Tuesday, July 26, 2016

မြန်မာမှာ တိန့်ရှောင်ဖိန် လိုတယ်

 မြန်မာမှာ တိန့်ရှောင်ဖိန် လိုတယ်


၂၀၀၀ ခုနှစ်ရောက်သည့်အချိန် အာရှကို နိုင်ငံ ၂ ခုက ဦးဆောင်လိမ့်မည်၊ ၎င်းတို့မှာ ဖိလစ်ပိုင်နှင့် မြန်မာတို့ ဖြစ်သည်ဟု သြဇာကြီးမားသည့် Far Eastern Economic Review စာစောင်က ၁၉၇၅ ခုနှစ်တွင် ခန့်မှန်း ရေးသားခဲ့ပါသည်။ နောက်ပိုင်း ဘာဖြစ်လာခဲ့သည်ကို လူတိုင်းသိကြပါသည်။ စာနယ်ဇင်းသမားတို့၏ ကြိုတင်ခန့်မှန်းနိုင်စွမ်းက အမှားကြီးလှသည်။ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း တိုးတက်မှုအချို့ ရရှိခဲ့သော်လည်း ဖိလစ်ပိုင်နိုင်ငံတွင် စိတ်ပျက်စရာများ ဆက်ရှိနေဆဲ ဖြစ်သည်။ မြန်မာနိုင်ငံအတွက်မူ ၎င်းထက်ပို၍ မှားယွင်းသည့် ကြိုတင်ခန့်မှန်းမှု မရှိနိုင်တော့ပါ။
၁၉၆၂ ခုနှစ်တွင် ၀န်ကြီးချုပ် ဦးနုထံမှ စစ်တပ်က အာဏာသိမ်းယူလိုက်ပြီး နောက်ပိုင်း ပထမဆုံးအနေဖြင့် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော လွှတ်တော် စတင်ကျင်းပသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ အစည်း အဝေးက ကာလကြာရှည်စွာ နာကျင်ခံစားခဲ့ရပြီး ယင်းသည် မြန်မာပြည်သူ ၅၃ သန်း အတွက်သာမက အာရှ ဒေသအတွက်ပါ အရေးပါပါသည်။
၁၉၈၈ ခုနှစ် ဒီမိုကရေစီ လှုပ်ရှားမှုကို ကြမ်းတမ်းစွာ ဖိနှိပ်ဖြိုခွဲခံခဲ့ရခြင်း အပါအ၀င် ကျဆုံးမှု အမြောက်အမြား ကြုံတွေ့ခဲ့ရပြီးနောက် ယခုအခါ မြန်မာနိုင်ငံသည် အရေးယူပိတ်ဆို့မှုများနှင့် အပယ်ခံနိုင်ငံတခု အနေအထားမှနေ ကျန်သည့် ကမ္ဘာ့ နိုင်ငံများနှင့် ပြန်လည်ဆက်သွယ်မည့် လမ်းကြောင်းအစမှာသာ ရှိနေသေးပါသည်။ ၂၀၁၀ ခုနှစ်တွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးခဲ့ခြင်း၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် လွှတ်တော်အတွင်းသို့ တစိတ်တပိုင်း ပါဝင်လာခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ၂၀၁၅ ခုနှစ် နိုဝင်ဘာလ အထွေထွေ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့ခြင်းများကြောင့် မျှော်လင့်ချက်များ တဖြည်းဖြည်းချင်း မြင့်တက်လာနေသည်။
ယခုလနှင့် လာမည့်လက အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံကို ရာစုနှစ်ဝက်ခန့် အုပ်စိုးခဲ့သော စစ်တပ်အတွက် နောက်ဆုံး စမ်းသပ်ချက် ဖြစ်သောကြောင့်ပင်။ တိုင်းပြည်က ဆင်းရဲတွင်းထဲ ကျဆင်းသွားသော်လည်း ၎င်းတို့ကို ချမ်းသာ ကြွယ်ဝစေခဲ့သည့် ထိန်းချုပ်မှုကို ဖြေလျှော့ပေးရန် အမှန်တကယ် ဆန္ဒရှိနေပါသလား။ လက်တွေ့တွင် အာဏာ ဆုံးရှုံးလိုက်ရခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ အဆုံးအဖြတ်ပေး ထိန်းချုပ်မှုအောက်တွင် ရှိနေမည့် အသစ် ရွေးချယ်တင်မြှောက်ထားသော လွှတ်တော်ကြောင့် သူတို့ စစ်အာဏာရှင်စနစ်ဆီသို့ နောက်ကြောင်းပြန်သွားစေမည်လား။
လေ့လာစောင့်ကြည့်သူ အများစုကမူ စစ်တပ်က မူလအနေအထားသို့ ပြန်ရောက်သွားရန် မဖြစ်နိုင်ဟု ယူဆကြသည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးပြီး ဖြေလျှော့ပေးမှုများ စတင်ခဲ့သည့် ဦးသိန်းစိန်၏ ၅ နှစ်ကြာ သမ္မတသက်တမ်း နောက်ပိုင်းနှင့် လွန်ခဲ့သော ၃ လက ငြိမ်းချမ်းစွာ ပြီးဆုံးခဲ့သည့် အထွေထွေရွေးကောက်ပွဲ နောက်ပိုင်း ဖြစ်နိုင်ချေရှိသည်များ၏ အဓိက အခက်အခဲကို အလေးထားဆွေးနွေးနေရဆဲ ဖြစ်သည်မှာ စိတ်လှုပ်ရှားဖွယ်ရာ ဖြစ်သည်။
မည်သည့်အတွက်ကြောင့် စစ်ဘက်နှင့် အရပ်ဘက်ကြား သံသယများ ကျန်နေသနည်း။ ပထမဆုံးအနေဖြင့် စစ်တပ်၏ ခေါင်းဆောင်ပိုင်းမှ ပုဂ္ဂိုလ် အများအပြားက အရေးပါသည့် စီးပွားရေး လုပ်ငန်းကဏ္ဍများနှင့် ကုမ္ပဏီများကို ဆက်လက်ထိန်းချုပ် ထားကြဆဲဖြစ်သည်။ ပင်လယ်ပြင်နှင့် ပတ္တမြား၊ ကျောက်စိမ်းနှင့် တွင်းထွက်သယံဇာတများမှသည် ကမ္ဘာပေါ်မှ အကောင်းဆုံးသစ်မာ အချို့ ပေါက် ရောက်သည့် သစ်တောများဖြင့် ပြည့်နေသည့် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ သယံဇာတအကြွယ်ဝဆုံး နိုင်ငံများထဲတွင် တခု အပါအ၀င်ဖြစ်သော်လည်း ယခုအခါ ထိုသယံဇာတများက စစ်ဘက်မှ ထိပ်တန်းပုဂ္ဂိုလ်များ၏ မိသားစုများကိုသာ ကြွယ်ဝချမ်းသာစေခဲ့သည်။ ထို့ကြောင့် ဘက်ပြောင်းလာသူများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းနှင့် အခြားသော သက်ညှာမှုများ မရှိခဲ့လျှင် ပြင်းထန်သော တုန့်ပြန်မှုများ ဖြစ်နိုင်သည့် အလားအလာများ ကျန်ရှိနေသေးသည်။
ဒုတိယအနေဖြင့် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင်ရရှိခဲ့သော်လည်း စစ်ဘက်က အာဏာ အစစ် အမှန်ကို ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်သည်။ ဥပမာအားဖြင့် စစ်ဘက်က လွှတ်တော်တွင် နေရာ ၂၅ ရာခိုင်နှုန်း အလို အလျောက်ရရှိထားသည်။ လုံခြုံရေး၊ ပြည်ထဲရေးတို့နှင့် ဆိုင်သည့် ၀န်ကြီးနေရာများကိုလည်း စစ်တပ်ကရယူထားပြီး မြို့နယ် အဆင့်အထိ အုပ်ချုပ်ရေး လမ်းကြောင်းများကို ထိန်းချုပ်ထားသည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီက စစ်တပ်နှင့် ဆက်သွယ်မှုရှိသူများကို ဖယ်ရှားထုတ်ရန် ဆန္ဒရှိခဲ့လျှင်ပင် ပြီးခဲ့သည့် ရာစုနှစ်ဝက်ခန့် ကာလအတွင်းတွင် နိုင်ငံတကာနှင့် အဆက်အသွယ်ဖြတ်တောက်ခဲ့သည့် မြန်မာနိုင်ငံအတွင်း ကျွမ်းကျင်သော စီမံခန့်ခွဲသူများ အကြီးအကျယ် ရှားပါးနေမှုကြောင့် ထိုသို့ လုပ်နိုင်ဖွယ် မရှိပါ။ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် နောက်လာမည့် ဆယ်စုနှစ်များအထိ တတ်သိနားလည်သူ ရှားပါးသည့် ပြဿနာကို ဆက်လက်ခံစားရလိမ့်မည် ဖြစ်သည်။
အကယ်၍ ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်ကို ကျွမ်းကျင်စွာ ဦးဆောင်နိုင်ကြောင်း ရှင်းလင်းစွာ ပြသနိုင်ခဲ့လျှင် တပ်ဘက်မှ ပိုမို ကြီးမားသည့် ယုံကြည်မှုများ ရှိလာပါလိမ့်မည်။ ၁၉၇၆ ခုနှစ်တွင် တရုတ်နိုင်ငံကို အောက်ဆုံးအထိ ရောက်သွားအောင် ဦးဆောင်မိခဲ့ကြောင်း မော်စီတုံး သတိပြုလိုက်မိသည့် အချိန်တွင် သူ့အနေဖြင့် ယိုယွင်းပျက်စီးနေသော တိုင်းပြည်၏ စီးပွားရေးကို ပြန်လည်စီမံခန့်ခွဲရန် နန်ချောင်တွင် နေအိမ်အကျယ်ချုပ် ကျခံနေရသော တိန့်ရှောင်ဖိန်ကို မခေါ်ချင်ဘဲ ပြန်လည်ခေါ်ယူရန်မှ လွဲ၍ ရွေးချယ်စရာ မရှိခဲ့ပါ။ နိုင်ငံရေးအရ ပြင်ဆင်တည့်မတ်မှုများ အကြီးအကျယ် လိုအပ်ခဲ့သည့် တရုတ်နိုင်ငံ၏ အမှောင်နေ့ရက်များမှ ပြန်လည်လွတ်မြောက်လာခြင်းတွင် တိန့်ရှောင်ဖိန်၏ အသိပညာနှင့် နိုင်ငံရေးကျွမ်းကျင်မှုကို အသိအမှတ်မပြုဘဲ ထား၍ မရနိုင်ပါ။ မြန်မာနိုင်ငံအတွက် တိန့်ရှောင်ဖိန်က ဘယ်မှာနည်း။ ဒေါ်အောင်ဆန်းစုကြည်က သြဇာအရှိန်အ၀ါ ကြီးမားသလို အများ၏ ချစ်ခင်လေးစားမှုကို ခံရသူဖြစ်သည်။ သို့သော်လည်း ၁၉၇၆ ခုနှစ်က တရုတ်နိုင်ငံ ဆိုးဆိုးဝါးဝါး ပျက်စီးယိုယွင်းခဲ့သလို ဖြစ်နေသည့် တိုင်းပြည်တခုကို ပြောင်းလဲနိုင်မည့် ကျွမ်းကျင်မှုက ဘယ်မှာရှိသနည်း။
ဖေဖော်ဝါရီလ ၁ ရက်နေ့မှ အစိုးရအဖွဲ့ စတင်တာဝန်ယူမည့် ဧပြီလ ၁ ရက်နေ့ကြား အပြောင်းအလဲကို ငြိမ်းချမ်းစွာ စီမံနိုင်ရေးက မြန်မာပြည်သူများ အတွက်သာမက မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်ရန် တာစူနေသည့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများ အတွက်လည်း အရေးကြီးလာသည်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာပြီးနောက် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံ မှုများ အလွန်တိုးတက်လာခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၂၀ ဘီလီယံ အထိခုန်တက်သွားခဲ့ပါသည်။ သို့သော်လည်း နောက်ပိုင်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ စိတ်ပါဝင်စားမှု ပြန်လည်လျော့ကျသွားခဲ့ပြီး ပြီးခဲ့သည့် ၄ နှစ်အတွင်းတွင် တနှစ်လျှင် ပျမ်းမျှ ဒေါ်လာ ၄ ဘီလီယံ ၀န်းကျင်သာ ရှိတော့သည်။ အကယ်၍ အရပ်သား အစိုးရသို့ အသွင်ကူးပြောင်းရေး ဧပြီလ ၁ ရက်နေ့တွင် ချောမွေ့စွာ ပေါ်ပေါက်ခဲ့ပါက ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်မြင့်တက်လာမည်ဟု မျှော်လင့်နိုင်ပါသည်။ အခြေခံအဆောက်အဦး လိုအပ်ချက်ကြီးမားစွာ ရှိနေသည့် အချိန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ အများအပြားနှင့် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းများကလည်း လှုပ်ရှားရန် အသင့်ဖြစ်နေကြသည်။
တရုတ်နိုင်ငံ၏ One Belt One Road မူဝါဒက မြန်မာနိုင်ငံနှင့် ပတ်သက်၍ ထူးထူးခြားခြား ငြိမ်သက်နေရသည့် အကြောင်းကို ရှင်းပြကောင်း ရှင်းပြနိုင်ပါလိမ့်မည်။ သို့သော်လည်း တရုတ်နိုင်ငံသည် ယခုအချိန်အထိ မြန်မာနိုင်ငံတွင် အကြီးဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး ကူမင်းမှ အိန္ဒိယသမုဒ္ဒရာအထိ လမ်းကြောင်းပေါ်တည်ရှိနေမှုက မြန်မာသည် ရှီကျင်ဖျင့်၏ ပိုးလမ်းမသစ် တစိတ်တပိုင်းဖြစ်ကြောင်း ထင်ထင်ရှားရှား ဖော်ပြနေပါသည်။ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အများစုက စစ်တပ်၏ သြဇာ အရှိန်အ၀ါနှင့် ဆက်စပ်နေခြင်းကြောင့် တိတ်ဆိတ် ငြိမ်သက်နေခြင်းက သံတမန်နည်းလမ်းတခုလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ တရုတ်အပါအဝင် နိုင်ငံတကာ၏ ၀င်ရောက် စွက်ဖက်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ စိုးရိမ်ပူပန်မှုများကို ရှောင်လွှဲလို၍လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။
မြန်မာနိုင်ငံ၏ အလားအလာနှင့် ပတ်သက်၍ Far Eastern Economic Review ၏ အမှားမျိုးကိုတော့ မည်သူမျှ ထပ်လုပ် ကြလိမ့်မည် မထင်ပါ။ ဧပြီလ ၁ ရက်နေ့ အသွင်ကူးပြောင်းမှုက ချောမွေ့စွာ ရှိခဲ့လျှင်ပင် တိုင်းပြည်အနေဖြင့် လုပ်ဆောင်ရန် များစွာရှိနေသေးသည်။ သို့သော်လည်း ကျနော်တို့ အနေဖြင့် မြန်မာပြည်သူများနှင့် ပတ်သက်၍ လွန်ခဲ့သော ဆယ်စုနှစ် ၅ ခုထက်စာလျှင် ပိုမို၍ အကောင်းမြင်နေနိုင်ကြပြီ ဖြစ်သည်။ မြန်မာနိုင်ငံအတွက် တိန့်ရှောင်ဖိန်ကို မြင်တွေ့နိုင်ပါစေဟုသာ ကျနော် ဆုတောင်းနေပါသည်။
(David Dodwell သည် Hong Kong-Apec Trading Policy Group ၏ အမှုဆောင် ဒါရိုက်တာဖြစ်ပါသည်။ South China Morning Post သတင်းစာပါ Myanmar needs a Deng Xiaoping ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

Saturday, July 23, 2016

Facebook ကိုလုံခြုံစိတ်ချစွာ အသုံးပြုနည်း စာအုပ် pdf

Facebook ကိုလုံခြုံစိတ်ချစွာ အသုံးပြုနည်း စာအုပ် pdf
ဒီနေရာမှာဒေါင်းပါ DOWNLOAD HERE
Moon Reader Apk DOWNLOAD HERE
FoxitReader EXE /DOWNLOAD HERE

မေ့ပျောက်နေတဲ့ စာပို့လုလင်


မေ့ပျောက်နေတဲ့ စာပို့လုလင်


စာပို့လုလင်
စာပို့လုလင် ဆိုတဲ့ အသုံးအနှုန်း လေးက ခေါ်လို့ လဲကောင်း၊ မြန်မာလဲမှုဆန်တယ်။ ဒီလိုပဲ ဆက်လက်ခေါ်
တွင်စေချင်တာ ကျနော့် ဆန္ဒပါပဲ။ စာပို့ လုပ်ငန်းဟာ online media ခေတ်မှာ မရှိတော့ဘူးလား။ စာပို့လုပ်ငန်း
ဟာ ရှိနေဦးမှာ ပဲဆိုတာ ကျနော် ယုံကြည်ပါသေးတယ်။ အဓိက အစိုးရနဲ့ လူထုဆက်သွယ်ရေးမှာ ရှင်သန်
နေဆဲပါ။ ဒါကို တွင်တွင်ကျယ်ကျယ် မလုပ်နိုင်တာက အစိုးရ ဖြစ်ခဲ့ပါတယ်။ ဒီနေ့ ထိ ကျနော်တို့ တစ်တွေ
သုံးစွဲ နေရဆဲပါပဲ။ အစိုးရဌာန ဆိုင်ရာကို စာပို့ခြင်းဟာ ယနေ့ ထိလုပ်နေရဆဲပါ။ Data အချက်အလက်
မှတ်တမ်းကို စာရွက်မှာ တင်နေရဆဲပါပဲ။ ကျနော်တို့ နိုင်ငံမှာ online media store ကို ကောင်းကောင်း မသုံး
နိုင်သေးပါဘူး။ ဒေတာ စတိုးတွေကို တာဝန်ယူမှု တာဝန်ခံမှု မရှိသလို free သုံးနိုင်မှုတွေဟာ အလွန်ကို
လိုအပ်ပါသေးတယ်။ online social media , mail တွေကနေ စာရွက်ပေါ် ထုတ်ယူမဲ့ Printer လိုDevices တွေကို
ရုံးတိုင်း မသုံး နိုင်သေးသလို လူတိုင်း မသုံးစွဲ နိုင်သေးလို့ပါပဲ။ ဒီနေ့ ဒီချိန်လောက်ဆို အစိုးရနဲ့ ပတ်သက်တဲ့
ရုံးတွေမှာ တွင်တွင်ကျယ်ကျယ် တတ်ကျွမ်း သုံးစွဲသင့်တဲ့ အချိန်ရောက်ရှိလို့လာပါပြီ။  online မှာ စာပေးစာယူ
စနစ်ကို လည်း ကျွမ်းကျင်စွာ သုံးစွဲ သင့်ပါပြီ။ ဒီလိုသုံးစွဲဖို့ လည်း အားပေးနေကြပါပြီ။ ရုံးတွင်း networkကို
လွယ်ကူတွင်ကျယ်ဖို့ ဆိုရင် မြန်မာဖောင့် official ဖောင့် ရွေးချယ်ဖို့ အချိန်ရယ် တန်ပါပြီ။
ဒါပေသည့်  စာအုပ်၊စာရွက်၊ စာတမ်း၊ မှတ်တမ်းတွေ ရှိနေဦးမည်။ ရှိလည်း ရှိသင့်သည် ဖြစ်သည်သော
ကြောင့် Postman  ဆိုသော စာပို့ လုလင်များ အား တစ်ခါတစ်ရံ " ကလင်ကလင် "ဆိုသော အသံ နဲ့အတူ ကြားမြင် တွေ့ ချင်မိပါသေးလေသတည်း။                                                   
                                                                                     (     ဆြာဘရိ   )

ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းစဉ် ဆက်လက်ရှင်သန်ရေး

 ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းစဉ် ဆက်လက်ရှင်သန်ရေး 


လုပ်ငန်းတစ်ခုကို တိုးတက်အောင်မြင်ရန် ဆိုသည်မှာလွယ်ကူသောအရာမဟုတ်ပါ။ မိမိတို့ထုတ်လုပ်ရောင်းချသော ကုန်ပစ္စည်း၊ ကား၊ အိမ်ယာစီမံကိန်းတို့ ရောင်းချနိုင်ရန် ဖောက်သည်ရှာရပါသည်။ ထို့နောက်မိမိ၏ဖောက်သည်ကို မိမိကုမ္ပဏီ၏ Regular customers ဖြစ်ရန်အမြဲလို ဆက်သွယ်ထားရမည်။

ဖောက်သည်နှင့်သဘောထားမကွဲလွဲရန် ကုမ္ပဏီ အတွက်လွန်စွာအရေးကြီးပါသည်။ ဖောက်သည်နှင့် သဘောထားကွဲလွဲပါက ကုမ္ပဏီ အတွက်ဆုံးရှုံးနစ်နာမှုများဖြစ်
ပေါ်စေမည်မှာ မလွဲမရှောင်သာပေ။ သည်အတွက် ကုမ္ပဏီ Management ပိုင်းဆိုင်ရာကမိမိ ကုမ္ပဏီ နာမည်ကောင်းရှိရန်၊ ထုတ်ကုန်များ Quality ကောင်းစေရန်၊ အလုပ်သမားများစာရိတ္တကောင်းမွန်စေရန်၊ ဖောက်သည် အပေါ်ဆက်ဆံရေးကောင်းမွန်စေရန် အားမာန်စိုက်ကြိုးစားကြရလေသည်။

ကုမ္ပဏီ ဖောက်သည်နှင့်တိုက်ရိုက်ဆက်ဆံရသော Sales and Marketing ဌာနမှဝန်ထမ်းများမှာ အခြား ဌာနများမှ ဝန်ထမ်းများထက် ပိုဂရုစိုက်ကြိုးစားရလေသည်။
ကုမ္ပဏီ Management မှချမှတ်ထားသော Sales target မှီရန် အရောင်းမကျရန်၊ Market ကိုအမြဲ update လုပ်နေရန်အတွက် Sales ဝန်ထမ်းများမှာ နားချိန်ပင်သိပ်မရှိကြချေ။

ဝန်ထမ်းတစ်ယောက်၏ မိမိ၏အလုပ်အောင်မြင်ရန်၊ စီးပွါးရေးရှင်မှ မိမိ၏ ကုမ္ပဏီစီးပွါးရေးအောင်မြင်ရန် ဤကဲ့သို့ တွန်းအားနှင့် အားသွန်ခွန်စိုက်ကြိုးစားနေရလျှင် နိုင်ငံတစ်နိုင်ငံမှာ ပြည်သူလူထုတစ်ရပ်လုံး လူ့အခွင့်အရေးရရန် လွတ်လပ်ရေးရရန်၊ တိုင်းပြည်တိုးတက်အောင်မြင်စေရန် ကြိုးစားရသော နိုင်ငံ့ခေါင်းဆောင်တစ်ယောက်မှာပို၍ပင်မလွယ်ကူလှပေ။

မြန်မာနိုင်ငံအတွက်အသက်ပေးခဲ့ရသော လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ မြန်မာပြည်သူတစ်ရပ်လုံးစည်းလုံးညီညွတ်ရေးကိုပြန်လည်သတိရမိလျှင် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံသို့ကျူးကျော်ဝင်ရောက်သိမ်းပိုက်သော နယ်ချဲ့တို့အားပြန်လည်တိုက်ထုတ်နိုင်ရန် မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသားများနှင့် ဘာသာခြားများကို စည်းလုံးနိုင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ လူထုစည်းလုံးမှုဖြင့် မြန်မာပြည်သူတစ်ရပ်လုံးအား ကျွန်ဘဝမှကယ်တင်နိုင်ခဲ့လေသည်။
မိမိကိုယ်ကျိုးကိုစွန့်ပြီး မြန်မာပြည်သူတစ်ရပ်လုံးအတွက် အားသွန်ခွန်စိုက်ကြိုးပမ်းခဲ့ရ
သော ဗိုလ်ချုပ်အောင်ဆန်း၏ ကျေးဇူးကိုမျှမထောက် ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခြင်းခံခဲ့ရသည်မှာ မြန်မာပြည်သူတစ်ရပ်လုံးအတွက် ယနေ့ထက်ထိတိုင် လွန်စွာ ရင်နာစရာဖြစ်ခဲ့ရ၏။ ဗိုလ်ချုပ်အောင်ဆန်းကျဆုံးပြီးနောက်တက်လာကြသော စစ်ခေါင်းဆောင်များမှာ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့အရည်အချင်း၊ စိတ်ဓါတ်ပြည့်ဝမှု မရှိကြသေးပေ။
ဗိုလ်ချုပ်အောင်ဆန်း


ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၅ ခုနှစ် ဩဂုတ်လ စတုတ္ထအကြိမ်မြောက် နိုင်ငံ့ခေါင်းဆောင်များအစည်းအဝေးမှ မိန့်ခွန်းတစ်ရပ်မှာ

လူမျိုးရေးတရားဟာလည်း ငါ့လူမျိုးမှ ငါ့လူမျိုး (ကုလားဟူ၍၊ တရုတ်ဟူ၍၊ တိုင်းရင်းသားဟူ၍မနှိမ်နေဘဲ) တခြားလူမျိုးတွေဟာ ငါ့လောက်မမြတ် ငါ့လူမျိုးသာ ကမ္ဘာကိုကြီးစိုးတဲ့ကျဉ်းမြောင်းသေးသိမ်တဲ့ လူမျိုးရေးတရားမဟုတ်ဘဲ၊ ကိုယ့်လူမျိုး ကိုယ်ချစ်ခင်သော်လည်း တခြားလူမျိုးများကို မုန်းတီးခြင်း၊ အထင်သေးခြင်း မဖြစ်ဘဲ ကမ္ဘာမှာ တိုင်းပြည်အချင်းချင်း သင့်မြတ်စွာ တစ်ဦးအကျိုး တစ်ဦးဖြစ်ပွါးအောင်ဆောင်ရွက်တဲ့လူမျိုးရေး တရားမျိုးသာဖြစ်ရမယ်။

ဗိုလ်ချုပ်အောင်ဆန်းသည် ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်ဖြစ်၏။ ဗုဒ္ဓဘုရားရှင်သည် လူသတ္တဝါအပေါင်းတို့ကိုမေတ္တာတရားထားရှိရန် ဟောကြားတော်မှုခဲ့လေသည်။

အကြင်သူသည် သတ္တဝါအားလုံးတို့အပေါ်၌
မေတ္တာစိတ် အဖို့အစုရှိသည်ဖြစ်၍
တစ်စုံတစ်ယောက်ကိုမျှ
မိမိကိုယ်တိုင်လည်း မညှဉ်းဆဲ၊
သူတစ်ပါးကိုလည်း မသတ်ဖြတ်စေ။
မိမိကိုယ်တိုင်လည်း အနိုင်မယူ၊
သူတစ်ပါးတို့ကိုလည်း အနိုင်မကျင့်စေ။
ထိုမေတ္တာပွားသူအား တစ်စုံတစ်ခုသော
အတွင်းရန် အပြင်ရန်ဟူ၍ မရှိနိုင်။
(အင်္ဂုတ္တိုရ်ပါဋ္ဌိတော် ။ ပထမတွဲ မေတ္တာသုတ် .. ၄၄၃။)

ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းသည်တစ်နိုင်ငံလုံးရှိ တိုင်းရင်းသားများနှင့် ဘာသာခြားများကို စည်းလုံးနိုင်ခဲ့သည်။ ဤသည်မြန်မာလူမျိုးတိုင်း ဘာသာတိုင်းအတွက် ကောင်းသောစံနမူနာပင်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့နှလုံးရည်လှသော သူဖြစ်ရန် မြန်မာပြည်ဖွားတိုင်းကျင့်သုံးကြရန်လိုအပ်ပါသည်။

ယခုအခါဝယ် မြန်မာလူမျိုးများမှာ အစိတ်စိတ်အမွှာမွှာသွေးကွဲ၍နေကြလေသည်။ သဘောမတူသော လူနှင့်ကျောခိုင်း၍နေ၍ မိမိအသိုက်နှင့် ကိုယ်စီနေလျှက်ရှိကြသည်။ ဤသည်အဖွဲ့အစည်းများ၊ ဘာသာရေးများ၊ နိုင်ငံရေးများတွင်ထင်ရှားစွာဖြစ်ပေါ်နေသော ဖြစ်ရပ်ဖြစ်ပေသည်။ မြန်မာပြည်သူတစ်ရပ်လုံးအတွက် စည်းလုံးညီညွတ်မှုကို စံနမူနာ လုပ်ပြသွားသော ဗိုလ်ချုပ်အောင်ဆန်း၏ စတေးခံခဲ့ရသောအသက်ပင် လွန်စွာနှမြောစရာကောင်းလှသည်။

မြန်မာလူမျိုးတို့၏ မူရင်းစိတ်ရင်းမှာ လွန်စွာမွန်မြတ်၏။ ရတနာသုံးပါးကိုဦးထိပ်ထားကိုး
ကွယ်ကြသည်။ မွန်မြတ်သောသူများမှာ အတုအယောင် အာဏာနှင့် လူသတ်လက်နက်ကိုကြောက်နေရ၍ မည်သို့မှမလှုပ်ရဲကြပေ။ မျိုးဆက်သစ်များမှာလည်း မျက်စိပိတ်၊ ပါးစပ်ပိတ်၊ နားပိတ်ခံနေရ၍ လူ့တန်ဖိုးကျဆင်းခဲ့ရသည်။ သို့သော်မည်သူမဆို ဗိုလ်ချုပ်အောင်ဆန်း၏ စည်းလုံးညီညွတ်မှု လမ်းစဉ်ကိုလိုက်နာရန် မခဲယဉ်းပေ။

ထို့ကြောင့်မြန်မာအချင်းချင်းကျောခိုင်းမနေဘဲ တိုင်းရင်းသားမတူသော်လည်း၊ ဘာသာမတူသော်လည်း မျက်နှာချင်းဆုံပြီးပြောဆိုယိုင်းပင်းကူညီရမည်။ သို့မှသာလျှင် မြန်မာပြည်သားအချင်းချင်း ဗိုလ်ချုပ်အောင်ဆန်း၏ ခေတ်ကာလကကဲ့သို့ ချစ်ခင်လေးစားလာကြမည်။

မြန်မာနိုင်ငံတွင် ဘာသာပေါင်းစုံနေထိုင်ကြပါသည်။ ဘာသာတိုင်းတွင်ကျရောက်သော ပွဲသဘင်များတွင် မြန်မာပြည်သူများ တစ်ဦးအကျိုးတစ်ဦးရှိကြပေသည်။

ဥပမာ ဗုဒ္ဓဘာသာဝင်များ၏ မင်္ဂလာအတာသင်္ကြန်ပွဲမှာ ဘာသာခြားများဝင်ရောက်ရေကစား ကြသလို ခရစ်မတ် နှင့် ဗာလင်တိုင် ပွဲတော်မှာလည်းမြန်မာလူငယ်တို့ ပျော်ရွှင်ကြရပါသည်။ မူစလင် အီးဒ်ပွဲတော်များတွင် မုန့်ပဲသရေစာများ မြန်မာတို့လက်ဆောင်ရရှိကြသည်။ ထို့အတူ ဟင်ဒူ ဒေဝါလီ ပွဲ နှင့်တရုတ် နှစ်သစ်ကူးများတွင်လည်း မုန့်နှင့် အန်ပေါင်များကို ဘာသာမတူပေမဲ့လည်း လက်ဆောင်ပေးကြလေသည်။ ဤသည်တစ်ဦးအပေါ်တစ်ဦး၏ မေတ္တာထားခြင်းပင်ဖြစ်သည်။ မိမိ၏အပြုံးတစ်ပွင့် စကားတစ်ခွန်းသည် စည်းလုံးညီညွတ်မှုကို ဆောင်ယူနိုင်၏။

ထို့ကြောင့် မြန်မာအချင်းချင်း စည်းလုံးညီညွတ်မှုရှိစေရန် မြန်မာတစ်မျိုးသားလုံးတိုးတက်စေဘို့ စည်းလုံးညီညွတ်ရန်ဟူသော စီမံကိန်းတစ်ခုတည်ဆောက်ရပေမည်။ ဘာသာတိုင်းတွင် ကျရောက်လာမည့် နေ့ကြီးရက်ကြီးများတွင် နှုတ်ခွန်းဆက်သခြင်း၊ ပို့စကတ်ပို့ပေးခြင်း၊ ၎င်းတို့ဘလော့ဂ်၌မိတ်ဖွဲ့ နှုတ်ဆက်ခြင်း၊ မိမိ၏ ဘလော့ဂ်များ၊ ဝဘ်ဆိုက်များတွင် ပို့စကတ်တင်ပေးခြင်း၊ အီမေးလ်များနှင့် နှုတ်ခွန်းဆက်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး စိမ်းကားနေရာမှ၊ ရင်းနှီးမှုဘက်သို့ ပြောင်းလာပေမည်။
ဤသို့ပြုလုပ်ခြင်းဖြင့် ဘာသာခြား နှင့် တိုင်းရင်းသားများကို တစ်နည်း စည်းလုံးညီညွတ်မှု စီမံကိန်းသို့ဖိတ်ခေါ်နိုင်မည်ဖြစ်သည်။
 တိုင်းရင်းသားများနှင့် ဘာသာတိုင်းမှ သူငယ်ချင်းများလည်း သံသယကင်းစွာနှင့် မြန်မာတို့နှင့် စည်းလုံးညီညွတ်ကြရန် တိုက်တွန်းအပ်ပါသည်။ ယခင်ဖြစ်ပွါးခဲ့သောပဋိပက္ခများကိုမေ့ပြစ်လိုက်ပြီး အသစ်ကပြန်စကြပါစို့လို့အကြံပြု ၍ကောင်းသောဖက်သို့ဖိတ်ခေါ်လိုက်ပါသည်။ -
သင်ဟာ ဗုဒ္ဓဘာသာဘဲဖြစ်ဖြစ်၊ ခရစ်ယာန်ဘဲဖြစ်ဖြစ်၊ တရုတ်ဘဲဖြစ်ဖြစ်၊ မူဆလင် - ဟင်ဒူ - ပန်ချာပီ ဘဲဖြစ်ဖြစ်၊ ဘယ်တိုင်းရင်းသားဘဲဖြစ်ဖြစ်၊ အသားအရေဘယ်လောက်ဘဲ ဖြူနေပါစေ၊ ဘယ်လောက်ဘဲ မည်းနေပါစေ သင်ဟာကျွန်ုပ်နှင့် တစ်မြေတည်းမွေး ညီနောင် မောင်နှမတွေဘဲဖြစ်တယ်။

(ရောင်ခြည်ဦး)
လုပ်ငန်းတစ်ခုကို တိုးတက်အောင်မြင်ရန် ဆိုသည်မှာလွယ်ကူသောအရာမဟုတ်ပါ။ မိမိတို့ထုတ်လုပ်ရောင်းချသော ကုန်ပစ္စည်း၊ ကား၊ အိမ်ယာစီမံကိန်းတို့ ရောင်းချနိုင်ရန် ဖောက်သည်ရှာရပါသည်။ ထို့နောက်မိမိ၏ဖောက်သည်ကို မိမိကုမ္ပဏီ၏ Regular customers ဖြစ်ရန်အမြဲလို ဆက်သွယ်ထားရမည်။

ဖောက်သည်နှင့်သဘောထားမကွဲလွဲရန် ကုမ္ပဏီ အတွက်လွန်စွာအရေးကြီးပါသည်။ ဖောက်သည်နှင့် သဘောထားကွဲလွဲပါက ကုမ္ပဏီ အတွက်ဆုံးရှုံးနစ်နာမှုများဖြစ်
ပေါ်စေမည်မှာ မလွဲမရှောင်သာပေ။ သည်အတွက် ကုမ္ပဏီ Management ပိုင်းဆိုင်ရာကမိမိ ကုမ္ပဏီ နာမည်ကောင်းရှိရန်၊ ထုတ်ကုန်များ Quality ကောင်းစေရန်၊ အလုပ်သမားများစာရိတ္တကောင်းမွန်စေရန်၊ ဖောက်သည် အပေါ်ဆက်ဆံရေးကောင်းမွန်စေရန် အားမာန်စိုက်ကြိုးစားကြရလေသည်။

ကုမ္ပဏီ ဖောက်သည်နှင့်တိုက်ရိုက်ဆက်ဆံရသော Sales and Marketing ဌာနမှဝန်ထမ်းများမှာ အခြား ဌာနများမှ ဝန်ထမ်းများထက် ပိုဂရုစိုက်ကြိုးစားရလေသည်။
ကုမ္ပဏီ Management မှချမှတ်ထားသော Sales target မှီရန် အရောင်းမကျရန်၊ Market ကိုအမြဲ update လုပ်နေရန်အတွက် Sales ဝန်ထမ်းများမှာ နားချိန်ပင်သိပ်မရှိကြချေ။

ဝန်ထမ်းတစ်ယောက်၏ မိမိ၏အလုပ်အောင်မြင်ရန်၊ စီးပွါးရေးရှင်မှ မိမိ၏ ကုမ္ပဏီစီးပွါးရေးအောင်မြင်ရန် ဤကဲ့သို့ တွန်းအားနှင့် အားသွန်ခွန်စိုက်ကြိုးစားနေရလျှင် နိုင်ငံတစ်နိုင်ငံမှာ ပြည်သူလူထုတစ်ရပ်လုံး လူ့အခွင့်အရေးရရန် လွတ်လပ်ရေးရရန်၊ တိုင်းပြည်တိုးတက်အောင်မြင်စေရန် ကြိုးစားရသော နိုင်ငံ့ခေါင်းဆောင်တစ်ယောက်မှာပို၍ပင်မလွယ်ကူလှပေ။

မြန်မာနိုင်ငံအတွက်အသက်ပေးခဲ့ရသော လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ မြန်မာပြည်သူတစ်ရပ်လုံးစည်းလုံးညီညွတ်ရေးကိုပြန်လည်သတိရမိလျှင် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံသို့ကျူးကျော်ဝင်ရောက်သိမ်းပိုက်သော နယ်ချဲ့တို့အားပြန်လည်တိုက်ထုတ်နိုင်ရန် မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသားများနှင့် ဘာသာခြားများကို စည်းလုံးနိုင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ လူထုစည်းလုံးမှုဖြင့် မြန်မာပြည်သူတစ်ရပ်လုံးအား ကျွန်ဘဝမှကယ်တင်နိုင်ခဲ့လေသည်။

ဆေးလိပ်နဲ့ ကျနော်

ဆေးလိပ်နဲ့ ကျနော်

ဆေးလိပ်အ န္တရာယ်
ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေး လွန်စွာထိခိုက်နိုင်တယ်ဆိုတာ အားလုံးလိုလို သိပြီးသားပါ။
ဘာလို့ ဆေးလိပ်သောက်နေပါလည်း မေးရင် ပျင်းလိုပါ။ စတိုင်ပါ။ စမ်းကြည့်တာ။ အကျင့်ပါလို့ပါ။
မိတ်ဖြစ် ဆွေဖြစ် သောက်တာပါ။ ခံတွင်းချဉ်လို့ပါ။ ဘာညာ သာရကာ ထားလိုက်ပါတော့ဗျာ။
သောက်ပါများလာရင်တော့  ညအိပ်တဲ့အခါ ရင်တွေကြပ် ချွှဲတွေကြပ် သလိပ်ကပ် ဝေဒနာကို ကျနော်
မကြာခဏလိုလို ခံစားဘူးပါတယ်ဗျာ။   ဆေးလိပ်ကိုဖျက်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ဘူးပါတယ်။
အထိုက်အလျှောက်လည်း အောင်မြင်ခဲ့ဘူးပါတယ်။ ပထမတစ်ခေါက် ဆေးလိပ်ဖြတ်တော့ တစ်နှစ်ကြာပြတ်သွား ပါတယ်။ ဒုတိယ အကြိမ် ၆လ ကြာပြတ် ပါတယ်။ တတိယအကြိမ် တစ်ပါတ်မျှသာဖြတ် နိုင်ခဲ့ပါတယ်။ ပြန်သောက်မိ ခဲ့ပါတယ်။ လေစစ်( air cleander) သန့်ရှင်းရေးလုပ်သလိုပဲ။
ဆေးလိပ်ဖြတ်စဉ် ကာလမှာ မိမိဘေးမှ ဆေးလိပ် လာသောက်ရင်  second smoker အဖြစ်ခံစား ရတာကို
မလိုလားပါဘူး။ ကိုယ်တိုင်သောက်ရတဲ့ အရသာနဲ့ ဆန့်ကျင်ဖက်ပါပဲ။ အဲဒီ ခံစားလိုက်ရတဲ့ အချိန် မှသာ
ပတ်ဝန်းကျင်ကို သတိထား မိပါတော့တယ်။  ဆေးလိပ်သောက်နေသူရဲ့ အနံ့ အသက်ဆိုးရွား မှု ကို သိသိ
သာသာကြီးသတိထား မိလာပါတယ်။  ဆေးလိပ်ကင်းစင်ဇုံတွေ ထားသင့်တာကို ကျနော်လုံးဝ လက်ခံလာ
ပါတယ်။  second smoker ဘ၀မျိုး ခံစားရတာ ကို ကိုယ်လည်းမခံစားနိုင်သလို သူတစ်ပါကိုလည်း မခံစားစေ
လိုပါဘူး။  ကျနော် ဆေးလိပ်ပြန်မသောက်မိအောင် ၀ိပသနာလေးမှတ်လို့ ဖြတ်နေဆဲ ကာလပါပဲ။
ဆေးလိပ်ဖြတ်ကာလမှာ ညတိုင်းမကြာခဏ လန့်နိုးတာမျိုး၊ တစ်ခုခုလိုနေသလိုမျိုး၊  အစာကိုမကြာခဏ
စားချင်တာမျိုး၊ ဖြစ်တတ်ပါတယ်။ ဒါတွေကတော့ ကျနော့် အတွက်မဆန်းတော့ပါဘူး။   ဆေးလိပ်ဖြတ်ခြင်း
အတွေ့ အကြုံ ရင့်ကျက်နေလို့ပါပဲ။  ကျနော့် တွက် ဂိမ်းစစ်ပွဲ ဆင်နွဲ နေသလို အပျင်းပြေ လေး  စိတ်ကို
ပညာပေး လိုပဲ သဘောထားပါတယ်။ ဆေးလိပ်သောက်ခြင်းမှ ကင်းဝေးပါစေ။ ကျနော် ဆြာဘရိပါ။

Android ဖုန်းများ မြန်မာစာ zawgyi ဖေါင့်အဆင်ပြေသော browser apk

4 Myanmar Browser

Myanmar zawgyi font

4 Myanmar Browser
   ဒေါင်းလုပ်ရယူရန် HERE Download