နောက်စကား တို့၌ ဆန့်ကျင်သော ရည်ရွယ်ချက် မပေါ်ပေါက်လျှင် ဤပြစ်မှုဆိုင်ရာ ဥပဒေ၏ အပိုင်းတိုင်း၌ ပြုလုပ်မှုများကို ရည်ညွှန်းသော စကားများသည် ဥပဒေနှင့် မညီသော ပျက်ကွက်မှုများ နှင့်လည်း သက်ဆိုင်သည်"ဟု ပြဋ္ဌာန်းထား ပါသည်။

. "ပြုလုပ်မှု" ဆိုသည့် စကားရပ်သည် စိတ်တွင် ဖြစ်ပေါ်သည့် အတိုင်း ကိုယ်ဖြင့် ဖြစ်စေ၊ နှုတ်ဖြင့် ဖြစ်စေ ပြုလုပ်ခြင်းကို ပြုလုပ်မှုဟု အဓိပ္ပာယ် သက်ရောက်ပြီး "ပျက်ကွက်မှု" စကားရပ်သည် ဥပဒေအရ ပြုလုပ်ရန် ပျက်ကွက်မှုဟု အဓိပ္ပာယ် သက်ရောက်ပါသည်။

. ယာဉ်(၂)စီး တိုက်မှုဖြစ်လျှင် တစ်စီးက တစ်စီးကို တိုက်ခြင်းလား (သို့မဟုတ်) တစ်စီးနှင့် တစ်စီး ပွတ်ရှောင်ရာမှ ထိခိုက်မိခြင်းလား၊ ဆန့်ကျင်ဘက်မှ မောင်းနှင်လာရင်း ရင်ဆိုင် တိုက်မိခြင်းလား၊ ပွတ်ရှောင်ရာမှ ထိခိုက်မိခြင်းလား ဆိုသော ယာဉ်တိုက်မှု ဖြစ်ပုံဖြစ်နည်းကို စူးစမ်း လေ့လာရပါသည်။  ရင်ဆိုင် တိုက်မိကြလျှင် မည်သည့်ယာဉ်က မည်သည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို ဖောက်ဖျက် သနည်း၊ ယာဉ်မောင်း နှစ်ဦးစလုံး၏ အမှားကြောင့်လား စသည်ဖြင့် ဆက်လက် တွေးတော စူးစမ်းရန် လိုအပ်မည် ဖြစ်ပါသည်။

. မောင်းနေသော ယာဉ်နှစ်စီး တိုက်မိကြလျှင် မည်သည့် ယာဉ်မောင်း၏ ပေါ့ဆမှု၊ သို့မဟုတ် အရမ်း မောင်းနှင်မှုကြောင့် ယာဉ်တိုက်မှု ဖြစ်ရသည်ကို စုံစမ်း ဖော်ထုတ်ရန် ခက်ခဲပါသည်။  ရှင်းလင်း ထင်ရှားသည့် အချက်မှာ အတိုက်ခံရသော ယာဉ်သည် ရပ်နေသော ယာဉ်ဖြစ်လျှင် ထိုယာဉ်ကို ၀င်တိုက်သည့် ယာဉ်မောင်း၏ အမှားပင် ဖြစ်ပါမည်။  မောင်းနေသော ယာဉ်နှစ်စီး အနက် တစ်စီးက အတိုက်ခံရ၍ ယာဉ်နှင့် ယာဉ်ပေါ်ပါသူများ ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှု ရှိခဲ့လျှင် ယာဉ်နှစ်စီး ပေါ်ပါလာသော သက်သေများကို စစ်ဆေးကြရပါသည်။  အချို့သက်သေများက အမှန်အတိုင်း ပြောသော်လည်း၊ အချို့မှာ အမှန်အတိုင်း မပြောတတ် ကြပါ။  ဘက်လိုက် ပြောဆိုမှုများလည်း ရှိတတ် ပါသည်။  ထိုအခါမျိုးတွင် မည်သည့်ယာဉ်က အရမ်း မောင်းသည်၊ သို့မဟုတ် ပေါ့ဆစွာ မောင်းသည်ကို စဉ်းစား ချင့်ချိန်ရန် အထူး လိုအပ်ပါသည်။  သို့အတွက် စုံစမ်း စစ်ဆေးသူ ရဲအရာရှိ များအနေဖြင့် အမှု(၂)မှု ခွဲ၍ စုံစမ်းစစ်ဆေးမှ သာလျှင် ပိုမို ပြတ်သားစွာ သုံးသပ်နိုင်မည် ဖြစ်ပါသည်။  အမှုကို (၂)မှု ခွဲ၍ တင်မည်၊ သို့မဟုတ် တစ်မှုတည်းတွင် တရားခံ တစ်ဦးတည်း ကိုသာ တရားစွဲတင်မည် ဆိုသည်ကို ဆုံးဖြတ်ရန် ဖြစ်ပါသည်။

. ယာဉ်တိုက်မှုတိုင်းကို ရဲတပ်ဖွဲ့ (ယာဉ်ထိန်းရဲ) အရာရှိက တရားလို ပြုလုပ် တိုင်တန်း၍ အမှုကို စုံစမ်း စစ်ဆေးရာ၌ ယာဉ်ပေါ်ပါသူများကို တရားလိုပြ သက်သေအဖြစ် တရားရုံးသို့ တင်ပြ ရပါသည်။  တရားလိုပြ သက်သေ ဆိုသည်မှာ တရားခံ ပြစ်မှု ကျူးလွန်ကြောင်း သာမန်အားဖြင့် သက်သေခံ ရမည့်သူ ဖြစ်သောကြောင့် ယာဉ်မောင်းတရားခံ တစ်ဦး အတွက်သာ တရားလိုပြ သက်သေက တရားလိုပြ သက်သေအဖြစ် သက်သေခံမည် ဖြစ်ပါသည်။  ယာဉ်မောင်း တရားခံ(၂)ဦး အတွက် တစ်မှုတည်းတွင်ပင် တရားလိုပြ သက်သေအဖြစ် အစစ်ခံလျှင် သက်သေခံချက် များတွင် ရှုပ်ထွေးမှု များစွာ ဖြစ်ပေါ်မည်မှာ သဘာဝ ကျပါသည်။  ထို့ကြောင့် ယာဉ်တိုက်မှု တစ်မှုတွင် ယာဉ်မောင်း တရားခံ(၂)ဦး အတွက် တရားလိုပြ  သက်သေ တစ်မျိုးတစ်စားတည်း ရှိနိုင်မည် မဟုတ်ပါ။  ထိုအမှုမျိုးတွင် တရားခံ တစ်ဦးအတွက် တရားလိုပြ သက်သေစာရင်းက တစ်မျိုး ဖြစ်ပြီး၊ အခြား တရားခံ တစ်ဦးအတွက် တရားလိုပြ သက်သေ စာရင်းက နောက် တစ်မျိုး ဖြစ်မှသာလျှင် တရားစွဲ အဖွဲ့အစည်း ဖြစ်သည့် ရဲတပ်ဖွဲ့က မိမိ တရားစွဲတင်သည့် အမှုကို အောင်မြင်သည့် ယုတ္တိအိမ်ကို တည်ဆောက်နိုင်မည် ဖြစ်ပါသည်။

. တရားရုံးသို့ အမှုရောက်လာလျှင် အမှုစစ် တရားသူကြီးက တရားလိုပြ သက်သေ များကို စစ်ဆေးပြီးနောက် တရားခံအပေါ် ယာဉ်တိုက်မှု ပုဒ်မများ (ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၇၉၊ ပုဒ်မ ၃၃၇၊ ပုဒ်မ ၃၃၈၊ ပုဒ်မ ၃၀၄-က) အနက် ပုဒ်မ တစ်ခုဖြင့် ဖြစ်စေ၊ ပုဒ်မ(၂)ခုဖြင့် ဖြစ်စေ၊ ပုဒ်မ (၃)ခုနှင့် ဖြစ်စေ တစ်မှုတည်းတွင် စွဲချက်(၃)ရပ် ထက်မပိုသော စွဲချက်များဖြင့် တရားခံ အပေါ် စွဲချက်တင် ရပါသည်။  စွဲချက် နှင့် စပ်လျဉ်း၍ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၂၂၁ ၌ __
(၁)     ဤဥပဒေအရ စွဲချက်တိုင်းတွင် တရားခံကို မည်သည့် ပြစ်မှုနှင့် စွဲဆိုသည်ကို ဖော်ပြ ပါရှိစေရမည်။
(၂)     ပြစ်မှုကို ပြဋ္ဌာန်းသည့် ဥပဒေတွင် ထိုပြစ်မှုကို အမည် တစ်စုံတစ်ရာ သီးခြား ခေါ်ဝေါ်လျှင် ၎င်းပြစ်မှုကို ၎င်းအမည်နှင့်သာ ဖော်ပြရမည်။
(၃)     ပြစ်မှုကို ပြဋ္ဌာန်းသည့် ဥပဒေတွင် ၎င်းပြစ်မှုကို အမည် တစ်စုံတစ်ရာ သီးခြား ခေါ်ဝေါ်ခြင်း မရှိခဲ့လျှင် တရားခံ အဖြစ်ဖြင့် ၎င်းအပေါ် မည်သည့်အချက်နှင့် စွဲဆိုထားကြောင်း သိသာနိုင်ရန် ထိုပြစ်မှု၏ သဘော အဓိပ္ပာယ် ပိုင်းခြားချက်ကိုသာ ဖော်ပြရမည်။
(၄)     စွဲချက်တွင် ကျူးလွန်သည် ဆိုသော ပြစ်မှုမှာ မည်သည့် ဥပဒေနှင့် ထိုဥပဒေပါ မည်သည့် ပုဒ်မကို ကျူးလွန်ခဲ့ကြောင်း ဖော်ပြ ပါရှိစေရမည်။
(၅)     စွဲချက်တင်သည် ဆိုသည့် အချင်းအရာသည် စွဲဆိုထားသည့် အမှု၌ စွဲဆိုထားသော ပြစ်မှုမြောက် အောင် ဥပဒေအရ လိုအပ်သည့် အချက် အရပ်ရပ် ပြည့်စုံသည်ဟု ဆိုရာရောက်သည် ဟု ပြဋ္ဌာန်းထား ပါသည်။

. အထက်ဖော်ပြပါ ပြဋ္ဌာန်းချက်များအရ အမှု စစ်ဆေးသည့် တရားသူကြီးသည် ယာဉ်မောင်း တရားခံ တစ်ဦးအပေါ် အထက်တွင် ဖော်ပြခဲ့သည့် ပုဒ်မ ၂၇၉၊ ပုဒ်မ ၃၃၇၊ ပုဒ်မ ၃၃၈၊ ပုဒ်မ ၃၀၄-က ပါ ပြစ်မှုဖြင့် စွဲချက်တင် နိုင်လောက်သည့် မြင်သာသော အချက်များ ရှိ၊မရှိကို တစ်စုတစ်စည်း တည်းသော တရားလိုပြ သက်သေများကို စစ်ဆေးပြီးမှ သာလျှင် စဉ်းစား ချင့်ချိန်နိုင်မည် ဖြစ်ပါသည်။  ယာဉ်မောင်း (၂)ဦးကို တစ်မှုတည်းတွင်ပင် ပူးတွဲ စစ်ဆေးလျှင် ကွဲပြားခြားနားသည့် တရားလိုပြ သက်သေများ၏ ထွက်ချက် များကြောင့် မည်သည့် ယာဉ်မောင်း တရားခံ တွင် မည်သည့် ပြစ်မှု ပေါ်ပေါက်သည်၊ သို့မဟုတ် မည်သည့် ယာဉ်မောင်း တရားခံတွင် ပြစ်မှု မပေါ်ပေါက် ဆိုခြင်းကို ခွဲခြားသိရှိ နိုင်မည် ဖြစ်ပါသည်။  သို့အတွက် တရားရုံးများသို့ ယာဉ်မောင်း တရားခံ (၂)ဦးကို တစ်မှုတည်းတွင် ပူးတွဲ စွဲဆိုလာလျှင် (၂)မှုခွဲ၍ စစ်ဆေးစီရင်မှသာ အထက်ပါ ကျင့်ထုံး ဥပဒေ ပြဋ္ဌာန်းချက် များနှင့် ကိုက်ညီမည် ဖြစ်ပါသည်။

. ပြစ်မှုဆိုင်ရာ အယူခံမှု အမှတ် ၂၆၀/၉၇ တွင် တရားရုံးချုပ်က အောက်ပါအတိုင်း သုံးသပ် လမ်းညွှန် ထားပါသည် __
"ဆန့်ကျင်ဘက်မှ မောင်းလာနေသော ကား၏ ရွေ့လျားမှုကို ကြည့်၍ ရပ်နေသော ကားက ပြန်မောင်း ထွက်သင့်မသင့် စဉ်းစား ချင့်ချိန်ရမည်မှာ ပြန်မောင်းထွက်သည့် ကားမောင်းသူ၏ သတိ သမ္ပဇဉ်တွင် မူတည်သည်။  ရှေ့မှလာသည့် ကားနှင့် မလွတ်နိုင်လျှင် ရပ်နေရာမှ မောင်းထွက် လိုက်ခြင်းသည် ၎င်းအဖို့ မဆင်မခြင် ပြုရာ ရောက်သည်။  စိုးဝင်း၏ ထွက်ချက်အရလည်း တစ်ဘက်မှ မောင်းလာသည့် စည်ပင်အဖွဲ့ ပိုင် ကားက ဆိုက်ကားကို ကျော်ပြီး သူ့ယာဉ်ကြော သူ ပြန်ဝင်ချိန်တွင် ၎င်း၏ ဒိုင်နာကားကို လွတ်မည် အထင်ဖြင့် ရုတ်တရက် မောင်းထွက်လိုက် ရာမှ တစ်ဘက်ရှိ စည်ပင်အဖွဲ့ပိုင် ကားနှင့် ပွတ်ထိမိသည်ဟု ပေါ်လွင်သည်။  ဤစီရင်ချက် မပြီးဆုံးမီ ဖော်ပြ မှတ်ချက်ပြုလိုသည်မှာ မူလရုံးသို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က တိုက်မိသည့် ယာဉ်(၂)စီးလုံးမှ ယာဉ်မောင်း နှစ်ဦးစလုံးကို အမှု တစ်မှုတည်းတွင် တရားခံ (၂)ဦး အဖြစ် ပူးတွဲ စွဲဆိုခြင်းကြောင့် တရားရုံး အနေဖြင့် အမှန်တရားကို ရှာဖွေ စိစစ်ရာတွင် အခက်အခဲ ရှိသည် ဆိုခြင်းပင် ဖြစ်သည်။  အန်ဝါခန် နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမှု (၁၉၅၂ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံးများ (တရားလွှတ်တော်)၊ စာ-၃၃၁) တွင် ယာဉ်ကို မဆင်မခြင်၊ သို့မဟုတ် အရမ်းမဲ့ မောင်းမှု များ၌ ယာဉ်မောင်း နှစ်ဦးစလုံး ပေါ့ဆသည်ဟု ယူဆလျှင် ဖြစ်စေ၊ ၎င်းတို့ နှစ်ဦးက တစ်ဦးကို တစ်ဦး အပြစ်ပုံချ နေကြလျှင် ဖြစ်စေ၊ အမှုတစ်မှု တည်း၌ ထိုယာဉ်မောင်း နှစ်ဦးကို တရားခံအဖြစ် ပူးတွဲ မစွဲဆိုသင့် ကြောင်း စီရင် ထုံးဖွဲ့ထားသည်ကို သတိချပ် သင့်သည်။  ယာဉ်မောင်းသူ နှစ်ဦးစလုံး၏ မဆင်မခြင် မောင်းနှင်မှု ကြောင့် ခရီးသည်နှင့် ယာဉ်ကို ထိခိုက်စေသည်ဟု သံသယ ဖြစ်ဖွယ်ရှိလျှင် ထိုယာဉ်မောင်း နှစ်ဦးကို တရားခံ တစ်ဦးစီအဖြစ် ခွဲ၍ (၂)မှုခွဲပြီး စစ်ဆေး စီရင်ရန် ဖြစ်သည်။  ထိုအမှု (၂)မှုကို တစ်ပြိုင်တည်း တစ်ရုံးတည်းတွင် စစ်ဆေး စီရင်မှသာလျှင် မည်သည့် တရားခံက မှန်သည်၊ မှားသည်ကို ပြတ်သားစွာ ဆုံးဖြတ်နိုင်မည် ဖြစ်သည်။  သို့အတွက် စည်ပင် အဖွဲ့ပိုင် ကားမောင်းသူ မိုးသူ၏ ပေါ့လျော့မှု ကြောင့် မဟုတ်ဘဲ ဒိုင်နာ ကားမောင်းသူ စိုးဝင်း၏ ပေါ့လျော့မှုကြောင့် စည်ပင်ကားနှင့် ဒိုင်နာကား ပွတ်မိရာမှ ဒိုင်နာကားတွင် စီးလိုက်လာသူ ဦးထွန်းဟန်၏ လက်ဝဲဘက် လက်ဖျံရိုး ကျိုးသည့် ဒဏ်ရာ ရရှိခြင်း ဖြစ်သည် ဆိုသော မူလရုံး၏ သုံးသပ်ချက်မှာ မှားယွင်းမှု မရှိချေ။"

. သို့အတွက် ဤမှ နောင်တွင် ဖြစ်ပေါ်လာမည့် ယာဉ်တိုက်မှု များ၌ ယာဉ်မောင်းသူ (၂)ဦးစလုံး၏ ပေါ့ဆမှု၊ သို့မဟုတ် အရမ်းမောင်းနှင်မှု ကြောင့် ယာဉ်ထိခိုက်မှု၊ ယာဉ်ပေါ်ပါသူ အချို့ ထိခိုက်ဒဏ်ရာ ရမှု၊ သေဆုံးမှုများ ရှိသည်ဟု သံသယ ဖြစ်ဖွယ်ရှိလျှင် ယာဉ်မောင်းသူ တရားခံ တစ်ဦးစီကို တစ်မှုစီ ခွဲ၍ တစ်ရုံး တည်းသို့ တရားစွဲ တင်ပို့သင့်ကြောင်း တင်ပြလိုက်ပါသည်။


တရားရေးဝန်ထမ်းတစ်ဦး

ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ - ၄၁၇ (ကာမလိမ်လည်မှု) ကိုစွဲချက်တင်တော့မည် ဆိုလျှင်ဖြင့်...

ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ - ၄၁၇ (ကာမလိမ်လည်မှု) ကိုစွဲချက်တင်တော့မည် ဆိုလျှင်ဖြင့် အောက်ပါ ကောက်ယူချက်လေးကို ထည့်သွင်းစဉ်းစားစေချင်ပါသည်။



အယူခံတရားခံ ( မူလရုံး၌ စွဲဆိုသည့် တရားလို အမျိုးသမီး) အတွက် လိုက်ပါဆောင်ရွက်သည့် ပညာရှိ ၀တ်လုံတော်ရ ရှေ့နေကြီး ဦးမြစိန်က မိန်းကလေးတစ်ဦးသည် ယောက်ျားလေးတဦးအား ကာမရာဂစပ်ယှက်ရန်ခွင့်ပြုခဲ့သော် ထိုယောက်ျား၏တောင်းရမ်းထိမ်းမြားပါမည်ဟူသော ကတိရရှိ သောကြောင့်သာလျှင် ဖြစ်ပေလိမ့်မည်ဟုတင်ပြထားသည်။

----

တရားသူကြီး ဦးစိန်သင်းက အောက်ပါအတိုင်းမှတ်ချက်ပြုသည်။

ကိလေသာစိတ် မကုန်ခန်းကြသော ပုထုဇဉ်များအတွက် သွေးသားတောင့်တမှုကြောင့် မည်သည့် ရည်ရွယ်ချက်မျိုးမျှမရှိဘဲ ကာမရာဂစပ်ယှက်ခြင်းသည်လည်း ရှိနိုင်လေရာ ပညာရှိရှေ့နေကြီး၏ လျှောက်လဲချက်များကိုလက်ခံနိုင်ရန်ခဲယဉ်းလေသည်။

ယောက်ျား နှင့် မိန်းမ တို့ ကာမစပ်ယှက်သည့်ကိစ္စတိုင်းတွင် ယောက်ျားလေးက မိန်းကလေးအား ထိမ်းမြားပါမည်ဟူသော ကတိပေးခဲ့ပြီးဖြစ်သည်ဟု ယူဆမည်ဆိုပါက ၊အကျင့်ဖေါက်ပြား မိန်းမသားများ၏မာယာကျော့ကွင်းသို့ သက်ဆင်းရရှာသည့် ယောက်ျားများအတွက် အခက်ကြုံဖွယ်ရာရှိချေမည်။

ထို့ကြောင့် အကျင့်စာရိတ္တပျက်ပြားခြင်းကို အားပေးကူညီရာရောက်မည့် အတွေးအခေါ် ယူဆချက်မျိုးများမှ ရှောင်ရှားသင့်လေသည်။

မောင်သန်းဌေး နှင့် မပု(ခေါ်)မသန်းရင် (၁၉၆၆၊မတစ၊စာ - ၁၀၂၁(၁၀၂၅)

------

မောင်သန်းဌေး နှင့် မပု(ခေါ်)မသန်းရင် (၁၉၆၆၊မတစ၊စာ - ၁၀၂၁) စီရင်ထုံးကို မောင်မျိုးချစ် နှင့် မလှပု (၁၉၈၇၊ မတစ၊ စာ - ၁၀၈)တွင် ပယ်ဖျက်ထားသည့်ဟု စောဒကတက်ရန်ရှိပါသည်။

မောင်မျိုးချစ် နှင့် မလှပု (၁၉၈၇၊ မတစ၊ စာ - ၁၀၈) တွင် မောင်သန်းဌေး အမှုပါ အောက်ပါ ကိစ္စရပ်နှင့် ပတ်သက်သော ဆုံးဖြတ်ချက်ကိုသာ ပယ်ဖျက်ခဲ့ခြင်းဖြစ်ပါသည်။

"ဗုဒ္ဓဘာသာဝင် အမျိုးသားတစ်ဦးက အမျိုးသမီးတဦးအား ဖြားယောင်းသွေးဆောင်ပြီး ကျူးကျူးလွန်လွန်ဖြစ်၍ ပဋိသန္ဓေရရှိသည့်ကိစ္စတွင် ထိမ်းမြားလက်ထပ်ရန် ဂတိမရှိသော်လည်း အမျိးသမီးက လျော်ကြေးတောင်းဆိုခွင့်ရှိသည်ဟု ဖြေဆိုလိုက်ပြီး မခင် နှင့် မောင်မြင့်ကြီး၊ ဘိုးသိုက်နှင့် မနှင်းဇံ ၊ မယုံ နှင့် မောင်ဘိုးလူ ၊ မောင်သန်းဌေး နှင့် မပုတို့ အမှုများရှိ ယင်းကိစ္စနှင့် စပ်လျဉ်းသမျှ ဆုံးဖြတ်ချက်ကို ပယ်ဖျက်လိုက်သည်။

သို့ဖြစ်ရာ လျော်ကြေးရထိုက်ခွင့်ရှိမရှိ ဆုံးဖြတ်ချက်ကို သာပယ်ဖျက်ခဲ့ခြင်းဖြစ်ကြောင်း မြင်သာပါသည်။

(စာကြွင်း - မခင် နှင့် မောင်မြင့်ကြီး၊ (S.J -စာ - ၁၁၄)
ဘိုးသိုက်နှင့် မနှင်းဇံ (S.J -စာ - ၂၃၅)၊ မယုံ နှင့် မောင်ဘိုးလူ (၁၈၉၇-၀၂) အထက်မြန်မာပြည်စီရင်ထုံး-စာ၄၉၉) )

-----

ယင်းသို့သောအနေအထားတွင် အထက်တွင်ဖော်ပြခဲ့သည့် မောင်သန်းဌေး နှင့် မပု(ခေါ်)မသန်းရင် (၁၉၆၆၊မတစ၊စာ - ၁၀၂၁(၁၀၂၅) ပါ တရားသူကြီး ဦးစိန်သင်း ၏
မှတ်ချက်သည် ပယ်ဖျက်ထားသည့် အထဲတွင်မပါရှိသဖြင့် လေးစားလိုက်နာရန်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။

လေးစားစွာဖြင့်။

TUN MYO HTAY

"သက်သေမလိုက်ပါရစေနှင့်"ဟုဆိုခြင်း

ဦးဟန်ညွန့် (ဥပဒေ)


ကူညီပါဦး


''တရားရုံးနဲ့ ရဲစခန်းကိုတစ်ခါမှ မရောက်ဖူးပါဘူး။ ရောက်လည်းမရောက်ချင်ပါဘူး။ ယခုရုံးခေါ်စာလာနေ လို့ပါ။ သက်သေစာရင်းထဲပါနေလို့ပါ။ သက်သေမလိုက် ပါရစေနဲ့ဆရာရယ်။ ကူညီပါဦး'' ဟု မိတ်ဆွေတစ်ဦး က ဆိုလာပါသည်။ ဘယ်လိုရှင်းရပါ့။

သက်သေခံဥပဒေ


သက်သေခံဥပဒေသည် အမှုများနှင့်စပ်လျဉ်း၍ ပြဋ္ဌာန်းထားသောတည်ဆဲဥပဒေဖြစ်သည်။ တရား သူကြီး၊ ရဲအရာရှိ၊ ဥပဒေအရာရှိ၊ ရှေ့နေရှေ့ရပ် စသည့် ဥပဒေနယ်ပယ်မှ ပုဂ္ဂိုလ်များ၊ အမှုသည်များ၊ သက်သေများနှင့် စပ်ဆိုင်သောဥပဒေဖြစ်သည်။ သက်သေခေါ်ခြင်း၊ သက်သေအဖြစ် စစ်မေးခြင်း၊ ဖြေဆိုခြင်းများကို သက်သေခံဥပဒေနှင့်အညီသာ ဆောင်ရွက်ရပေသည်။

သက်သေအမျိုးမျိုး


(၁) ကလေးသူငယ်သက်သေ
တရားရုံးများ၊ ရဲစခန်းများတွင် ကလေးသူငယ် သက်သေများကိုစစ်မေးရတတ်သည်။ အလွန်သိမ်မွေ့ လှပေသည်။ ငယ်ရွယ်သောကလေး၊ အသိဉာဏ်နုပျို သောကလေး၊ ချက်ချက်ချာချာရှိသော ကလေး၊ ဉာဏ်နည်းပါးသောကလေး စသည် စသည်ရှိနိုင်သည်။ ကလေးဖြစ်သော်လည်း တရားသူကြီး၏ မေးခွန်းကို ဖြေဆိုနိုင်လျှင်သက်သေခံနိုင်သည်။ (သက်သေခံဥပဒေ ပုဒ်မ ၁၁၈)

အသက်ငယ်ရွယ်နုနယ်သောကလေးများ၏ သက် သေခံချက်ကိုအထူးသတိချပ်၍ ချိန်ဆဝေဖန်ရသည်။ လူမသမာများ၏ မဟုတ်မမှန်လုပ်ကြံသင်ကြားသည်ကို ယုံမှတ်ထားသည့် ကလေးများရှိတတ်သည်။ သို့ဖြစ် ၍ သက်သေမခံမီသင့်တော်သော ပဏာမမေးခွန်းများ ဖြင့် စမ်းသပ်စစ်မေးမှုပြုရသည်။ တရားသူကြီးက ချိန်ဆ ရသည်။

(၂) အသက်အရွယ်ကြီးရင့်သောသက်သေ
အသက်အရွယ်ကြီးရင့်သော သက်ကြီးရွယ်အို သက်သေအချို့ကိုလည်း ကြုံရတတ်သည်။ အိုမင်း မစွမ်းလည်းဖြစ်၊ ရောဂါလည်းရှိ၊ မေ့လျော့တတ်သူ လည်း ဖြစ်နေတတ်သည်။ လိုအပ်ချက်အရ မဖြစ်မနေ စစ်မေးရသည့် အခြေအနေမျိုးတွင် စစ်မေးရသည်။ ဥပဒေနှင့်အညီစစ်ဆေးမှုပြုရပါသည်။

(၃) ဆွံ့အ၊ နားမကြားသက်သေ
ဆွံ့အ၊ နားမကြားသူပင်ဖြစ်သော်ငြား သက်သေ ခံနိုင်သည်။ ထိုပုဂ္ဂိုလ်အား တရားရုံးရှေ့တွင် ၎င်းနားလည်နိုင်သောအမူအရာ၊ အရိပ်အမြွက်၊ စာရေး ပြခြင်း စသည်ဖြင့်မေးမြန်းနိုင်သည်။ ဖြေဆိုနိုင်သည့် အရည်အချင်းရှိ၊ မရှိ တရားရုံးကဆုံးဖြတ်သည်။ (သက် သေခံ ဥပဒေပုဒ်မ ၁၁၉)

(၄) ဆွေမျိုးတော်စပ်သူသက်သေ
စွပ်စွဲခံရသူနှင့် ဆွေမျိုးတော်စပ်သူသက်သေ မျိုးလည်း ကြုံရတတ်သည်။ ဆွေမျိုးတော်စပ်၍ ဘက်လိုက်တတ်သည်ဆိုကာ ငြင်းပယ်၍မရ။ လိုအပ် ချက်အရ သက်သေပြကြသည်။ သက်သေထွက်ကြရ သည်။ ဆွေမျိုးတော်၍ သက်သေမခံနိုင်ဟုဥပဒေကတားမြစ်ချက်မရှိ။ အမှုနှင့် ဆက်စပ်ပတ်သက်မှု ရှိ၊ မရှိ၊ ဆီလျော်မှုရှိ၊ မရှိ၊ လိုအပ်ချက်ကွင်းဆက်ကိုဆက်စပ် ဖော်ထုတ်နိုင်ခြင်းရှိ၊ မရှိသာအဓိကကျသည်။ တစ်ခါ တစ်ရံတွင် ရူးသွပ်သူသက်သေကိုပင် စစ်မေးရသော အခြေအနေ ကြုံကြိုက်တတ်သေးသည်။

(၅) ကြံရာပါသက်သေ
ကြံရာပါဆိုသည်မှာ (a guilty associate in crime) ပြစ်မှုကျူးလွန်ရာတွင် အတူပါဝင်သူတစ်ဦး ဖြစ်သည်။ ကြံရာပါသက်သေတစ်ဦးသည် ကျန်တရားခံ တစ်ဦးအပေါ်တွင် သက်သေခံနိုင်သူဖြစ်သည်။ (သက် သေခံဥပဒေပုဒ်မ ၁၃၃)

သက်သေအရေအတွက်

သက်သေခံဥပဒေပုဒ်မ ၁၃၄ အရ မည်သည့်အမှု တွင်မဆို အကြောင်းခြင်းရာတစ်ခုကို ထင်ရှားစေရန် အတွက် သက်သေမည်ရွေ့မည်မျှပြရမည်ဟု ကန့်သတ် ထားခြင်းမရှိပေ။ အရေအတွက်သည် အဓိကမဟုတ်။ သက်သေ၏ အရည်အချင်းသည်သာအဓိကဖြစ်ကြောင်းထင်ရှားပေသည်။ သက်သေတစ်ဦးတည်းပင် မျက်မြင် သက်သေဖြစ်နေပါကလည်း အခြားထောက်ကူချက်ရှိ နေသဖြင့် တရားခံအားအပြစ်ပေးနိုင်ကြောင်းစီရင်ထုံး အချို့ရှိပေသည်။ ခိုင်လုံစိတ်ချရသောသက်သေဖြစ်ဖို့ မူ လိုအပ်လှသည်။

ကွင်းဆက်မပြတ်သောသက်သေခံချက်

အမှုတစ်မှုတွင် ကွင်းဆက်မပြတ်သောသက်သေခံ ချက်လိုအပ်လှသည်။ အချိတ်အဆက်မိရန် အရေးကြီး သည်။ တရားခံတစ်ဦးအား လွယ်လွယ်နှင့် အပြစ်မပေး သင့်။ သက်သေခိုင်လုံမှ၊ သက်သေခံအထောက်အထား ထင်ရှားမှသာ အပြစ်ရစေသင့်သည်။ သက်သေသည် မရှိ မဖြစ်လိုအပ်သည်။

သက်သေပြရန်တာဝန်

တရားခံအပြစ်ရှိကြောင်းသက်သေထူရန် တာဝန်သည် တရားလိုဘက်တွင် အစဉ်တစိုက် တာဝန်ရှိသည်။ တရား လိုဘက်က သက်သေမပြနိုင်သရွေ့ တရားခံမှာအပြစ်မရှိ ဟု မှတ်ယူရသည်။ ဤသဘောတရားကိုတရားဥပဒေ ပညာရှင်တိုင်းလက်ခံထားကြသည်။ အပြစ်ရှိသူကိုးဦးလွတ်မြောက်ခြင်းထက် အပြစ်မဲ့သူတစ်ဦးအား မှားယွင်း အပြစ်မပေးမိဖို့ အရေးကြီးသည်။ ယင်းသို့ဆိုလျှင် သက်သေအထောက်အထား၊ သက်သေခံချက်သည် မည်မျှအရေးပါကြောင်းသိသာလောက်ပါပြီ။ သက်သေ မရှိဘဲ ဘာလုပ်မည်လဲ။ ဘယ်လိုသက်သေပြမှာလဲ။ ဘယ်လိုလက်ခံစဉ်းစားမည်လဲ။ သူ့ဘက်ကိုယ့်ဘက်၊ တရားလို၊ တရားခံအပြန်အလှန်၊ ဘက်နှစ်ဖက်ရှိနေ သည်မှာသေချာသည်။ ဘယ်သူမှန်သလဲ။ ဘယ်သူမှား သလဲ။ ခွဲခြားရမည်။

ရုံးခေါ်သက်သေ

အမှုတစ်မှုစစ်ဆေးနေစဉ် မည်သည့်အချိန်တွင်မဆို စီရင်ချက်မချမီ တရားမျှတမှုအတွက် လိုအပ်သည်ဟု ထင်မြင်လျှင် မည်သည့်ပုဂ္ဂိုလ်ကိုမဆို ရုံးခေါ်သက်သေ အဖြစ် တရားသူကြီးက ခေါ်ယူစစ်ဆေးနိုင်ပါသည်။ (ပြစ်မှုကျင့်ထုံး ဥပဒေပုဒ်မ ၅၄ဝ) ရုံးခေါ်သက်သေ စစ်မေးခြင်းသည် နှစ်ဖက်တရားမျှတဖို့ လိုအပ်သည်။ တရားသူကြီးက မေးခွန်းမေးနိုင်သလို နှစ်ဖက်အမှုသည် များက မေးခွန်းမေးနိုင်ပါသည်။ တရားခံအပြစ်ရရေး၊ တရားခံအပြစ်မှ လွတ်ရေးဆိုသည့် ဦးတည်ချက် မရှိစေ ရပါ။

သက်သေခံချက် (EVIDENCE)

သက်သေခံချက်ဆိုသည်မှာ -

(၁) စုံစမ်းစစ်ဆေးနေသော အကြောင်းခြင်းရာများ နှင့်စပ်လျဉ်း၍ တရားရုံးရှေ့မှောက်တွင် ရုံး၏ အခွင့်အမိန့်နှင့် သို့မဟုတ် ရုံး၏လိုအပ်ချက် အရ သက်သေတို့၏ ထွက်ဆိုချက်ကိုဆိုလိုသည်။ နှုတ်သက်သေခံချက်ဟုလည်း ခေါ်သည်။

(၂) တရားရုံးကစစ်ဆေးကြည့်ရှုရန် တင်ပြသော စာတမ်းအမှတ်အသားများကို စာတမ်းအမှတ် အသားသက်သေခံချက်ဟုခေါ်သည်။

''နှုတ်သက်သေခံချက်''သည် အလွယ်တကူ ဖန်တီးနိုင်သည်။ သင်ကြားပေးနိုင်သည်။ တရားရုံးက သတိကြီးစွာချင့်ချိန်ရသည်။

''စာတမ်းအမှတ်အသားသက်သေခံချက်''သည် စကားမပြောသောသက်သေခံချက်ဖြစ်သည်။ သက်မဲ့ဖြစ်သည်။ နှုတ်သက်သေခံချက်ထက် သာလွန်သည်။

ရှေ့နေနှင့် သက်သေ

သက်သေများသည် တရားရုံးရှေ့တွင် သက်သေခံကြ ရသည်။ မိမိသိသမျှပြောပြရသည်။ မြင်သမျှထွက်ဆိုရ သည်။ တရားလိုဘက် တရားလိုပြ သက်သေများကို တရားခံရှေ့နေများက မေးခွန်းများမေးတတ်ကြသည်။ လွယ်လွယ်ရှင်းရှင်းမေးရမည့်အစား သွယ်ဝိုက်မေးတတ် ကြသည်။ မျက်စိလည်အောင် ရှေ့နေပီပီစကားတတ်ကြ သည်။ လှည့်ပတ်မေးတတ်ကြသည်။ ပြန်လှန်စစ်မေးခြင်း (Cross Examination) ဟူ၍ ခေါ်ပါသည်။ ရှေ့နေနှင့် သက်သေတွေ့ဆုံခြင်းပါပဲ။

နမူနာအမှုတစ်မှု

အလွန်ရိုးပြီး အလွန်ဆင်းရဲရှာသူ သက်သေတစ်ဦး အား ပညာရှိရှေ့နေကြီးတစ်ဦး စစ်မေးပုံဖြစ်ပါသည်။

မေး - မင်းဟာသေသူနဲ့ အရင်းနှီးဆုံးအနေအထားမှာ ရှိတဲ့လူဖြစ်တယ်ဆိုရင် ငြင်းမှာလား။

ဖြေ - ဗျာ။

မေး - မင်းဟာသေသူနဲ့ အရင်းနှီးဆုံးအနေအထား မှာရှိတဲ့ လူဖြစ်တယ်ဆိုရင် ငြင်းမှာလား။

ဖြေ - ဗျာ။

မေး - ရှင်းရှင်းလေးရယ်၊ ဒီမှာ...မင်းဟာသေသူဖိုးဖြူ နဲ့ အရင်းနှီးအခင်မင်ဆုံးအနေအထားတစ်ရပ် မှာရှိခဲ့တယ်ဆိုရင် ငြင်းမလား၊ ဟုတ်တယ်ပြောမှာ လား၊ မဟုတ်ဘူးပြောမှာလား။

ဖြေ - ဗျာ။

ရှေ့နေ၏မေးခွန်း၊ ရှေ့နေ၏အသုံးအနှုန်းကို သက်သေကနားမလည်ပါ။ တရားသူကြီးက(မနေနိုင်၍) ဝင်ရောက်မေးခွန်းမေးကာ ကူညီရပါသည်။

တရားသူကြီးမေး - မင်းဟာသေသူဖိုးဖြူကိုသိလား။

ဖြေ - သိပါတယ်။

တရားသူကြီးမေး - ဘယ်လိုသိတာတုံး။

ဖြေ - ဖိုးဖြူကိုလား။ သူနဲ့ကျုပ် အနှစ် ၄ဝ လောက် အိပ်ရာထဲအတူ အိပ်ခဲ့တာပဲ။ သိတာပေါ့။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးအဖွဲ့ဝင် ဦးမြင့်ဝင်း (ရွှေဘို)ရေးသားသောရှေ့နေပညာနိဒါန်းစာအုပ်၊ စာမျက်နှာ (၁ဝ၅)မှ ကောက်နုတ်ချက်

သက်သေ၏သဘောသဘာဝ

သက်သေဟူသည် အထက်ကတင်ပြခဲ့သည့်အတိုင်းပညာတတ်သူ၊ ပညာမဲ့သူ၊ ချမ်းသာသူ၊ ဆင်းရဲသူ၊ အသက်ကြီးသူ၊ အသက်ငယ်သူ၊ ရဲရင့်သူ၊ ကြောက်တတ် သူ၊ ရိုင်းပျသူ၊ ဒေါသကြီးသူ၊ ဘဝင်မြင့်သူ၊ ရှက်တတ်သူ၊ တတ်ယောင်ကားလုပ်တတ်သူ၊ အမှန်တရားကြိုက်သူ၊ လိမ်လည်တတ်သူ၊ အားနာတတ်သူစသည့်... စသည့် ရှိနိုင်ပါသည်။ ပတ်ဝန်းကျင်ကြောင့် ပြောင်းလဲသွားသူ လည်း ဖြစ်နိုင်ပါသည်။

ရဲစခန်းကိုဘာ့ကြောင့်ကြောက်

ရဲစခန်းသို့ မလာချင်၊ ရဲတပ်ဖွဲ့၏ စစ်ဆေးမှုကိုမခံ ချင်၊ရဲစခန်းမှာရင်မဆိုင်ချင်တာ ဘာ့ကြောင့်လဲ။ ရဲစခန်းကို ဘာ့ကြောင့် ကြောက်သလဲ။ မေးတာမကြိုက်လို့၊ လှည့် ပတ်မေးနေလို့(အရစ်ရှည်နေလို့)၊ စကားမှားမှာကြောက် လို့၊ တရားခံနှင့်ပတ်သက်နေလို့၊ အချိန်ကုန်လို့၊ သွားစရာ ရှိလို့၊ အလုပ်မအားလို့၊ ရဲစခန်း၏ တာဝန်ဆောင်ရွက်မှု အပေါ် မယုံကြည်လို့ စသည့် စသည့်အကြောင်းပြချက် များ၊ အထင်အမြင်လွဲမှားမှုများ၊ ကိုယ်ရေးကိုယ်တာ ကိစ္စများကြောင့် အေးအေးလူလူနေတတ်သော မြန်မာ လူမျိုးအကျင့်စရိုက်ကြောင့် စသည်များရှိတတ်ပါ သည်။

တရားရုံးကိုဘာ့ကြောင့်ကြောက်

တရားရုံးရှေ့မှာ ဥပဒေနှင့်အညီ သက်သေခံရသည်။ သက်သေအဖြစ် မှန်မှန်ကန်ကန် အစစ်ခံပါမည်။ မမှန် မကန် အစစ်မခံခဲ့လျှင် ကျမ်းစူးပါစေဟူသောကျမ်းသစ္စာ ကျိန်ဆိုရသည်။ မုသားပါသွားလျှင် အပြစ်ဖြစ်မည်။ ပြောမှားဆိုမှားဆိုတာ ဖြစ်တတ်သည်။ ရှေ့နေကြီးက လည်း စကားမှားအောင် သွေးဆောင်သည့်ပမာ။ မျက်စိ လည်အောင် အမျိုးမျိုးမေး၊ တရားခံရှေ့နေဖြစ်သော ကြောင့် သူ၏တရားခံလွတ်ရာလွတ်ကြောင်း ကြိုးပမ်း သည်။ နိမိတ်ပြမေးခွန်း၊ ပန်လှန်မေးခွန်း၊ ဥပဒေ ပညာရှင်ပီပီမေးကြသည်။ နှစ်ဖက်ရှေ့နေပါလျှင် ပို၍ မသက်သာ။ ဟိုဘက်လိုက်၍လည်းမရ။ ဒီဘက်လိုက် ၍လည်းမဖြစ်။ တစ်ခုခုမှားသွားမည်လား။ အဂတိ တစ်ပါးပါးငြိစွန်းသွားမည်လား။ ဘာပဲဖြစ်ဖြစ် မျက်မြင် သက်သေ၊ ကြားသက်သေ၊ အဓိကကျသောသက်သေဖြစ်နေသည်ကိုညာ၍မရ။ လိမ်၍မဖြစ်၊ ဇစ်ဇစ်မြစ်မြစ်၊ ခြေခြေမြစ်မြစ်၊ တစ်တစ်ခွခွ ပြောပြ၊ ထွက်ပြ၊ သစ္စာ ဆို၍ သက်သေခံမှ ဖြစ်လိမ့်မည်။ ကြောက်ဖို့လိုသေး လား။

တရားရုံးအတွေ့အကြုံ

နှစ်ပေါင်းလေးဆယ်နီးပါး တရားရုံးအတွေ့အကြုံ တွင် မှတ်မှတ်ရရအောက်ပါသင်ခန်းစာများ ကျွန်တော် ရခဲ့ပါသည် -

(၁) လိမ်ညာသောသက်သေ ၁ဝ ဦးထက် မှန်ကန်သောသက်သေ တစ်ဦးကပို၍လိုအပ် သည်။

(၂) အကြားသက်သေထက် အမြင်သက်သေက ပို၍ အထောက်အကူရသည်။

(၃) ထောက်ခံသောသက်သေ၊ အရည်အချင်း ပြည့်ဝသော သက်သေအရေအတွက်နည်း သော်လည်း တန်ဖိုးကြီးသည်။

(၄) စကားများလွန်းသော၊ ထိန်းမရသော သက်သေထက် စကားနည်းသော၊ တိကျ ခိုင်မာသောသက်သေ၊ အံဝင်ခွင်ကျဖြစ်သော သက်သေကို ကြိုဆိုသည်။

(၅) ရှေ့နေပညာတော်ခြင်း၊ တတ်ခြင်းထက် သက်သေတာဝန်ကျေပွန်သော သက်သေ များကသာ အမှုအနိုင်အရှုံးကို ဆုံးဖြတ် သွားကြသည်။

(၆) ရှေ့နေတော်လျှင်၊ ရှေ့နေတတ်ကျွမ်းလျှင် လူလိမ်လူညာသက်သေများ တစ်သက်လုံး ကြောက်သွားပြီး နောင်တရနေမည်။

တရားဥပဒေစိုးမိုးရေး

ယနေ့ချိန်ခါသည် တရားဥပဒေစိုးမိုးရေးအတွက် အထူးအလေးအနက် ဆောင်ရွက်နေချိန်ဖြစ်သည်။ တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူ့တာဝန်ကျေပွန် ရမည်။ အနည်းဆုံးသက်သေခံဖို့၊ သက်သေလိုက်ဖို့ ကြုံတတ်သည်။ မတော်မတရားလုပ်၍မရ။ တရားမျှတမှု အတွက် ကျားကုတ်ကျားခဲ လုပ်ရသည့်အချိန်ရှိတတ် သည်။ ဥပမာ- ကားတိုက်မှုတစ်မှု မိမိရှေ့တွင်ဖြစ်သည်။ တရားခံကထွက်ပြေးသွားသည်။ အတိုက်ခံရသူသေပြီ။ ထိုစဉ်က မိမိတစ်ဦးသာမျက်မြင်သက်သေရှိသည်။ တစ်ပါးသူမရှိ။ ကားနံပါတ်ကိုသေချာစွာမှတ်မိသည်။ ရဲကမရောက်လာသေး။ မိမိဘာလုပ်မည်လဲ။ ကားနံပါတ် မှတ်ထားသောစာရွက်၊ သေသွားသောလမ်းဘေးက လူ။ ဖုန်းဆက်ရန်တာဝန်သိ။ ဘယ်သူမှမသိ၊ ဘယ်သူမှ မရှိ၍ ကိုယ်လည်းအိမ်ပြန်သွားမည်လား။ နှုတ်ဆိတ်၊ နှုတ်ပိတ်နေမည်လား။ ရဲစခန်းလည်းမသွားချင်၊ သက်သေမခံချင်။ တရားရုံးဆိုပို၍ မသွားချင်။ အလုပ် ပျက်၊ အကိုင်ပျက်ဖြစ်တော့မည်။ သေသူကိုလည်း ကိုယ်မသိ၊ ကိုယ့်ဆွေမျိုးလည်းမဟုတ်။ ဘာလုပ်မည်လဲ။ ပြည်သူ့ကျင့်ဝတ်၊ ပြည်သူ့နီတိ၊ ပြည်သူ့တာဝန်၊ ဆင်ခြင် စရာ၊ တွေးတောစရာ၊ ဆုံးဖြတ်စရာ၊ တရားဥပဒေစိုးမိုး ရေးသည် မဝေးပါ။ သင့်လက်ထဲမှာအသေအချာ။

တင်ပြချက်

(၁) သက်သေမလိုက်ပါရစေနှင့် ပြောမည်လား။
(၂) သက်သေလိုက်မည် ပြောမည်လား။
(၃) တရားဥပဒေစိုးမိုးရေးအလေးထား။
(၄) နိုင်ငံကြီးသားပီသသွား...။

ဦးဟန်ညွန့် (ဥပဒေ)